ကိုယ်တော်သည် ငါတို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့သည် ကမ္ဘာမြေတစ်ခွင်လုံး၌ရှိ၏။
၁ ရာချုပ် 16:15 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်၏ပဋိညာဉ်တော်ကို အစဉ်သတိရကြလော့။ မိန့်တော်မူထားသောစကားတော်ကို မျိုးဆက်ပေါင်းတစ်ထောင်တိုင်အောင် သတိရကြလော့။ Common Language Bible ထာဝစဉ်တည်မြဲစေရန်ကိုယ်တော်ပြုတော် မူသော ပဋိညာဉ်တော်တည်းဟူသော အာဗြဟံနှင့်ကိုယ်တော်ပြုတော်မူသော ပဋိညာဉ်တော်ကိုလည်းကောင်း၊ ဣဇာက်အားပေးတော်မူသောကတိတော် ကိုလည်းကောင်း၊ အဘယ်အခါ၌မျှမမေ့မလျော့ကြနှင့်။ Garrad Bible ခါ နာန် ပြည် ကို အ ပိုင် အ ဖြစ် သင့် အား ငါ ပေး မည် ဟု အာ ဗြ ဟံ အား က တိ ထား၍ ဣ ဇာက် အား သ စ္စာ ဆို ပြီး လျှင် ယာ ကုပ်၌ အ ထုံး အ ဖွဲ့၊ ဣ သ ရေ လ၌ ထာ ဝ ရ ပ ဋိ ညာဉ် အ ဖြစ် အ ထောင် အ သောင်း အ ဆက် တိုင် အောင် မိန့် မှာ၍ တည် စေ တော် မူ သော ဗျာ ဒိတ် နှင့် ပ ဋိ ညာဉ် တော် ကို ကာ လ အ စဉ် သ တိ ရ ကြ လော့။ Judson Bible ငါသည် သင်တို့အမွေခံရာဖို့၊ ခါနာန်ပြည်ကို သင်၌ပေးမည်ဟု ငါတို့အမျိုးသည် အရေအတွက်အားဖြင့်မများ၊ အလွန်နည်း၍၊ ထိုပြည်၌ ဧည့်သည်ဖြစ်လျက်နေသောအခါ၊ အာဗြဟံ၌ကတိထား၍ ဣဇာက်၌ကျိန်ဆိုတော်မူလျက်၊ ယာကုပ်၌ မြဲမြံသောတရား၊ ဣသရေလ၌ နိစ္စထာဝရပဋိညာဉ်ဖြစ်စေခြင်းငှာ၊ လူမျိုးအဆက်တစ်ထောင်တိုင်အောင် မိန့်မြွက်တော်မူသော နှုတ်ကပတ်တည်းဟူသော ဝန်ခံခြင်းတရားတော်ကို အစဉ်အမြဲ အောက်မေ့တော်မူ၏။ |
ကိုယ်တော်သည် ငါတို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့သည် ကမ္ဘာမြေတစ်ခွင်လုံး၌ရှိ၏။
ကိုယ်တော်သည် မိမိ၏ပဋိညာဉ်တော်ကို အစဉ်အမြဲအောက်မေ့တော်မူ၏။ ၎င်းမှာ မျိုးဆက်ပေါင်းတစ်ထောင်တို့အား မိန့်တော်မူထားသောစကားတော်၊
ထာဝရဘုရား၏လမ်းစဉ်ရှိသမျှတို့သည် ကိုယ်တော်၏ပဋိညာဉ်တော်နှင့်သက်သေခံချက်တို့ကို လိုက်နာကျင့်သုံးသောသူတို့အတွက် မေတ္တာကရုဏာနှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ပြည့်စုံတော်မူ၏။
ဤအရာအားလုံး အကျွန်ုပ်တို့အပေါ်ကျရောက်ခဲ့သော်လည်း အကျွန်ုပ်တို့သည် ကိုယ်တော်ကိုမမေ့လျော့ခဲ့ပါ။ ကိုယ်တော်၏ပဋိညာဉ်တော်ကိုလည်း မဖောက်ဖျက်ခဲ့ပါ။
အစ္စရေးလူမျိုးအပေါင်းတို့အဖို့ ဟောရပ်အရပ်၌ မောရှေအား ငါမိန့်မှာခဲ့သည့် ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များပါသော ငါ့အစေအပါးမောရှေ၏ပညတ်တရားကို အောက်မေ့ကြလော့။
သို့ဖြစ်၍ သင်၏ဘုရားသခင်ထာဝရဘုရားသာလျှင် ဘုရားဖြစ်တော်မူပြီး ကိုယ်တော်ကိုချစ်သောသူတို့နှင့် ပညတ်တော်တို့ကိုစောင့်ထိန်းသောသူတို့အပေါ် မျိုးဆက်တစ်ထောင်တိုင်အောင် ပဋိညာဉ်တည်၍ မေတ္တာကရုဏာကို ပြတော်မူသည့် သစ္စာရှိသောဘုရားဖြစ်တော်မူကြောင်း၊