၁ ရာချုပ် 1:36 - မြန်မာ့စံမီသမ္မာကျမ်း ဧလိဖတ်၏သားများမှာ တေမန်၊ ဩမရ၊ ဇေဖိ၊ ဂါတံ၊ ကေနတ်၊ တိမနနှင့်အာမလက် တို့ဖြစ်ကြ၏။ Common Language Bible ဧလိဖတ်သည် တေမန်၊ သြမရ၊ ဇေပေါ်၊ ဂါတံ၊ ကေနတ်၊ တိမနနှင့်အာမလက်အနွယ်တို့၏ ဘိုးဘေးဖြစ်လာ၏။- Garrad Bible ဧ လိ ဖတ် သား များ ကား၊ တေ မန်၊ သြ မ ရ၊ ဇေ ဖိ၊ ဂါ တံ၊ ကေ နတ်၊ တိ မ န၊ အာ မ လက် တို့ တည်း။ Judson Bible ဧလိဖတ်သားကား တေမန်၊ ဩမရ၊ ဇေပေါ်၊ ဂါတံ၊ ကေနတ်မှစ၍ တိမနတွင် ရသောသား အာမလက်တည်း။ |
ထို့ကြောင့် ဧဒုံပြည်ကိုဆန့်ကျင်၍ ထာဝရဘုရား ကြံစည်ထားသောအကြံအစည်၊ တေမန်ပြည်သားတို့ကိုဆန့်ကျင်၍ ရည်ရွယ်ထားသောရည်ရွယ်ချက်တို့ကို နားထောင်ကြလော့။ အကယ်စင်စစ် ရန်သူသည် သူတို့၏သိုးငယ်လေးများကို ဆွဲခေါ်သွားကြမည်။ အကယ်စင်စစ် ကိုယ့်ကြောင့် ကိုယ့်စားကျက်မြေ ဖျက်ဆီးခြင်းခံရမည်။
ဧဒုံပြည်နှင့်ပတ်သက်၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “တေမန်မြို့၌ ပညာရှိ မရှိတော့သလော။ အသိဉာဏ်ရှိသောသူတို့သည် အကြံမပေးနိုင်တော့သလော။ သူတို့ ဉာဏ်ပညာမဲ့ကြပြီလော။
ထို့ကြောင့် ငါသည် တေမန်မြို့အပေါ် မီးကိုလွှတ်၍ ဗောဇရခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်”ဟု မိန့်တော်မူ၏။
အို တေမန်မြို့၊ သင်၏စစ်သူရဲတို့ စိတ်ပျက်အားလျော့ကြသောကြောင့် ဧသောတောင်ရှိလူအားလုံး သတ်ဖြတ်သုတ်သင်ခြင်းခံရလိမ့်မည်။
ဘုရားသခင်သည် တေမန်မြို့မှ ကြွလာတော်မူ၏။ သန့်ရှင်းတော်မူသောအရှင်သည် ပါရန်တောင်မှ ကြွလာတော်မူ၏။ ကိုယ်တော်၏ဘုန်းတော်သည် ကောင်းကင်တစ်ပြင်လုံးကိုဖုံးလွှမ်း၍ ဂုဏ်တော်ချီးမွမ်းသံသည်လည်း မြေတစ်ပြင်လုံး ပျံ့နှံ့လေ၏။ (စေလာ)