ရှောလုမင်းကြီးအမျိုးအနွယ်နှင့် ဒါဝိဒ်မင်းကြီးအမျိုးအနွယ်တို့သည် ကြာရှည်စွာ စစ်ဖြစ်ကြ၏။ ဒါဝိဒ်မင်းကြီးမှာ အင်အားကြီးလာသော်လည်း ရှောလုမင်းကြီးအမျိုးအနွယ်မှာ အားယုတ်လာ၏။
၁ ရာချုပ် 11:9 - မြန်မာ့စံမီသမ္မာကျမ်း ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားသည် ဒါဝိဒ်မင်းကြီးနှင့်အတူ ရှိတော်မူသည်ဖြစ်၍ သူသည် အားကြီးသည်ထက်ကြီးလာလေ၏။ Common Language Bible ဒါဝိဒ်မင်းသည်တစ်နေ့တစ်ခြားတန်ခိုး ကြီးမား၍လာတော်မူ၏။ အဘယ်ကြောင့် ဆိုသော်အနန္တတန်ခိုးရှင်ထာဝရဘုရား သည်မင်းကြီးနှင့်အတူရှိတော်မူသော ကြောင့်ဖြစ်၏။ Garrad Bible ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သည် ဒါ ဝိဒ် မင်း နှင့် အ တူ ရှိ တော် မူ သော ကြောင့် ထို မင်း ၌ တန် ခိုး အာ ဏာ တိုး ပွား ကြီး မြင့် လျက် ရှိ ၏။ Judson Bible ဒါဝိဒ်သည် တိုးပွား၍ အားကြီးသဖြင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် သူနှင့်အတူ ရှိတော်မူ၏။ |
ရှောလုမင်းကြီးအမျိုးအနွယ်နှင့် ဒါဝိဒ်မင်းကြီးအမျိုးအနွယ်တို့သည် ကြာရှည်စွာ စစ်ဖြစ်ကြ၏။ ဒါဝိဒ်မင်းကြီးမှာ အင်အားကြီးလာသော်လည်း ရှောလုမင်းကြီးအမျိုးအနွယ်မှာ အားယုတ်လာ၏။
ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားသည် ဒါဝိဒ်မင်းကြီးနှင့်အတူ ရှိတော်မူသည်ဖြစ်၍ သူသည် အားကြီးသည်ထက်ကြီးလာလေ၏။
ဒါဝိဒ်မင်းကြီးသည် မိလ္လောနှင့် ဝန်းကျင်ပတ်ပတ်လည်တွင် မြို့ကိုတည်ဆောက်၏။ မြို့၏ကျန်အပိုင်းကို ယွာဘက ပြန်လည်ပြုပြင်၏။
ယခင်က သူတို့၏ခေါင်းဆောင်မှာ ဧလာဇာ၏သား ဖိနဟတ် ဖြစ်၏။ ထာဝရဘုရားသည် သူနှင့်အတူ ပါရှိခဲ့၏။
အကြောင်းမူကား မော်ဒကဲသည် ဘုရင့်နန်းတော်တွင် တန်ခိုးဩဇာကြီးမား၍ သူ၏ဂုဏ်သတင်းသည်လည်း နယ်မြေဒေသတစ်ဝန်းလုံးသို့ ပျံ့နှံ့သဖြင့် မော်ဒကဲ၏တန်ခိုးဩဇာသည်လည်း ပို၍ပို၍ကြီးလာလေ၏။
ဖြောင့်မတ်သောသူမူကား မိမိလမ်းအတိုင်း တည်ကြည်စွာလျှောက်လှမ်း၍ လက်စင်ကြယ်သောသူသည်လည်း ပို၍ပို၍အားကြီးလာလိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသခင်သည် ငါတို့၏ခိုကိုးရာဖြစ်တော်မူ၏။(စေလာ)
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသခင်သည် ငါတို့၏ခိုကိုးရာဖြစ်တော်မူ၏။(စေလာ)
မကြောက်နှင့်၊ ငါသည် သင်နှင့်အတူရှိ၏။ မစိုးရိမ်နှင့်။ ငါသည် သင်၏ဘုရားသခင်ဖြစ်၏။ အကယ်စင်စစ် သင့်ကို ခိုင်ခံ့စေမည်။ သင့်ကို ကူညီမစမည်။ ငါ၏ဖြောင့်မတ်သောလက်ယာလက်ဖြင့် သင့်ကို ငါထောက်မမည်။
“အို ပိုးကောင်ယာကုပ်၊ အို အစ္စရေးလူမျိုးတို့၊ မကြောက်နှင့်။ သင့်ကို ငါကူညီမစမည်”ဟု ထာဝရဘုရား မိန့်တော်မူ၏။ သင့်ကိုရွေးနုတ်သောသူသည် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင် ဖြစ်တော်မူ၏။
သူ၏အာဏာစက်သည် အစဉ်တိုးပွား၍ ငြိမ်သက်ခြင်းသည် အဆုံးမရှိ။ ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင်ထိုင်၍ နိုင်ငံတော်ကို ယခုမှစ၍ နောင်ကာလအစဉ် တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့ဖြင့် တည်တံ့ခိုင်မြဲစေမည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်အားထက်သန်စွာဖြင့် ဤအမှုကို ပြုတော်မူလိမ့်မည်။
သို့ဖြစ်လျှင် ဤအရာများကိုထောက်၍ မည်သို့ဆိုရမည်နည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူလျှင် မည်သူသည် ငါတို့ကို ဆန့်ကျင်နိုင်မည်နည်း။