ဖိလိတ္တိသမီးပျိုများ ဝမ်းမြောက်မည်ကို စိုး၍၊ အရေဖျားမလှီးသူတို့၏သမီးပျိုများ ရွှင်မြူးမည်ကိုစိုး၍ ဤအကြောင်းကို ဂါသမြို့တွင် မပြောကြပါနှင့်။ အာရှကေလုန်မြို့လမ်းများပေါ်တွင် မကြေညာကြပါနှင့်။
၁ ရာချုပ် 10:9 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ရှောလုမင်းကြီး၏စစ်ဝတ်တန်ဆာကို ချွတ်ပြီး ဦးခေါင်းနှင့်တကွ စစ်ဝတ်တန်ဆာများကို ယူသွားကြ၏။ ထို့နောက် ဖိလိတ္တိပြည်တစ်ပြည်လုံးသို့ လူလွှတ်၍ သူတို့၏ရုပ်တုများနှင့် ပြည်သူပြည်သားများထံ၌ ထိုသတင်းကောင်းကိုကြေညာစေ၏။ Common Language Bible သူတို့သည်ရှောလု၏ဦးခေါင်းကိုဖြတ်၍ အဝတ်တန်ဆာများကိုချွတ်ပစ်ကြ၏။ ထို နောက်စေတမန်တို့အားရှောလု၏ဦးခေါင်း နှင့်လက်နက်များကိုယူဆောင်၍ ဖိလိတ္တိ ပြည်ကိုလှည့်လည်ကာမိမိတို့အမျိုး သားများနှင့်ရုပ်တုများရှိရာအရပ် များတွင်သတင်းကောင်းကိုကြေညာ စေကြ၏။- Garrad Bible ဦး ခေါင်း တော် ကို ဖြတ်၍ ချွတ် သိမ်း သော လက် နက် စုံ နှင့် တ ကွ ကိုယ့် ပြည် ရှိ ရုပ် ပွား များ၊ လူ သူ များ ထံ သ တင်း ကြော် ငြာ ရာ အ ဖြစ် အ နှံ့ အ ပြား ပို့ လိုက် ကြ၏။ Judson Bible အဝတ်တန်ဆာတော်ကို ချွတ်ပြီးမှ ခေါင်းတော်၊ လက်နက်တော်ကိုယူ၍ သူတို့ရုပ်တုအိမ်များ၌လည်းကောင်း၊ လူများတို့၌လည်းကောင်း၊ သတင်းကျော်စောစေခြင်းငှာ၊ ဖိလိတ္တိပြည်အရပ်ရပ်သို့ ပေးလိုက်ကြ၏။ |
ဖိလိတ္တိသမီးပျိုများ ဝမ်းမြောက်မည်ကို စိုး၍၊ အရေဖျားမလှီးသူတို့၏သမီးပျိုများ ရွှင်မြူးမည်ကိုစိုး၍ ဤအကြောင်းကို ဂါသမြို့တွင် မပြောကြပါနှင့်။ အာရှကေလုန်မြို့လမ်းများပေါ်တွင် မကြေညာကြပါနှင့်။
ရှောလုမင်းကြီး၏စစ်ဝတ်တန်ဆာများကို သူတို့၏ဘုရားဝတ်ကျောင်းတွင်ထားပြီး ဦးခေါင်းကိုမူ ဒါဂုန်ဝတ်ကျောင်းတွင် ချိတ်ဆွဲထားကြ၏။
ထိုအခါ ရှောလုမင်းကြီးက သူ၏လက်နက်ကိုင်လုလင်အား “သင့်ဓားကို ထုတ်ပြီး ငါ့ကို ထိုးသတ်လိုက်ပါ။ သို့မဟုတ်လျှင် အရေဖျားလှီးခြင်းကိုမခံသောထိုသူတို့သည် လာ၍ ငါ့ကို ညှဉ်းဆဲကြလိမ့်မည်”ဟု ဆို၏။ သို့သော် လက်နက်ကိုင်လုလင်က အလွန်ကြောက်ရွံ့၍ မထိုးရဲဘဲနေ၏။ ထို့ကြောင့် ရှောလုမင်းကြီးသည် ဓားကိုယူပြီးလျှင် ထိုဓားပေါ်တွင် လှဲချလိုက်လေ၏။
နောက်တစ်နေ့တွင် ဖိလိတ္တိလူမျိုးတို့သည် သေဆုံးသွားသောသူတို့၏ကိုယ်မှ ပစ္စည်းများကိုချွတ်ယူရန် လာကြသောအခါ ဂိလဗောတောင်ပေါ်တွင် ရှောလုမင်းကြီးနှင့် သူ့သားသုံးယောက်တို့ လဲကျသေဆုံးနေကြသည်ကို တွေ့ရ၏။
ကောင်းကင်ဘုံရှင်ကို ဆန့်ကျင်၍ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်၏။ ထိုအရှင်၏ဗိမာန်တော်မှခွက်ဖလားများကို သင့်ရှေ့မှောက်သို့ယူလာစေပြီး သင်မှစ၍ မှူးမတ်များ၊ မိဖုရားများ၊ ကိုယ်လုပ်တော်များသည် ထိုခွက်များဖြင့် စပျစ်ဝိုင်ကိုသောက်ပြီး မျက်စိလည်းမမြင်၊ နားလည်းမကြား၊ ဘာမျှလည်း မသိနိုင်သော ရွှေ၊ ငွေ၊ ကြေးနီ၊ သံ၊ သစ်သား၊ ကျောက်တို့ဖြင့် လုပ်ထားသောဘုရားများကို ထောမနာပြုကြ၏။ သင့်အသက်၊ သင့်ဘဝလမ်းတစ်ခုလုံးကိုပိုင်တော်မူသောဘုရားသခင်ကိုမူ သင်မချီးမြှောက်ခဲ့။
ထို့နောက် ယောဟန်၏ဦးခေါင်းကို လင်ပန်းပေါ်တင်၍ ယူလာကာ မိန်းကလေးအားပေးလေသော် သူသည် မိမိ၏မိခင်ထံသို့ ယူဆောင်သွားလေ၏။