နာသန်ကလည်း ရှင်ဘုရင်အား “ထာဝရဘုရားသည် အရှင်နှင့်အတူ ရှိနေတော်မူသည်ဖြစ်၍ အရှင့်စိတ်အလိုရှိသည်အတိုင်း သွား၍ပြုပါ”ဟု ပြန်လျှောက်၏။
၁ ရာချုပ် 17:2 - မြန်မာ့စံမီသမ္မာကျမ်း နာသန်ကလည်း ဒါဝိဒ်မင်းကြီးအား “ဘုရားသခင်သည် အရှင်နှင့်အတူ ရှိနေတော်မူသည်ဖြစ်၍ အရှင့်စိတ်အလိုရှိသည့်အတိုင်းပြုပါ”ဟု ပြန်လျှောက်၏။ Common Language Bible နာသန်က``အကြံအစည်တော်ရှိသည့်အတိုင်း ပြုတော်မူပါ။ ဘုရားသခင်သည်အရှင်မင်း ကြီးနှင့်အတူရှိတော်မူပါ၏'' ဟုလျှောက်၏။ Garrad Bible သ ဘော တော် ရှိ ရာ ပြု တော် မူ ပါ။ ဘု ရား သ ခင် သည် ဘု ရင် မင်း နှင့် အ တူ ရှိ တော် မူ သည် ဟု နာ သန် ပြန် ပြော လေ ၏။ Judson Bible နာသန်က အကြံတော်ရှိသမျှအတိုင်း ပြုတော်မူပါ။ ဘုရားသခင်သည် ကိုယ်တော်နှင့်အတူ ရှိတော်မူသည်ဟု ပြန်လျှောက်၏။ |
နာသန်ကလည်း ရှင်ဘုရင်အား “ထာဝရဘုရားသည် အရှင်နှင့်အတူ ရှိနေတော်မူသည်ဖြစ်၍ အရှင့်စိတ်အလိုရှိသည်အတိုင်း သွား၍ပြုပါ”ဟု ပြန်လျှောက်၏။
အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏နာမတော်အဖို့ အိမ်တော်ကိုတည်ဆောက်ရန် ငါ့ခမည်းတော်ဒါဝိဒ်မင်းကြီး စိတ်ဆန္ဒရှိခဲ့၏။
ဒါဝိဒ်မင်းကြီးသည် မိမိနန်းတော်၌ စံမြန်းနေစဉ် ပရောဖက်နာသန်အား “ကြည့်ပါ။ ငါသည် သစ်ကတိုးသားဖြင့်ဆောက်လုပ်ထားသောနန်းတော်တွင် နေရ၏။ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်မူကား ရွက်ထည်တဲဖြင့်သာ စံနေရပါသည်တကား”ဟု မိန့်ဆိုလျှင်
ဒါဝိဒ်မင်းကြီးက သားတော်ရှောလမုန်အား “ငါ့သား၊ ငါ၏ဘုရားသခင်ထာဝရဘုရား၏နာမတော်တည်ရာ အိမ်တော်ကိုတည်ဆောက်ဖို့ ငါစိတ်ဆန္ဒပြင်းပြလှ၏။
ထို့နောက် ဒါဝိဒ်မင်းကြီးသည် ရပ်လျက် “ငါ့ညီအစ်ကိုတို့၊ ငါ့လူမျိုးတို့၊ နားထောင်ကြလော့။ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်တည်ရာနေရာ၊ ငါတို့ဘုရားသခင်၏ခြေတော်တင်ရာနေရာကို ဆောက်လုပ်ရန် ငါဆန္ဒရှိခဲ့၏။ ထိုသို့တည်ဆောက်ရန်လည်း ငါပြင်ဆင်ခဲ့ပြီ။
ကိုယ်တော်သည် သင်၏စိတ်အလိုဆန္ဒကို ဖြည့်ဆည်းပေး၍ သင်၏အကြံဉာဏ်ရှိသမျှတို့ကို ပြည့်စုံစေတော်မူပါစေသော။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ထိုကာလ၌ ဘာသာစကားအမျိုးမျိုးပြောဆိုသောလူမျိုးခြားဆယ်ဦးသည် ဂျူးလူမျိုးတစ်ဦး၏အဝတ်စွန်းကိုဖမ်းဆွဲလျက် ‘သင်တို့နှင့်အတူ ဘုရားသခင်ရှိသည်ဟု ကြားသိရသောကြောင့် ငါတို့လည်း သင်တို့နှင့်အတူလိုက်မည်’ဟူ၍ ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ကောင်းကင်တမန်သည် မာရိထံသို့ဝင်လာ၍ “ကျေးဇူးတော်ခံစားရသောအမျိုးသမီး၊ သင်သည်မင်္ဂလာရှိပါစေသော။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူ၏”ဟု မြွက်ဆိုလေ၏။
အကြောင်းမူကား ငါတို့သည် တစ်စိတ်တစ်ဒေသမျှသာသိကြပြီး တစ်စိတ်တစ်ဒေသမျှသာ ပရောဖက်ပြုဟောပြောကြ၏။
အစ္စရေးအမျိုးသားတို့ကလည်း ထာဝရဘုရားထံ ခွင့်မပန်ဘဲ သူတို့၏အစားအစာကို ယူကြ၏။
ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူသည်ဖြစ်၍ သင်၌ ဤနိမိတ်လက္ခဏာများဖြစ်လာသောအခါ သင်ပြုသင့်သည့်အရာများကို ပြုလော့။
ထိုအခါ ထာဝရဘုရားက ရှမွေလအား “သူ၏ရုပ်ရည်အဆင်းနှင့် အရပ်အမောင်းကို မကြည့်နှင့်။ သူ့ကို ငါပယ်ပြီ။ ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်။ လူသည် အပြင်ပန်းသဏ္ဌာန်ကိုသာ ကြည့်တတ်၏။ ထာဝရဘုရားမူကား စိတ်နှလုံးကို ကြည့်တော်မူ၏”ဟု မိန့်တော်မူ၏။