၁ ရာချုပ် 13:3 - Common Language Bible3 ထိုနောက်ရှောလုနန်းစံခဲ့စဉ်အခါက လျစ် လူရှုထားခဲ့သည့်ဘုရားသခင်၏ပဋိညာဉ် သေတ္တာတော်ကိုငါတို့သွား၍ယူဆောင်ကြကုန် အံ့'' ဟုကြေညာ၏။- အခန်းကိုကြည့်ပါ။Judson Bible3 ငါတို့၏ ဘုရားသခင်သေတ္တာတော်ကို တစ်ဖန် ဆောင်ခဲ့ကြကုန်အံ့။ ရှောလုလက်ထက်၌ ထိုသေတ္တာတော်ရှေ့မှာ မေးမြန်းလေ့မရှိပါတကားဟု မိန့်တော်မူသောစကားကို၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 ထို့နောက် ရှောလုမင်းကြီးလက်ထက်က မေးမြန်းခြင်းမရှိခဲ့သော ငါတို့ဘုရားသခင်ထာဝရဘုရား၏သေတ္တာတော်ကို ငါတို့ထံ ပြန်လည်သယ်ဆောင်လာကြမည်”ဟု ဆို၏။ အခန်းကိုကြည့်ပါ။ |
သူ၏အတွက်ထာဝရဘုရားထံတော်သို့ အကျွန်ုပ်လျှောက်ထားပေးသည်မှာမှန်ပါ၏။ သို့ရာတွင်ယခင်ကလည်းဤသို့လျှောက်ထား ပေးခဲ့ဖူးပါသည်။ အရှင်အားလုပ်ကြံရန် လျှို့ဝှက်ကြံစည်မှုနှင့်ပတ်သက်၍မူကား အရှင်မင်းကြီးသည်အကျွန်ုပ်ကိုသော်လည်း ကောင်း၊ အကျွန်ုပ်၏အိမ်ထောင်စုသားတစ်ဦး တစ်ယောက်ကိုသော်လည်းစွပ်စွဲတော်မမူ ပါနှင့်။ ဤကိစ္စကိုအကျွန်ုပ်အလျှင်းမသိပါ'' ဟုပြန်၍လျှောက်ထား၏။
ရှောလုသည်မိမိ၏လူတို့အား``ငါတို့သည် ဖိလိတ္တိအမျိုးသားတို့အားညဥ့်အခါ သွား ရောက်တိုက်ခိုက်ကြကုန်အံ့။ မိုးလင်းသည်တိုင် အောင်သူတို့အားလုယက်၍တစ်ယောက်မကျန် သုတ်သင်ပစ်ကြကုန်အံ့'' ဟုမိန့်တော်မူလျှင် လူတို့က``စိတ်တော်ရှိသည်အတိုင်းပြုတော် မူပါ'' ဟုလျှောက်ထားကြ၏။ သို့ရာတွင်ယဇ်ပုရောဟိတ်က``ငါတို့သည် ဦးစွာထာဝရဘုရားအားမေးမြန်း လျှောက်ထားကြကုန်အံ့'' ဟုဆို၏။
ထိုနောက်စုရုံးလျက်ရှိသောဣသရေလပြည် သားတို့အား``သင်တို့သဘောတူညီ၍ငါတို့ ဘုရားသခင်ထာဝရဘုရားကလည်းအလို တော်ရှိမည်ဆိုပါက ကျန်ရှိနေသောအခြား ငါတို့အမျိုးသားအပေါင်းနှင့်မြို့ရွာများ ရှိယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင် များအား ဤအရပ်သို့အရောက်စုဝေးကြ ရန်စေတမန်များလွှတ်၍ခေါ်ဖိတ်ကြ ကုန်အံ့။-