ရှောလုမင်းကြီး၏စစ်ဝတ်တန်ဆာများကို သူတို့၏ဘုရားဝတ်ကျောင်းတွင်ထားပြီး ဦးခေါင်းကိုမူ ဒါဂုန်ဝတ်ကျောင်းတွင် ချိတ်ဆွဲထားကြ၏။
၁ ရာချုပ် 10:11 - မြန်မာ့စံမီသမ္မာကျမ်း ရှောလုမင်းကြီးအပေါ် ဖိလိတ္တိလူမျိုးတို့ပြုခဲ့သမျှကို ယာဗက်ဂိလဒ်မြို့သားအပေါင်းတို့ ကြားသိသောအခါ Common Language Bible ရှောလုအားဖိလိတ္တိအမျိုးသားတို့အဘယ် သို့ပြုကျင့်ကြသည်ကို ဂိလဒ်ပြည်ယာဗက် မြို့သားတို့ကြားလျှင်။- Garrad Bible ရှော လု မင်း၌ ဖိ လိ တ္တိ တပ် သား တို့ ပြု သော အ ခြင်း အ ရာ ကို ဂိ လဒ် နယ်၊ ယာ ဗက် မြို့ သူ မြို့ သား တို့ ကြား လျှင်၊ Judson Bible ဖိလိတ္တိလူတို့သည် ရှောလု၌ပြုသမျှကို ဂိလဒ်ပြည် ယာဗက်မြို့သားများကြားလျှင်၊ |
ရှောလုမင်းကြီး၏စစ်ဝတ်တန်ဆာများကို သူတို့၏ဘုရားဝတ်ကျောင်းတွင်ထားပြီး ဦးခေါင်းကိုမူ ဒါဂုန်ဝတ်ကျောင်းတွင် ချိတ်ဆွဲထားကြ၏။
စစ်သူရဲတစ်ယောက်မကျန်ထ၍ ရှောလုမင်းကြီးအလောင်းနှင့် သူ့သားတို့၏အလောင်းများကိုသွားယူပြီး ယာဗက်မြို့သို့ယူဆောင်လာကာ အရိုးများကို ယာဗက်မြို့ရှိ သပိတ်ပင်အောက်တွင် သင်္ဂြိုဟ်ပြီးနောက် ခုနစ်ရက်တိုင်တိုင် အစာရှောင်ကြ၏။
သူတို့က “အစ္စရေးအမျိုးအနွယ်တို့တွင် မည်သူသည် မိဇပါမြို့သို့ မလာကြသနည်း။ မည်သူသည် ထာဝရဘုရားရှေ့တော်သို့ မလာကြသနည်း”ဟု စစ်ဆေးမေးမြန်းကြသောအခါ ယာဗက်ဂိလဒ်မြို့သားတစ်ယောက်မျှ လူစုဝေးရာစခန်းသို့ ရောက်မလာကြသည်ကို သိရလေ၏။