သင်မူကား သင်၏ဘိုးဘေးတို့ထံသို့ ငြိမ်ဝပ်စွာသွားရမည်။ အိုမင်းရင့်ရော်ပြီးမှ သေဆုံး၍သင်္ဂြိုဟ်ခြင်းကိုခံရလိမ့်မည်။
၁ ရာချုပ် 17:11 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် သက်တမ်းစေ့နေပြီးမှ ဘိုးဘေးတို့ရှိရာသို့ရောက်သွားလျှင် သင့်ရင်သွေးဖြစ်သော သင့်သားတစ်ဦးကို ငါချီးမြှောက်မည်။ သူ့နိုင်ငံကိုလည်း ငါတည်မြဲစေမည်။ Common Language Bible သင်သည်ကွယ်လွန်၍ဘိုးဘေးတို့၏သင်္ချိုင်း များအနီးတွင်သင်္ဂြိုဟ်ခြင်းကိုခံရသော အခါ ငါသည်သင့်သားတစ်ယောက်ကိုဘုရင် အဖြစ်ချီးမြှင့်၍သူ၏နိုင်ငံကိုတည်တံ့ ခိုင်မြဲစေမည်။- Garrad Bible သင့် အ သက် တာ စေ့ ၍ ဘိုး ဘေး တို့ ထံ လား ရ ပြီး နောက် သင် မှ ဆက် နွယ် သော သား ကို ငါ တင် မြှောက် လျက် အုပ် စိုး ခွင့် ကို တည် စေ လိမ့် မည်။ Judson Bible သင်သည် အသက်ကာလစေ့၍ ဘိုးဘေးနေရာသို့သွားရသောအခါ၊ သင်မှဆင်းသက်သော သားစုတွင်၊ သားတစ်ယောက်ကို ငါချီးမြှောက်၍ သူ၏နိုင်ငံကို တည်ထောင်မည်။ |
သင်မူကား သင်၏ဘိုးဘေးတို့ထံသို့ ငြိမ်ဝပ်စွာသွားရမည်။ အိုမင်းရင့်ရော်ပြီးမှ သေဆုံး၍သင်္ဂြိုဟ်ခြင်းကိုခံရလိမ့်မည်။
သို့မဟုတ်လျှင် အကျွန်ုပ်၏သခင်အရှင်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်ပြီးနောက်တွင် အကျွန်ုပ်နှင့် အကျွန်ုပ်၏သားရှောလမုန်သည် ရာဇဝတ်သားများ ဖြစ်ရပါလိမ့်မည်”ဟု လျှောက်တင်လေ၏။
ထို့နောက်တွင် ဒါဝိဒ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်ကြ၏။
သို့သော် အိမ်တော်ကို သင်မတည်ဆောက်ရ။ သင့်ရင်သွေး၊ သင့်သားသာလျှင် ငါ့နာမအဖို့ အိမ်တော်ကို တည်ဆောက်ရလိမ့်မည်’ဟု မိန့်ဆိုခဲ့၏။
ယခုမှာ ထာဝရဘုရားသည် မိမိပြုထားသောကတိတော်ကို တည်စေပြီ။ ထာဝရဘုရားမိန့်မှာခဲ့သည့်အတိုင်း ငါသည် ငါ့ခမည်းတော်ဒါဝိဒ်မင်းကြီး၏အရိုက်အရာကို ဆက်ခံပြီး အစ္စရေးရာဇပလ္လင်ပေါ်တွင် စံမြန်းနေရပြီ။ အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏နာမတော်အဖို့ အိမ်တော်ကိုလည်း တည်ဆောက်ခဲ့ပြီ။
စီရင်အုပ်ချုပ်သူတို့ကို ခန့်ထားပြီး ငါ့လူမျိုးတော်အစ္စရေးတို့ကို အုပ်ချုပ်စေသောအချိန်ကကဲ့သို့လည်း ခံရတော့မည်မဟုတ်။ ရန်အပေါင်းကို ကင်းငြိမ်းစေမည်။ သင့်အမျိုးအနွယ်ကိုလည်း တည်စေမည်။
ငါ့အဖို့ အိမ်တော်ကို သူတည်ဆောက်ရလိမ့်မည်။ သူ၏ရာဇပလ္လင်ကို ငါအစဉ်တည်မြဲစေမည်။
ထာဝရဘုရားသည် ငါ့အား သားအများအပြားကိုပေးတော်မူ၏။ ထိုသားအပေါင်းတို့ထဲမှ သားတော်ရှောလမုန်ကို ရွေးချယ်တော်မူပြီး အစ္စရေးလူမျိုးကို အုပ်ချုပ်ရန်အတွက် ထာဝရဘုရား၏နိုင်ငံတော်ရာဇပလ္လင်ပေါ်တွင် စံမြန်းစေတော်မူ၏။
အကျွန်ုပ်တို့သည် ကိုယ်တော့်ရှေ့တွင် တိုင်းတစ်ပါးသားများဖြစ်ကြပါ၏။ ဘိုးဘေးတို့ကဲ့သို့ပင် ဧည့်သည်များ ဖြစ်ကြပါ၏။ မြေကြီးပေါ်တွင် အသက်ရှင်နေရသည်မှာ အရိပ်ကဲ့သို့ဖြစ်၍ မျှော်လင့်စရာ မရှိပါ။
သူသည် ဓနဥစ္စာနှင့် ဘုန်းအသရေဖြင့်ပြည့်ဝလျက် အသက်ကြီး၍ အိုမင်းလာသောအခါ အနိစ္စရောက်လေ၏။ သူ၏သားတော်ရှောလမုန်သည် သူ့အရိုက်အရာကို ဆက်ခံလေ၏။
သို့သော် အိမ်တော်ကို သင်မတည်ဆောက်ရ။ သင့်ရင်သွေး၊ သင့်သားသာလျှင် ငါ့နာမအဖို့ အိမ်တော်ကို တည်ဆောက်ရလိမ့်မည်’ဟု မိန့်ဆိုခဲ့၏။
ထာဝရဘုရားသည် ဒါဝိဒ်အား သစ္စာနှင့်ကျိန်ဆိုပြီး ပြန်လည်ရုပ်သိမ်းတော်မူမည်မဟုတ်သောစကားမှာ “ငါသည် သင်မှပေါက်ဖွားသောရင်သွေးတစ်ဦးကို သင်၏ရာဇပလ္လင်ပေါ်ထိုင်စေမည်။
အို ထာဝရဘုရား၊ ကောင်းကင်သည် ကိုယ်တော်ပြုတော်မူသောအံ့ဖွယ်သောအမှုတို့ကို ချီးမွမ်းပါ၏။ ကိုယ်တော်၏သစ္စာတော်ကိုလည်း သန့်ရှင်းသောသူတို့၏အစုအဝေးထဲတွင် ချီးမွမ်းပါ၏။
ထာဝရဘုရားက ‘အစ္စရေးအမျိုးအနွယ်၏ရာဇပလ္လင်ပေါ်တွင်စိုးစံသော ဒါဝိဒ်မင်းမျိုးမပြတ်ရ။
အကြောင်းမှာ ဒါဝိဒ်သည် မိမိလက်ထက်၌ ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်ပြီးလျှင် အိပ်ပျော်၍ မိမိဘိုးဘေးတို့၏သင်္ချိုင်းတွင် သင်္ဂြိုဟ်ခြင်းခံရလျက် ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့ရ၏။
ညီအစ်ကိုတို့၊ မျိုးနွယ်စုဖခင်ဖြစ်သောဒါဝိဒ်နှင့်ပတ်သက်၍ သင်တို့အား ငါအတိအလင်းပြောဆိုနိုင်သည်မှာ သူသည်သေလွန်၍ သင်္ဂြိုဟ်ခြင်းကိုခံရပြီး သူ၏သင်္ချိုင်းဂူသည် ယနေ့တိုင်အောင် ငါတို့အရပ်၌ရှိ၏။
ထာဝရဘုရားက မောရှေအား “ကြည့်ရှုလော့။ သင်၏ဘိုးဘေးတို့နှင့်အတူ သင်အိပ်ပျော်ပြီးနောက်တွင် ဤလူမျိုးတို့သည် သူတို့ဝင်ရောက်မည့်ပြည်ရှိတိုင်းတစ်ပါးသားတို့၏ဘုရားများနှင့် ထ၍ဖောက်ပြန်မှားယွင်းကြမည်။ ငါကိုစွန့်ပယ်ကြမည်။ သူတို့နှင့်ငါဖွဲ့ခဲ့သော ပဋိညာဉ်ကို ချိုးဖောက်ကြလိမ့်မည်။