၁ ရာချုပ် 10:9 - Common Language Bible9 သူတို့သည်ရှောလု၏ဦးခေါင်းကိုဖြတ်၍ အဝတ်တန်ဆာများကိုချွတ်ပစ်ကြ၏။ ထို နောက်စေတမန်တို့အားရှောလု၏ဦးခေါင်း နှင့်လက်နက်များကိုယူဆောင်၍ ဖိလိတ္တိ ပြည်ကိုလှည့်လည်ကာမိမိတို့အမျိုး သားများနှင့်ရုပ်တုများရှိရာအရပ် များတွင်သတင်းကောင်းကိုကြေညာ စေကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible9 ဦး ခေါင်း တော် ကို ဖြတ်၍ ချွတ် သိမ်း သော လက် နက် စုံ နှင့် တ ကွ ကိုယ့် ပြည် ရှိ ရုပ် ပွား များ၊ လူ သူ များ ထံ သ တင်း ကြော် ငြာ ရာ အ ဖြစ် အ နှံ့ အ ပြား ပို့ လိုက် ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible9 အဝတ်တန်ဆာတော်ကို ချွတ်ပြီးမှ ခေါင်းတော်၊ လက်နက်တော်ကိုယူ၍ သူတို့ရုပ်တုအိမ်များ၌လည်းကောင်း၊ လူများတို့၌လည်းကောင်း၊ သတင်းကျော်စောစေခြင်းငှာ၊ ဖိလိတ္တိပြည်အရပ်ရပ်သို့ ပေးလိုက်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 သူတို့သည် ရှောလုမင်းကြီး၏စစ်ဝတ်တန်ဆာကို ချွတ်ပြီး ဦးခေါင်းနှင့်တကွ စစ်ဝတ်တန်ဆာများကို ယူသွားကြ၏။ ထို့နောက် ဖိလိတ္တိပြည်တစ်ပြည်လုံးသို့ လူလွှတ်၍ သူတို့၏ရုပ်တုများနှင့် ပြည်သူပြည်သားများထံ၌ ထိုသတင်းကောင်းကိုကြေညာစေ၏။ အခန်းကိုကြည့်ပါ။ |
သူသည်မိမိ၏လက်နက်များကိုသယ် ဆောင်ပေးသူလုလင်ပျိုအား``ဘုရားမဲ့ ဖိလိတ္တိအမျိုးသားတို့လာ၍ ငါ့အား သရော်မော်ကားမပြုလုပ်နိုင်ကြစေရန် သင်သည်ဋ္ဌားကိုဆွဲထုတ်ကာငါ့အား သတ်လော့'' ဟုဆို၏။ သို့ရာတွင်ထိုလုလင် သည်မင်းကြီးကိုသတ်ရန်ကြောက်ရွံ့လျက် နေသဖြင့် ရှောလုသည်မိမိ၏ဋ္ဌားကိုဆွဲ ထုတ်ပြီးလျှင် ဋ္ဌားပေါ်တွင်လှဲချကာ မိမိကိုယ်ကိုအဆုံးစီရင်တော်မူ၏။-
ကောင်းကင်ဘုံရှင်ကိုဆန့်ကျင်ဘက်ပြု၍ ဗိမာန်တော်မှရွှေဖလားများကိုရှေ့တော် သို့ယူစေတော်မူခဲ့ပါ၏။ အရှင်နှင့်တကွ အရှင့်မှူးမတ်များ၊ မိဖုရားများ၊ မောင်း မမိဿံများသည်ထိုရွှေဖလားများတွင် စပျစ်ရည်ကိုထည့်၍သောက်ပြီးလျှင် မျက်စိ မမြင်၊ နားမကြား၊ အဘယ်အရာကိုမျှ မသိသောရွှေ၊ ငွေ၊ကြေးဝါ၊ သံ၊ သစ်သား၊ ကျောက်တို့နှင့်လုပ်သောဘုရားများကို ထောမနာပြုကြပေသည်။ သို့ရာတွင် အရှင်သည်မိမိ၏အသက်ကိုလည်းကောင်း၊ မိမိပြုသောအမှုကိစ္စမှန်သမျှကို လည်းကောင်းစိုးပိုင်တော်မူသောဘုရားသခင်၏ဂုဏ်တော်ကိုကားချီးမွမ်းတော် မမူပါ။-