ဤသို့ဖြင့် ရှောလုမင်းကြီးနှင့် သူ့သားသုံးယောက်အပါအဝင် သူ၏မိသားစုဝင်အပေါင်းတို့သည် အတူသေကြရလေ၏။
၁ ရာချုပ် 10:7 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားများထွက်ပြေးကြရကြောင်း၊ ရှောလုမင်းကြီးနှင့်သားတော်များ ကျဆုံးပြီဖြစ်ကြောင်းကို ချိုင့်ဝှမ်းလွင်ပြင်၌နေသော အစ္စရေးအမျိုးသားအပေါင်းတို့ သိမြင်လျှင် သူတို့လည်း မြို့ရွာများကို စွန့်၍ထွက်ပြေးကြ၏။ ထိုအခါ ဖိလိတ္တိလူမျိုးတို့သည် ထိုမြို့ရွာတို့တွင် ဝင်ရောက်နေထိုင်ကြလေ၏။ Common Language Bible ယေဇရေလချိုင့်ဝှမ်းတွင်နေထိုင်ကြသော ဣသရေလအမျိုးသားတို့သည် မိမိတို့၏ စစ်သည်များတပ်လန့်၍သွားကြောင်းကိုလည်း ကောင်း၊ ရှောလုမင်းနှင့်သားတို့ကွယ်လွန်သွား ကြောင်းကိုလည်းကောင်းကြားသိလေသော် မိမိ တို့၏မြို့များကိုစွန့်ပစ်၍ထွက်ပြေးကြကုန် ၏။ ထိုအခါဖိလိတ္တိအမျိုးသားတို့သည် လာ၍ထိုမြို့များကိုသိမ်းပိုက်ကြ၏။ Garrad Bible ချိုင့် တွင် နေ ထိုင် သ မျှ သော ဣ သ ရေ လ လူ မျိုး တို့ သည် ရှော လု မင်း နှင့် သား တော် တို့ ကွယ် လွန် ကြောင်း ရဲ မက် တို့ ဆုတ် ပြေး ရ ကြောင်း များ ကို ကြား သိ လျှင် ကိုယ့် မြို့ ရွာ များ မှ စွန့် ခွာ ထွက် ပြေး ကြ ရာ ဖိ လိ တ္တိ လူ မျိုး တို့ ဝင် ရောက် နေ ထိုင် ကြ၏။ Judson Bible ဣသရေလလူပြေးကြောင်း၊ ရှောလုနှင့် သူ၏သားများသေကြောင်းကို၊ ချိုင့်၌နေသော ဣသရေလလူအပေါင်းတို့သည်သိမြင်လျှင်၊ မြို့ရွာတို့ကို စွန့်ပစ်သဖြင့်၊ ဖိလိတ္တိလူတို့သည်လာ၍နေကြ၏။ |
ဤသို့ဖြင့် ရှောလုမင်းကြီးနှင့် သူ့သားသုံးယောက်အပါအဝင် သူ၏မိသားစုဝင်အပေါင်းတို့သည် အတူသေကြရလေ၏။
နောက်တစ်နေ့တွင် ဖိလိတ္တိလူမျိုးတို့သည် သေဆုံးသွားသောသူတို့၏ကိုယ်မှ ပစ္စည်းများကိုချွတ်ယူရန် လာကြသောအခါ ဂိလဗောတောင်ပေါ်တွင် ရှောလုမင်းကြီးနှင့် သူ့သားသုံးယောက်တို့ လဲကျသေဆုံးနေကြသည်ကို တွေ့ရ၏။
ငါသည် သင်တို့၏မြို့များကို ပြိုပျက်စေ၍ သင်တို့၏သန့်ရှင်းရာဌာနကို လူသူကင်းမဲ့စေမည်။ သင်တို့၏မွှေးကြိုင်သောရနံ့ကိုလည်း ငါခံယူမည်မဟုတ်။
သင်တို့ထဲမှ အသက်ရှင်ကျန်ရစ်သောသူတို့သည် ရန်သူတို့၏ပြည်၌နေကြရစဉ် သူတို့၏စိတ်နှလုံးထဲသို့ ထိတ်လန့်ခြင်းကို ငါသွင်းမည်။ လေတိုက်၍လှုပ်သောသစ်ရွက်အသံသည် သူတို့ကိုထွက်ပြေးစေလိမ့်မည်။ သူတို့သည် လိုက်သောသူမရှိသော်လည်း ဓားဘေးမှထွက်ပြေးသောသူကဲ့သို့ ပြေးကြ၍ လဲကျကြလိမ့်မည်။
သင့်မြေ၏အသီးအနှံ၊ သင့်ချွေးနှဲစာရှိသမျှတို့ကို သင်မသိသောလူမျိုးသည် စားလိမ့်မည်။ သင်သည် နှိပ်စက်ညှဉ်းဆဲခြင်းကိုသာ တစ်ချိန်လုံးခံရလိမ့်မည်။
သင့်တွင်ရှိသော တိုင်းတစ်ပါးသားတို့သည် သင့်ထက် မြင့်သည်ထက်မြင့်သွားလိမ့်မည်။ သင်မူကား နိမ့်သည်ထက်နိမ့်သွားလိမ့်မည်။
မိဒျန်လူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို ညှဉ်းဆဲကြ၏။ မိဒျန်လူမျိုးကြောင့် အစ္စရေးအမျိုးသားတို့သည် တောင်များတွင်ရှိသော တွင်းများ၊ လိုဏ်ဂူများတွင် ခိုလှုံစရာနေရာများ ပြုလုပ်ကြရ၏။
အစ္စရေးအမျိုးသားတို့သည် မိမိတို့၏စစ်သည် အပြင်းအထန်နှိမ်နင်းခံရ၍ ဒုက္ခရောက်နေသည်ကို သိမြင်လေ၏။ စစ်သည်တို့သည် လိုဏ်ဂူ၊ ဆူးချုံတော၊ ကျောက်ဆောင်၊ မြေတွင်းနှင့် လိုဏ်ခေါင်းများထဲ၌ ပုန်းအောင်းနေကြရလေ၏။
အစ္စရေးအမျိုးသားများ ထွက်ပြေးကြရကြောင်း၊ ရှောလုမင်းကြီးနှင့်သားတော်များလည်း ကျဆုံးပြီဖြစ်ကြောင်းကို ချိုင့်ဝှမ်းလွင်ပြင်တစ်ဖက်ခြမ်းနှင့် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းတို့၌နေသော အစ္စရေးအမျိုးသားတို့ သိမြင်လျှင် သူတို့သည်လည်း မြို့ရွာများကို စွန့်၍ထွက်ပြေးကြ၏။ ထိုအခါ ဖိလိတ္တိလူမျိုးတို့သည် ထိုမြို့ရွာတို့တွင် ဝင်ရောက်နေထိုင်ကြလေ၏။