ကိုယ်တော်၏သန့်ရှင်းသောနာမတော်ကို ချီးမွမ်းကြလော့။ ထာဝရဘုရားကို ရှာသောသူတို့၏စိတ်နှလုံး၌ ဝမ်းမြောက်ခြင်း ရှိကြပါစေ။
၁ ရာချုပ် 16:9 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ထံသို့ သီချင်းဆိုကြလော့။ ကိုယ်တော်ကို သီဆိုချီးမွမ်းကြလော့။ ကိုယ်တော်၏အံ့ဖွယ်သောအမှုရှိသမျှတို့ကို ပြောကြားကြလော့။ Common Language Bible ကိုယ်တော်ပြုတော်မူသောအံ့သြဘွယ်ရာတို့ ကို ပြောကြားလျက် ကိုယ်တော်၏ဂုဏ်တော်ကိုသီချင်းဆို၍ ချီးမွမ်းကြလော့။ Garrad Bible ထာ ဝ ရ ဘု ရား အား သီ ဆို ကျူး ဧ၍ အံ့ ဖွယ် ရာ အ မှု တော် ရှိ သ မျှ ကို ဆင် ခြင် ကြ လော့။ Judson Bible ထာဝရဘုရားကို သီချင်းဆိုကြလော့။ ဆာလံသီချင်းကို ဆိုကြလော့။ အံ့ဖွယ်သော အမှုတော်အပေါင်းတို့ကို ဟောပြောကြလော့။ |
ကိုယ်တော်၏သန့်ရှင်းသောနာမတော်ကို ချီးမွမ်းကြလော့။ ထာဝရဘုရားကို ရှာသောသူတို့၏စိတ်နှလုံး၌ ဝမ်းမြောက်ခြင်း ရှိကြပါစေ။
ဘုန်းအသရေတော်အကြောင်းကို လူမျိုးခြားတို့အားလည်းကောင်း၊ အံ့ဖွယ်သောအမှုတော်တို့ကို လူမျိုးအပေါင်းတို့အားလည်းကောင်း ပြောကြားကြလော့။
ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်း၍ နာမတော်ကို ခေါ်ဆိုပတ္ထနာပြုကြလော့။ ကိုယ်တော်ပြုတော်မူသောအမှုတို့ကို လူမျိုးတကာတို့အား ကြားသိစေကြလော့။
ကိုယ်တော်ပြုသောအမှုတော်အကြောင်းကို လူတို့သီဆိုချီးမွမ်းကြ၏။ သင်လည်း သီဆိုချီးမွမ်းဖို့ သတိရပါ။
ဤသို့ဖြင့် ကိုယ်တော်၏အစွမ်းတန်ခိုးတော်များနှင့် ကိုယ်တော့်နိုင်ငံ၏ဘုန်းအသရေခန့်ညားထည်ဝါမှုကို လူသားတို့အား သိမြင်စေကြပါလိမ့်မည်။
အကျွန်ုပ်သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို အကျွန်ုပ်စိတ်နှလုံးထဲ၌ ဖုံးကွယ်မထားပါ။ ကိုယ်တော်၏သစ္စာတော်နှင့် ကိုယ်တော်၏ကယ်တင်ခြင်းအကြောင်းကို အကျွန်ုပ်ပြောကြားပါပြီ။ ကိုယ်တော်၏မေတ္တာကရုဏာနှင့် ကိုယ်တော်၏သမ္မာတရားကို လူအစုအဝေးကြီးအလယ်၌ အကျွန်ုပ်ထိမ်ဝှက်မထားပါ။
အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ပျိုရွယ်စဉ်မှစ၍ အကျွန်ုပ်ကိုသွန်သင်တော်မူပါပြီ။ သို့ဖြစ်၍ အကျွန်ုပ်သည် ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကို ယခုတိုင်အောင် ပြောကြားပါ၏။
ထိုအချိန်တွင် ထာဝရဘုရားကို ကြောက်ရွံ့ရိုသေသောသူတို့အချင်းချင်းပြောဆိုသောစကားကို ထာဝရဘုရားနားထောင်၍ ကြားတော်မူ၏။ ထာဝရဘုရားကို ကြောက်ရွံ့ရိုသေပြီး နာမတော်ကို ကြည်ညိုလေးစားသောသူတို့နှင့်ပတ်သက်၍ ရှေ့တော်၌ အောက်မေ့စရာမှတ်တမ်းစာလိပ်တွင် ရေးမှတ်ထား၏။
ထို့နောက် သူတို့သည် ချီးမွမ်းသီချင်းသီဆိုပြီးမှ သံလွင်တောင်သို့ထွက်သွားကြ၏။
ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနှင့် ဝိညာဉ်ရေးဆိုင်ရာသီချင်းများကို အချင်းချင်းမြွက်ဆိုလျက် သခင်ဘုရားထံသို့ သင်တို့၏စိတ်နှလုံးထဲမှ သီဆိုကျူးဧကြလော့။
ခရစ်တော်၏နှုတ်ကပတ်တရားကို သင်တို့၌ ကြွယ်ဝစွာတည်စေ၍ အချင်းချင်းတို့ကို အမျိုးမျိုးသောဉာဏ်ပညာဖြင့်သွန်သင်လျက် သတိပေးဆုံးမကာ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်တကွ ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနှင့် ဝိညာဉ်ရေးဆိုင်ရာသီချင်းများကို သင်တို့၏စိတ်နှလုံးနှင့်တကွ ဘုရားသခင်ထံ သီဆိုကြလော့။
သင်တို့တွင် ဆင်းရဲဒုက္ခခံရသူရှိလျှင် သူသည် ဆုတောင်းစေ။ ဝမ်းမြောက်ရွှင်လန်းသောသူရှိလျှင် သူသည် ချီးမွမ်းသီချင်းကိုသီဆိုစေ။