၁ ရာချုပ် 17:23 - Common Language Bible23 ``သို့ဖြစ်၍ထာဝရဘုရား၊ ကျွန်တော်မျိုး နှင့်သားမြေးတို့အတွက်ကိုယ်တော်ရှင်ပြု တော်မူသောကတိတော်ကို ယခုပင်အကောင် အထည်ပေါ်စေတော်မူပါ။ ကိုယ်တော်ရှင်ပြု တော်မူမည်ဟုအမိန့်တော်ရှိသည်အတိုင်း အစဉ်ပင်ပြုတော်မူပါ။- အခန်းကိုကြည့်ပါ။Garrad Bible23 ကျွန် တော် မျိုး နှင့် အိမ် ထောင် ပါ ရည်၍ မိန့် တော် မူ ချက် ကို ယ ခု တည် မြဲ စေ လျက် အ မိန့် တော် အ တိုင်း ပြု တော် မူ ပါ အို ထာ ဝ ရ ဘု ရား။ အခန်းကိုကြည့်ပါ။Judson Bible23 ယခုမှာ အိုထာဝရဘုရား၊ ကိုယ်တော်ကျွန်၌လည်းကောင်း၊ ကိုယ်တော်ကျွန်၏ အမျိုးအနွယ်၌လည်းကောင်း၊ မိန့်တော်မူသော စကားတော် အစဉ်အမြဲတည်ပါစေသော။ မိန့်တော်မူသည်အတိုင်း ပြုတော်မူပါ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း23 အို ထာဝရဘုရား၊ ယခုမှာ ကိုယ်တော့်အစေအပါးအတွက်၊ ကိုယ်တော့်အစေအပါး၏အမျိုးအနွယ်အတွက် ကိုယ်တော်ထားတော်မူသောကတိတော်ကို အစဉ်တည်စေတော်မူပါ။ ကတိတော်အတိုင်းလည်း ပြုပေးတော်မူပါ။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်ရှင်၏သတင်းတော်သည်ထင်ပေါ် ကျော်ကြားပါလိမ့်မည်။ လူတို့ကလည်း`အနန္တ တန်ခိုးရှင်ထာဝရဘုရားသည် ဣသရေလ အမျိုးသားအပေါင်းတို့၏ဘုရားဖြစ်တော် မူ၏' ဟုအစဉ်အမြဲမြွက်ဆိုကြပါလိမ့် မည်။ ကျွန်တော်မျိုး၏ရာဇပလ္လင်ကိုလည်း ထာဝစဉ်တည်စေတော်မူပါလိမ့်မည်။-
ထာဝရဘုရားတည်းဟူသောဣသရေလ အမျိုးသားတို့၏ဘုရားသခင်သည် ငါနှင့် ငါ၏သားမြေးတို့အားဣသရေလနိုင်ငံ တော်ကိုထာဝစဉ်အုပ်စိုးရန်ရွေးချယ်တော် မူ၏။ ကိုယ်တော်သည်ခေါင်းဆောင်မှုပေးရန် အတွက်ယုဒအနွယ်ကိုရွေးချယ်တော် မူ၏။ ယုဒပြည်မှငါ့အဖ၏အိမ်ထောင်စု ကိုရွေးချယ်တော်မူပေသည်။ ထိုအိမ်ထောင်စု မှငါ့အားထုတ်ယူ၍ဣသရေလနိုင်ငံ တစ်နိုင်ငံလုံးကိုအုပ်စိုးခွင့်ပေးတော်မူ၏။-