အာဗြံသည် ထိုပြည်ကိုဖြတ်သွား၍ ရှေခင်အရပ်၊ မောရေတောင်ကုန်းရှိ ဝက်သစ်ချပင်တိုင်အောင် ရောက်လေ၏။ ထိုကာလတွင် ခါနာန်လူမျိုးတို့သည် ထိုပြည်၌ရှိကြ၏။
၁ ရာချုပ် 10:12 - မြန်မာ့စံမီသမ္မာကျမ်း စစ်သူရဲတစ်ယောက်မကျန်ထ၍ ရှောလုမင်းကြီးအလောင်းနှင့် သူ့သားတို့၏အလောင်းများကိုသွားယူပြီး ယာဗက်မြို့သို့ယူဆောင်လာကာ အရိုးများကို ယာဗက်မြို့ရှိ သပိတ်ပင်အောက်တွင် သင်္ဂြိုဟ်ပြီးနောက် ခုနစ်ရက်တိုင်တိုင် အစာရှောင်ကြ၏။ Common Language Bible သူရဲကောင်းအပေါင်းတို့သည်သွား၍ ရှောလု မင်းနှင့်သားတို့၏အလောင်းများကိုယာဗက် မြို့သို့ယူဆောင်ခဲ့ကြ၏။ ထိုနောက်အရိုးတို့ကို ဝက်သစ်ချပင်အောက်တွင်သင်္ဂြိုဟ်ကြပြီးလျှင် ခုနစ်ရက်တိုင်တိုင်အစာရှောင်ကြကုန်၏။ Garrad Bible သူ ရဲ ကောင်း အ ပေါင်း တို့ သည် ချီ သွား လျက် ရှော လု မင်း နှင့် သား တော် တို့ အ လောင်း များ ကို ယူ ပြီး သော် ယာ ဗက် မြို့ ရောက် ပို့၍ အ ရိုး တော် များ ကို ယာ ဗက် မြို့ ရှိ ညန် ပင် အောက် တွင် ဘူ မိ စျာ ပ န ပြု ပြီး မှ ခု နက် ရက် တိုင် တိုင် အ စာ ရှောင် ကြ လေ ၏။ Judson Bible သူရဲအပေါင်းတို့သည် ရှောလု၏အလောင်းနှင့် သူ၏သားအလောင်းတို့ကိုယူသွား၍၊ ယာဗက်မြို့သို့ ဆောင်ခဲ့သဖြင့်၊ အရိုးတို့ကို ယာဗက်မြို့မှာ သပိတ်ပင်အောက်၌ သင်္ဂြိုဟ်ပြီးမှ ခုနစ်ရက်ပတ်လုံးအစာရှောင်ကြ၏။ |
အာဗြံသည် ထိုပြည်ကိုဖြတ်သွား၍ ရှေခင်အရပ်၊ မောရေတောင်ကုန်းရှိ ဝက်သစ်ချပင်တိုင်အောင် ရောက်လေ၏။ ထိုကာလတွင် ခါနာန်လူမျိုးတို့သည် ထိုပြည်၌ရှိကြ၏။
ထို့နောက် ရေဗက္ကာ၏အထိန်း ဒေဗောရသည် သေဆုံး၍ ဗေသလအရပ်အနိမ့်ပိုင်း၊ ဝက်သစ်ချပင်အောက်၌ သူ့ကိုသင်္ဂြိုဟ်လေ၏။ ထို့ကြောင့် ထိုအပင်၏အမည်ကို အာလုမ္ဘာကုတ် ဟုခေါ်၏။
သူတို့သည် ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာတဒ်ကောက်နယ်တလင်းသို့ရောက်သောအခါ ထိုအရပ်၌ သူတို့သည် ခါးသီးစွာအော်ဟစ်ငိုကြွေးမြည်တမ်းကြ၏။ ယောသပ်သည် မိမိဖခင်အတွက် ခုနစ်ရက်ပတ်လုံးငိုကြွေးမြည်တမ်းခြင်းကိုပြုလေ၏။
ထို့နောက် နေမဝင်မီ လူအပေါင်းတို့သည် လာ၍ ဒါဝိဒ်မင်းကြီးအား စားတော်ခေါ်ရန် တိုက်တွန်းလေ၏။ သို့သော် ဒါဝိဒ်မင်းကြီးက “နေမဝင်မီ မုန့်ဖြစ်စေ၊ အစာတစ်စုံတစ်ရာကိုဖြစ်စေ စားမိလျှင် ဘုရားသခင်သည် ငါ့ကိုစီရင်တော်မူပါစေသော။ ထိုထက်မက ပြုတော်မူပါစေသော”ဟု ကျိန်ဆိုလေ၏။
ရှောလုမင်းကြီးအပေါ် ဖိလိတ္တိလူမျိုးတို့ပြုခဲ့သမျှကို ယာဗက်ဂိလဒ်မြို့သားအပေါင်းတို့ ကြားသိသောအခါ
များစွာသောဂျူးလူမျိုးတို့သည် မာသနှင့်မာရိတို့ကို သူတို့၏မောင်အတွက်နှစ်သိမ့်ရန် သူတို့ထံသို့ရောက်နေကြ၏။
အမ္မုန်လူမျိုးနာဟတ်သည် ချီလာ၍ ယာဗက်ဂိလဒ်မြို့နားတွင် တပ်ချ၏။ ထိုအခါ ယာဗက်မြို့သားတို့က နာဟတ်အား “ကျွန်ုပ်တို့နှင့် မဟာမိတ်ဖွဲ့ပါလော့။ အရှင့်ထံ၌ အစေခံပါမည်”ဟု ဆိုကြ၏။
သူတို့သည် ရောက်လာသောတမန်တို့အား “ ‘မနက်ဖြန် နေမြင့်ချိန်၌ သင်တို့ကို လာကယ်တင်မည်’ဟု ယာဗက်ဂိလဒ်မြို့သားတို့အား ပြန်ပြောလော့”ဟု မှာလိုက်၏။ တမန်တို့သည်လည်း ပြန်လည်ပြောပြကြရာ ယာဗက်မြို့သားတို့သည် အလွန်ဝမ်းမြောက်ကြ၏။
စစ်သူရဲတစ်ယောက်မကျန်ထ၍ ညတွင်းချင်းအရောက်ချီသွားကြပြီး ဗက်ရှန်မြို့ရိုး၌ချိတ်ထားသော ရှောလုမင်းကြီးအလောင်းနှင့်သူ့သားတို့၏အလောင်းများကို ဖြုတ်ယူပြီးလျှင် ယာဗက်မြို့သို့ယူဆောင်လာကာ ထိုမြို့တွင် မီးသင်္ဂြိုဟ်လိုက်ကြ၏။