ယောသပ်သည် မိမိစားပွဲမှအစားအစာများကို ညီအစ်ကိုတို့ထံသို့ပေးလိုက်၏။ ဗင်္ယာမိန်ရသောအစားအစာသည် အစ်ကိုအသီးသီးတို့ထက် ငါးဆများ၏။ သူတို့သည် ယောသပ်နှင့်အတူ စားသောက်ပျော်ပါးကြ၏။
၁ ရာ 9:23 - မြန်မာ့စံမီသမ္မာကျမ်း ရှမွေလက စားတော်ကဲအား “သီးသန့်ဖယ်ထားဖို့ ငါမှာထားသောအသားကို ယူခဲ့လော့”ဟု ဆို၏။ Common Language Bible ရှမွေလကစားတော်ကဲအား``သင့်အားသီး သန့်ထားရှိရန် ငါမှာကြားထားသည့်အမဲ သားတုံးကိုယူခဲ့လော့'' ဟုဆို၏။- Garrad Bible ပွဲ တော် ချက် ကို ခေါ် လျက် သိမ်း ထား ပါ ဆို၍ ငါ အပ် ပေး သော အ သား ကို ယူ ဆောင် ခဲ့ လော့ ဟု မိန့် ဆို သည့် အ တိုင်း Judson Bible ပွဲသူကြီးကိုလည်း ခေါ်ပြီးလျှင်၊ သင်၌ငါအပ်ပေး၍အခြားစီထားစေခြင်းငှာ၊ ငါမှာခဲ့သောအဖို့ကို ယူခဲ့တော့ဟု ဆိုသည်အတိုင်း၊ |
ယောသပ်သည် မိမိစားပွဲမှအစားအစာများကို ညီအစ်ကိုတို့ထံသို့ပေးလိုက်၏။ ဗင်္ယာမိန်ရသောအစားအစာသည် အစ်ကိုအသီးသီးတို့ထက် ငါးဆများ၏။ သူတို့သည် ယောသပ်နှင့်အတူ စားသောက်ပျော်ပါးကြ၏။
သူသည် ဟန္နကိုချစ်သောကြောင့် ဝေစုနှစ်ဆခွဲဝေပေး၏။ သို့သော် ထာဝရဘုရားသည် ဟန္နကိုသန္ဓေတည်ခွင့်ပေးတော်မမူ။
ထို့နောက် ရှမွေလသည် ရှောလုနှင့် သူ့ငယ်သားကို ခန်းမထဲသို့ခေါ်လာ၍ ဖိတ်ခေါ်ထားသောသူအယောက်သုံးဆယ်ခန့်တို့ ရှေ့၌ ထိုင်စေပြီးလျှင်
စားတော်ကဲသည် ပေါင်သားကိုယူလာ၍ ရှောလုရှေ့တွင် ချထား၏။ ရှမွေလက “သင့်ရှေ့၌ချထားသောအသားကို စားပါ။ ဤအသားသည် ဖိတ်ခေါ်ထားသောသူတို့နှင့်အတူ သတ်မှတ်ထားသောအချိန်တွင်စားဖို့ သင့်အတွက် ဖယ်ထားပေးသောအသားဖြစ်၏”ဟု ဆို၏။ ထို့ကြောင့် ထိုနေ့တွင် ရှောလုသည် ရှမွေလနှင့်အတူ စားသောက်လေ၏။