ရှမွေလသည် ရှောလုကိုမြင်သောအခါ ထာဝရဘုရားက ရှမွေလအား “ကြည့်ရှုလော့။ ဤသူသည် သင့်အား ငါမိန့်ကြားထားသောသူ ဖြစ်၏။ သူသည် ငါ့လူမျိုးတော်ကို အုပ်ချုပ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ရှောလုကိုရှမွေလတွေ့မြင်ချိန်၌ထာဝရ ဘုရားက``သင့်အားငါဖော်ပြခဲ့သောသူ ကားဤသူပင်ဖြစ်၏။ သူသည်ငါ၏လူမျိုး တော်ကိုအုပ်စိုးရလိမ့်မည်'' ဟုမိန့်တော်မူ၏။-
ထာ ဝ ရ ဘု ရား က၊ ငါ ဗျာ ဒိတ် ပေး ခဲ့ သော သူ့ ကို ကြည့် လော့။ လူ မျိုး တော့် အ ပေါ် တွင် ထို သူ အာ ဏာ ပိုင် ခွင့် ရှိ လိမ့် မည် ဟု မိန့် တော် မူ ပြန်၏။
ရှမွေလသည် ရှောလုကို မြင်သောအခါ၊ ထာဝရဘုရားက၊ ငါပြောသောသူကို ကြည့်လော့၊ ဤသူသည် ငါ၏လူတို့ကို အုပ်ချုပ်ရလိမ့်မည်ဟု မိန့်တော်မူ၏။
ဂျေရုဆလင်မြို့တံခါးများကို ဥပုသ်နေ့မတိုင်မီတစ်ရက် မှောင်ရီပျိုးအချိန်မှစ၍ ပိတ်ထားရမည်။ ထိုတံခါးတို့ကို ဥပုသ်နေ့ကုန်မှပြန်ဖွင့်ရမည်ဟု ငါမှာထား၏။ ဥပုသ်နေ့တွင် အထုပ်အပိုးများ မသယ်ဆောင်လာရန် မြို့တံခါးများတွင် ငါ့လူအချို့ကို အစောင့်ချထား၏။
သို့ဖြစ်၍ ငါသည် သူတို့ကို ဆူပူကြိမ်းမောင်းပြီး ကျိန်ဆဲ၏။ အချို့ကိုရိုက်နှက်ဆုံးမ၏။ ဆံပင်ကိုဆွဲနုတ်၏။ ဘုရားသခင်ရှေ့၌ကျိန်ဆိုစေပြီးလျှင် သူတို့အား “သင်တို့၏သမီးများကို သူတို့၏သားများနှင့်မပေးစားရ၊ သင်တို့နှင့် သင်တို့၏သားများသည်လည်း သူတို့၏သမီးများကို မယူရ။
ထာဝရဘုရား၏အမိန့်တော်အတိုင်း ငါ့ဘထွေး၏သား ဟာနမေလသည် ငါရှိရာထောင်ဝင်းသို့လာ၍ ငါ့အား ‘သင်သည် ပိုင်ဆိုင်ခွင့်၊ ရွေးနုတ်ပိုင်ခွင့်ရှိသူဖြစ်၍ ဗင်္ယာမိန်ပြည်၊ အာနသုတ်မြို့ရှိ ကျွန်ုပ်၏လယ်ကို ဝယ်ယူပါလော့။ သင့်အတွက် ဝယ်ယူပါလော့’ဟု ဆို၏။ ထိုအခါ ဤစကားသည် ထာဝရဘုရား၏စကားတော်ဖြစ်ကြောင်းကို ငါသိ၏။
ငါသည် အမျက်ထွက်၍ ရှင်ဘုရင်တစ်ပါးကို သင့်အား ပေးခဲ့၏။ အမျက်ထွက်၍ပင် သူ့ကို ဖယ်ရှားခဲ့၏။
ထိုမှတစ်ဖန် သူတို့သည် ဘုရင်ကိုတောင်းကြသဖြင့် ဘုရားသခင်သည် ဗင်္ယာမိန်အနွယ်မှ ကိရှ၏သားရှောလုကို အနှစ်လေးဆယ်တိုင်တိုင် သူတို့အား ပေးတော်မူ၏။
သူ့သားတို့သည် ကိုယ့်ကိုယ်ကိုယ်ကျိန်ဆဲစရာဖြစ်သည့်တိုင်အောင် အပြစ်ပြုသည်ကို သူသိသော်လည်း သူသည် သားတို့ကိုမဆုံးမသောကြောင့် ထိုဒုစရိုက်အပြစ်အတွက် ငါသည် သူ့အိမ်သူအိမ်သားတို့ကို အစဉ်ဒဏ်ခတ်မည်ဖြစ်ကြောင်း သူ့ကိုငါပြောထားပြီးဖြစ်၏။
ရှောလုသည် မြို့တံခါးနားရှိ ရှမွေလထံသို့ ချဉ်းကပ်လာလျက် “စိတ်အာရုံရသူ၏အိမ်သည် အဘယ်မှာရှိသနည်း။ အကျွန်ုပ်အား ပြောပြပါလော့”ဟု ဆို၏။