အို ကိုယ်တော်၏အစေအပါး အစ္စရေး၏သားစဉ်မြေးဆက်၊ ကိုယ်တော်ရွေးကောက်တော်မူသော ယာကုပ်သားမြေးတို့၊
၁ ရာချုပ် 16:12 - မြန်မာ့စံမီသမ္မာကျမ်း ပြုတော်မူသောအံ့ဖွယ်အမှုများ၊ ပြတော်မူသောနိမိတ်လက္ခဏာများ၊ နှုတ်တော်ထွက်စီရင်ထုံးဖွဲ့ချက်များကို အောက်မေ့ကြလော့။ Common Language Bible ဘုရားသခင်၏အစေခံယာကုပ်၏သား မြေးတို့၊ ဘုရားသခင်ရွေးကောက်တော်မူသော ဣသရေလ၏သားမြေးတို့၊ ကိုယ်တော်ပြတော်မူသည့်ကြီးမြတ်အံ့သြဖွယ် ကောင်းသောနိမိတ်လက္ခဏာတို့ကိုလည်းကောင်း၊ ကိုယ်တော်ချမှတ်တော်မူသောတရား စီရင်ချက်တို့ကိုလည်းကောင်း အောက်မေ့သတိရကြလော့။ Garrad Bible ပြု တော် မူ ခဲ့ သော အံ့ ဖွယ် ရာ များ ကို လည်း ကောင်း၊ ထူး ဆန်း သော အ မှု တော် များ နှင့် နှုတ် တော် ထွက် ဆုံး ဖြတ် တော် မူ ချက် များ ကို လည်း ကောင်း သ တိ ရ ကြ လော့။ Judson Bible စီရင်တော်မူသော အံ့ဩဖွယ်တို့ကိုလည်းကောင်း၊ ထူးဆန်းသောအမှုတော်တို့နှင့် နှုတ်တော်ထွက် ပညတ်တို့ကိုလည်းကောင်း အောက်မေ့ကြလော့။ |
အို ကိုယ်တော်၏အစေအပါး အစ္စရေး၏သားစဉ်မြေးဆက်၊ ကိုယ်တော်ရွေးကောက်တော်မူသော ယာကုပ်သားမြေးတို့၊
ကိုယ်တော်သည် ငါတို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့သည် ကမ္ဘာမြေတစ်ခွင်လုံး၌ရှိ၏။
အို ငါ့စိတ်ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုလော့။ ကိုယ်တော်၏ကျေးဇူးတော်အပေါင်းကို မမေ့လျော့နှင့်။
ကိုယ်တော်သည် မိမိ၏အံ့ဖွယ်သောအမှုတို့ကို အောက်မေ့စရာဖြစ်စေရန် စီရင်တော်မူ၏။ ထာဝရဘုရားသည် ကျေးဇူးပြုတတ်သောသဘော၊ သနားစုံမက်တတ်သောသဘောရှိတော်မူ၏။
အကျွန်ုပ်၏နှုတ်ဖြင့် ကိုယ်တော်၏နှုတ်တော်ထွက် စီရင်ထုံးဖွဲ့ချက်ရှိသမျှတို့ကို ပြောကြားပါ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ်တော်မူ၏။ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့သည်လည်း ဖြောင့်မှန်ကြပါ၏။
အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့ကို အစဉ်အမြဲ စွဲလမ်းတောင့်တသောအားဖြင့် ကြေကွဲလျက်ရှိပါ၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့သည် ဖြောင့်မတ်ကြောင်းကိုလည်းကောင်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို သစ္စာတော်နှင့်အညီ ဒုက္ခဝေဒနာခံစားစေတော်မူကြောင်းကိုလည်းကောင်း အကျွန်ုပ်သိပါ၏။
ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် စင်ကြယ်၍ ထာဝရတည်၏။ ထာဝရဘုရား၏စီရင်ထုံးဖွဲ့ချက်တို့သည် မှန်ကန်၍ တညီတညွတ်တည်းဖြောင့်မတ်ကြ၏။
အကျွန်ုပ်သည် ထာဝရဘုရား၏ လုပ်ဆောင်တော်မူချက်တို့ကို အောက်မေ့ပါမည်။ ရှေးကာလ၌ ကိုယ်တော်ပြုတော်မူသော အံ့ဖွယ်သောအမှုတို့ကို အမှန်ပင် အောက်မေ့ပါမည်။
အီဂျစ်ပြည်၌ နိမိတ်လက္ခဏာများနှင့် ဇောနအရပ်၌ တန်ခိုးလက္ခဏာများပြုတော်မူရာ နေ့ရက်ကိုလည်းကောင်း မအောက်မေ့ကြပေ။
နောင်ကာလ၌ သင်တို့၏သားများက ‘ဤအမှုကား မည်သို့ဆိုလိုသနည်း’ဟု သင်တို့အား မေးမြန်းကြသောအခါ သင်တို့ကလည်း ‘ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကို ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့၏။
ထို့နောက် မောရှေက အစ္စရေးလူမျိုးတို့အား “ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ သင်တို့ထွက်လာသော ဤနေ့ရက်ကို အောက်မေ့လော့။ အကြောင်းမူကား ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် သင်တို့ကို ဤအရပ်မှ ထုတ်ဆောင်တော်မူခဲ့၏။ တဆေးပါသောမုန့်ကိုမစားရ။
ဘုရားသခင်၏အသိပညာနှင့်ဉာဏ်ပညာတော်တို့၏ကြွယ်ဝမှုသည် နက်နဲလှပါတကား။ စီရင်တော်မူချက်တို့ကို စူးစမ်းလေ့လာ၍မကုန်နိုင်။ လမ်းတော်တို့ကိုလည်း ချင့်မျှော်တွေးဆ၍မရနိုင်။
ယဇ်ပလ္လင်ကလည်း “မှန်ပါ၏။ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်၏စီရင်တော်မူချက်တို့သည် မှန်ကန်၍ တရားမျှတပါ၏”ဟု ပြောဆိုသည်ကို ငါကြားရ၏။
အကြောင်းမူကား ကိုယ်တော်၏တရားစီရင်တော်မူချက်တို့သည် မှန်ကန်၍ဖြောင့်မတ်၏။ တရားနှင့်မညီမေထုန်ပြုခြင်းအားဖြင့် ကမ္ဘာမြေကြီးအားပျက်စီးစေသည့် ပြည့်တန်ဆာမကြီးကို ကိုယ်တော်သည် စီရင်တော်မူလျက် သူ၏လက်၌စွန်းထင်းသော ကိုယ်တော့်အစေအပါးတို့၏သွေးအတွက် လက်တုံ့ပြန်တော်မူပြီ”ဟု ဆိုကြ၏။