ဗာဇိလဲသည် အသက်ရှစ်ဆယ်ရှိပြီဖြစ်၍ အိုမင်းလှပြီ။ သူသည် အလွန်ချမ်းသာသောသူဖြစ်၍ မဟာနိမ်အရပ်တွင် ရှင်ဘုရင်စံမြန်းနေစဉ်အတွင်း ကျွေးမွေးပြုစုခဲ့၏။
၁ ရာ 9:1 - မြန်မာ့စံမီသမ္မာကျမ်း ကိရှအမည်ရှိသော ဗင်္ယာမိန်အမျိုးသားတစ်ယောက်ရှိ၏။ သူသည် ဗင်္ယာမိန်အမျိုးသားအာဖိ၏တီ၊ ဗေခေါရတ်၏မြစ်၊ ဇေရော်၏မြေး၊ အဗျေလ၏သားဖြစ်၏။ သူသည် ဥစ္စာပစ္စည်းကြွယ်ဝသူတစ်ဦးဖြစ်၏။ Common Language Bible ဗင်္ယာမိန်အနွယ်ဝင်လူတစ်ယောက်ရှိ၏။ သူ၏ နာမည်မှာကိရှဖြစ်၏။ သူ့အဖသည်အဗျေလ၊ အဖိုးကားဇေရော်ဖြစ်၏။ သူသည်အာဖိသား ချင်းစုဝင်ဖြစ်သောဗေခေါရတ်အိမ်ထောင်စု မှဆင်းသက်လာသူတည်း။ ကိရှသည်ချမ်းသာ ကြွယ်ဝ၍သြဇာတိက္ကမရှိသူတစ်ယောက် ဖြစ်ပေသည်။- Garrad Bible ထို အ ခါ ဗင်္ယာ မိန် အ နွယ်၊ အာ ဖိ တီ၊ ဗေ ခေါ ရတ် မြစ်၊ ဇေ ရော့် မြေး၊ အ ဗျေ လ သား၊ ကိ ရှ အ မည် ရှိ သော ပေါ များ သူ တစ် ယောက် ရှိ၏။ Judson Bible ဗင်္ယာမိန်အမျိုးသား အာဖိ၊ ဗေခေါရတ်၊ ဇေရော်၊ အဗျေလမှ ဆင်းသက်၍ ကိရှအမည်ရှိသော ဗင်္ယာမိန်အမျိုးသားတစ်ယောက် ရှိ၏။ သူသည်အလွန် ခွန်အားကြီးသောသူ ဖြစ်၏။ |
ဗာဇိလဲသည် အသက်ရှစ်ဆယ်ရှိပြီဖြစ်၍ အိုမင်းလှပြီ။ သူသည် အလွန်ချမ်းသာသောသူဖြစ်၍ မဟာနိမ်အရပ်တွင် ရှင်ဘုရင်စံမြန်းနေစဉ်အတွင်း ကျွေးမွေးပြုစုခဲ့၏။
ရှုရှန်နန်းတော်တွင် မော်ဒကဲဟုခေါ်သော ဂျူးလူမျိုးတစ်ဦးရှိ၏။ သူသည် ဗင်္ယာမိန်အမျိုး ကိရှ၏မြစ်၊ ရှိမိ၏မြေး၊ ယာဣရ၏သားဖြစ်၏။
သူသည် သိုးခုနစ်ထောင်၊ ကုလားအုတ်သုံးထောင်၊ နွားအရှဉ်းငါးရာ၊ မြည်းငါးရာနှင့် အစေခံအများအပြား ပိုင်ဆိုင်ထား၏။ အရှေ့ပြည်သားအပေါင်းတို့တွင် သူသည် အချမ်းသာဆုံးဖြစ်၏။
ထိုမှတစ်ဖန် သူတို့သည် ဘုရင်ကိုတောင်းကြသဖြင့် ဘုရားသခင်သည် ဗင်္ယာမိန်အနွယ်မှ ကိရှ၏သားရှောလုကို အနှစ်လေးဆယ်တိုင်တိုင် သူတို့အား ပေးတော်မူ၏။
ထိုအခါ လူတို့သည် ပြေးသွား၍ သူ့အား အထုပ်အပိုးကြားမှ ခေါ်ထုတ်လာကြ၏။ သူသည် လူတို့အလယ်တွင် ရပ်နေသောအခါ လူအားလုံးထက်ခေါင်းတစ်လုံးစာ ပိုမြင့်၏။
ရှောလုမင်းကြီး၏ဖခင် ကိရှနှင့်အာဗနာ၏ဖခင်နေရတို့သည် အဗျေလ၏သားများ ဖြစ်ကြ၏။
ထိုစဉ်က ကရမေလမြို့တွင် လုပ်ငန်းလုပ်ကိုင်၍ အလွန်ချမ်းသာသောသူ မောနမြို့သားတစ်ဦးရှိ၏။ သူသည် သိုးအကောင်သုံးထောင်၊ ဆိတ်အကောင်တစ်ထောင် ပိုင်ဆိုင်ပြီး ကရမေလမြို့၌နေ၍ သိုးများကို အမွေးညှပ်လျက်ရှိ၏။