၁ ရာ 9:22 - မြန်မာ့စံမီသမ္မာကျမ်း22 ထို့နောက် ရှမွေလသည် ရှောလုနှင့် သူ့ငယ်သားကို ခန်းမထဲသို့ခေါ်လာ၍ ဖိတ်ခေါ်ထားသောသူအယောက်သုံးဆယ်ခန့်တို့ ရှေ့၌ ထိုင်စေပြီးလျှင် အခန်းကိုကြည့်ပါ။Common Language Bible22 ထိုနောက်ရှမွေလသည် ရှောလုနှင့်သူ၏ အစေခံကိုဧည့်ခန်းသို့ခေါ်သွားပြီးလျှင် ဧည့်သည်စုစုပေါင်းသုံးဆယ်ထိုင်လျက်နေ သောစားပွဲထိပ်တွင်နေရာချထားပေး၏။- အခန်းကိုကြည့်ပါ။Garrad Bible22 ထို အ ခါ ရှ မွေ လ သည် ရှော လု နှင့် ငယ် သား ကို ဧည့် ခန်း အ တွင်း သို့ ခေါ် သွင်း သ ဖြင့် သုံး ကျိပ် ခန့် ရှိ သော ခေါ် ဖိတ် ခံ ရ သူ ပ ရိ သတ် တို့ ထက် ထူး မြတ် သော နေ ရာ ကို ပေး ပြီး နောက် အခန်းကိုကြည့်ပါ။Judson Bible22 ထိုအခါ ရှမွေလသည် ရှောလုနှင့် သူ၏ငယ်သားကိုခေါ်၍ အိမ်ခန်းထဲသို့ သွင်းပြီးလျှင်၊ ခေါ်ဖိတ်သောသူ သုံးဆယ်တို့တွင် အမြတ်ဆုံးသောအရပ်၌ထိုင်စေ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ယောသပ်အတွက်တစ်ပွဲ၊ ယောသပ်၏ညီအစ်ကိုတို့အတွက်တစ်ပွဲ၊ ယောသပ်နှင့်အတူစားသောအီဂျစ်လူမျိုးတို့အတွက်တစ်ပွဲ သီးသန့်စီပြင်ဆင်ကြ၏။ အကြောင်းမှာ အီဂျစ်လူမျိုးတို့သည် ဟေဗြဲလူမျိုးတို့နှင့်အတူ အစားအစာမစားရ။ အတူတူစားခြင်းသည် အီဂျစ်လူမျိုးတို့အတွက် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။
ရှောလုကလည်း “အကျွန်ုပ်အမျိုးအနွယ်သည် အစ္စရေးအမျိုးအနွယ်တို့တွင် အငယ်ဆုံးဖြစ်သောဗင်္ယာမိန်အမျိုးအနွယ်မှ ဖြစ်သည်မဟုတ်လော။ အကျွန်ုပ်၏မျိုးနွယ်စုသည်လည်း ဗင်္ယာမိန်မျိုးနွယ်စုအပေါင်းတို့တွင် အသိမ်ငယ်ဆုံးမျိုးနွယ်စု ဖြစ်သည်မဟုတ်လော။ ယခု အကျွန်ုပ်အား အဘယ်ကြောင့် ဤစကားများကိုပြောသနည်း”ဟု ပြန်ပြော၏။