သို့သော် ကိုယ်တော်က ‘ငါသည် သင့်ကိုအမှန်ပင်ကောင်းစားစေ၍ သင်၏သားစဉ်မြေးဆက်တို့ကို မရေတွက်နိုင်အောင် များပြားသောပင်လယ်သဲပွင့်ကဲ့သို့ဖြစ်စေမည်’ဟူ၍ မိန့်တော်မူခဲ့ပါပြီ”ဟု လျှောက်လေ၏။
၁ ရာချုပ် 17:23 - မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ ယခုမှာ ကိုယ်တော့်အစေအပါးအတွက်၊ ကိုယ်တော့်အစေအပါး၏အမျိုးအနွယ်အတွက် ကိုယ်တော်ထားတော်မူသောကတိတော်ကို အစဉ်တည်စေတော်မူပါ။ ကတိတော်အတိုင်းလည်း ပြုပေးတော်မူပါ။ Common Language Bible ``သို့ဖြစ်၍ထာဝရဘုရား၊ ကျွန်တော်မျိုး နှင့်သားမြေးတို့အတွက်ကိုယ်တော်ရှင်ပြု တော်မူသောကတိတော်ကို ယခုပင်အကောင် အထည်ပေါ်စေတော်မူပါ။ ကိုယ်တော်ရှင်ပြု တော်မူမည်ဟုအမိန့်တော်ရှိသည်အတိုင်း အစဉ်ပင်ပြုတော်မူပါ။- Garrad Bible ကျွန် တော် မျိုး နှင့် အိမ် ထောင် ပါ ရည်၍ မိန့် တော် မူ ချက် ကို ယ ခု တည် မြဲ စေ လျက် အ မိန့် တော် အ တိုင်း ပြု တော် မူ ပါ အို ထာ ဝ ရ ဘု ရား။ Judson Bible ယခုမှာ အိုထာဝရဘုရား၊ ကိုယ်တော်ကျွန်၌လည်းကောင်း၊ ကိုယ်တော်ကျွန်၏ အမျိုးအနွယ်၌လည်းကောင်း၊ မိန့်တော်မူသော စကားတော် အစဉ်အမြဲတည်ပါစေသော။ မိန့်တော်မူသည်အတိုင်း ပြုတော်မူပါ။ |
သို့သော် ကိုယ်တော်က ‘ငါသည် သင့်ကိုအမှန်ပင်ကောင်းစားစေ၍ သင်၏သားစဉ်မြေးဆက်တို့ကို မရေတွက်နိုင်အောင် များပြားသောပင်လယ်သဲပွင့်ကဲ့သို့ဖြစ်စေမည်’ဟူ၍ မိန့်တော်မူခဲ့ပါပြီ”ဟု လျှောက်လေ၏။
အို အစ္စရေးလူမျိုး၏ဘုရားသခင်၊ ကိုယ်တော်၏အစေအပါး အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား မိန့်ဆိုခဲ့သည့်ကတိတော်ကို ယခု အမှန်ဖြစ်လာစေတော်မူပါ။
ကိုယ်တော်၏လူမျိုးတော်အစ္စရေးကို ကိုယ်တော့်အဖို့ ထာဝရပိုင်ဆိုင်ရာလူမျိုးတော်အဖြစ် တည်စေတော်မူပါပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်သည် သူတို့၏ဘုရားသခင် ဖြစ်တော်မူပါပြီ။
သို့ဖြစ်လျှင် ကိုယ်တော်၏နာမတော်သည် အစဉ်တည်မြဲပြီး ကြီးမြတ်တော်မူပါလိမ့်မည်။ ‘အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့၏ ဘုရားသခင် ဖြစ်တော်မူပါ၏’ဟု ဆိုကြပါလိမ့်မည်။ ကိုယ်တော်၏အစေအပါး ဒါဝိဒ်၏မင်းမျိုးမင်းနွယ်သည်လည်း ရှေ့တော်၌ တည်မြဲပါလိမ့်မည်။
အစ္စရေးလူမျိုးတို့ကိုအစဉ်အမြဲအုပ်ချုပ်ရန်အတွက် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် ငါ့ဖခင်၏မိသားစုဝင်တစ်စုလုံးတွင် ငါ့ကို ရွေးချယ်တော်မူ၏။ ယုဒအမျိုးကို ခေါင်းဆောင်အဖြစ် ရွေးချယ်တော်မူ၏။ ယုဒအမျိုးအနွယ်ထဲမှ ငါ့ဖခင်၏မိသားစုကို ရွေးချယ်တော်မူ၏။ ငါ့ဖခင်၏သားများထဲမှ ငါ့ကို ရွေးချယ်တော်မူ၍ အစ္စရေးလူမျိုးတစ်မျိုးလုံးကို အုပ်ချုပ်သောဘုရင် ဖြစ်စေတော်မူ၏။
ယခုမှာ အို ဘုရားသခင်ထာဝရဘုရား၊ မြေမှုန့်ကဲ့သို့ များပြားလှသောလူတို့ကို အကျွန်ုပ်အား အုပ်စိုးစေတော်မူပြီဖြစ်၍ အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား ပေးထားသောကတိစကားတော်သည် တည်ပါစေသော။
ကိုယ်တော်၏အစေအပါးအား မိန့်တော်မူသောနှုတ်ကပတ်တော်ကို အောက်မေ့တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်ကို ထိုနှုတ်ကပတ်တော်၌ မျှော်လင့်ကိုးစားစေပါ၏။
ဤသို့ဖြင့် သင်တို့၏ဘိုးဘေးတို့အား နို့နှင့်ပျားရည်စီးသောပြည်ကိုပေးမည်ဟု ငါကျိန်ဆိုခဲ့သောကတိကိုတည်စေနိုင်ခဲ့ပြီး ယနေ့ ထိုကဲ့သို့ဖြစ်လေပြီ”ဟု မိန့်တော်မူ၏။ ထိုအခါ ငါက “အို ထာဝရဘုရား၊ အာမင်”ဟု လျှောက်လေ၏။
ထိုအခါ မာရိက “ကျွန်မသည် ထာဝရဘုရား၏အစေအပါးဖြစ်ပါ၏။ အရှင်၏စကားအတိုင်း ကျွန်မ၌ဖြစ်ပါစေ”ဟု ဝန်ခံ၏။ ထို့နောက် ကောင်းကင်တမန်သည် မာရိထံမှ ထွက်ခွာသွားလေ၏။