ထို့နောက် ရှောလုမင်းကြီးလက်ထက်က မေးမြန်းခြင်းမရှိခဲ့သော ငါတို့ဘုရားသခင်ထာဝရဘုရား၏သေတ္တာတော်ကို ငါတို့ထံ ပြန်လည်သယ်ဆောင်လာကြမည်”ဟု ဆို၏။
ထိုနောက်ရှောလုနန်းစံခဲ့စဉ်အခါက လျစ် လူရှုထားခဲ့သည့်ဘုရားသခင်၏ပဋိညာဉ် သေတ္တာတော်ကိုငါတို့သွား၍ယူဆောင်ကြကုန် အံ့'' ဟုကြေညာ၏။-
ငါတို့၏ ဘုရားသခင်သေတ္တာတော်ကို တစ်ဖန် ဆောင်ခဲ့ကြကုန်အံ့။ ရှောလုလက်ထက်၌ ထိုသေတ္တာတော်ရှေ့မှာ မေးမြန်းလေ့မရှိပါတကားဟု မိန့်တော်မူသောစကားကို၊
အစ္စရေးလူထုတစ်ရပ်လုံးအား “သင်တို့သဘောတူမည်၊ ငါတို့၏ဘုရားသခင်ထာဝရဘုရားလည်း အခွင့်ပေးမည်ဆိုလျှင် အစ္စရေးပြည်တစ်ပြည်လုံးမှ ကျန်နေသောညီအစ်ကိုတို့မှစ၍ မြို့များနှင့်ဝန်းကျင်ရှိစားကျက်မြေတို့တွင်နေထိုင်ကြသော ယဇ်ပုရောဟိတ်များ၊ လေဝိလူများရှိရာနေရာအနှံ့အပြားသို့ လူကိုစေလွှတ်၍ အကျွန်ုပ်တို့နှင့် လာရောက်ပူးပေါင်းစေမည်။
ပြည်သူပြည်သားအားလုံး သဘောတူနှစ်သက်ကြသောကြောင့် လူထုတစ်ရပ်လုံးက ထိုသို့ပြုမည်ဟု ဆိုကြ၏။
ယခင်က သေတ္တာတော်ကိုသယ်ဆောင်ရာတွင် သင်တို့မပါခဲ့၊ ငါတို့လည်း စီရင်ထုံးဖွဲ့ချက်အတိုင်း မမေးလျှောက်ဘဲ သယ်ဆောင်ခဲ့သောကြောင့် ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် ငါတို့ကို ဒဏ်ခတ်တော်မူခဲ့ပြီ”ဟု မိန့်ဆို၏။
ကြည့်ရှုလော့။ ဤအရာကို ဧဖရတ်အရပ်တွင် ငါတို့ကြား၍ ယာအာတောထဲတွင် တွေ့ခဲ့ကြပြီ။
ထိုအခါ ရှောလုမင်းကြီးက အဟိယအား “ဘုရားသခင်၏သေတ္တာတော်ကို ယူခဲ့လော့”ဟု ဆို၏။ ထိုစဉ်က ဘုရားသခင်၏သေတ္တာတော်မှာ အစ္စရေးအမျိုးသားတို့တွင် ရှိနေ၏။
ရှောလုမင်းကြီးက “ယခုည ဖိလိတ္တိလူမျိုးတို့ထံသွား၍ နံနက်မိုးလင်းသည့်တိုင်အောင် တိုက်ခိုက်သိမ်းယူကြစို့။ တစ်ယောက်မျှ အသက်ရှင်ကျန်ရစ်သူ မရှိစေနှင့်”ဟုဆိုလျှင် သူတို့က “အရှင် အလိုရှိသည့်အတိုင်း ပြုတော်မူပါ”ဟု ပြန်လျှောက်ကြ၏။ သို့သော် ယဇ်ပုရောဟိတ်က “ဦးစွာ ဘုရားသခင်ထံဆည်းကပ်ကြစို့”ဟု သူတို့အား ဆို၏။
အဟိမလက်သည် သူ့အတွက် ထာဝရဘုရားထံ မေးမြန်းပေးပြီး သူ့ကို စားစရာများလည်း ပေးပါ၏။ ဖိလိတ္တိပြည်သား ဂေါလျတ်၏ဓားကိုလည်း သူ့အား ပေးလိုက်ပါ၏”ဟု လျှောက်လေ၏။
သူ့အတွက် ဘုရားသခင်ထံ မေးမြန်းပေးသည်မှာ ဤနေ့မှာ ပထမဆုံးအကြိမ်ဖြစ်သလော။ အရှင်မင်းကြီး စွပ်စွဲပြောဆိုသောစကားများသည် အကျွန်ုပ်နှင့် အကျွန်ုပ်ဖခင်၏အိမ်ထောင်မိသားစုများနှင့် ဝေးပါစေသော။ အရှင့်အစေအပါးသည် မည်သည့်အမှုကြီးငယ်ကိုမျှ မသိပါ”ဟု လျှောက်ဆို၏။
ထိုအခါ ဒါဝိဒ်က ထာဝရဘုရားအား “ထိုဖိလိတ္တိလူမျိုးတို့ကို အကျွန်ုပ် သွား၍တိုက်ခိုက်ရပါမည်လော”ဟု မေးလျှောက်ရာ ထာဝရဘုရားက ဒါဝိဒ်အား “ဖိလိတ္တိလူမျိုးတို့ကို သွား၍တိုက်ခိုက်ပြီး ကိလမြို့အား ကယ်တင်လော့”ဟု မိန့်တော်မူ၏။