သင်တို့၏လယ်ယာများ၊ စပျစ်ခြံများ၊ သံလွင်ခြံများထဲမှ အကောင်းဆုံးသီးနှံများကို သိမ်းယူပြီး သူ၏အမှုထမ်းတို့အား ပေးလိမ့်မည်။
သူသည်သင်တို့၏အကောင်းဆုံးလယ်ယာ များ၊ စပျစ်ဥယျာဉ်များနှင့်သံလွင်ခြံများ ကိုသိမ်းယူကာ မိမိ၏အမှုထမ်းတို့အား ပေးအပ်လိမ့်မည်။-
သင် တို့ လယ် ကွက် မှ စ၍ စ ပျစ် သံ လွင် ခြံ များ အ နက် အ ကောင်း ဆုံး ကို သိမ်း ယူ လျက်၊ ကျေး ကျွန် တို့ အား အပ် ပေး လိမ့် မည်။
သင်တို့လယ်ကွက်၊ စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ် အကောင်းဆုံးတို့ကိုယူ၍ မိမိကျွန်တို့အား ပေးလိမ့်မည်။
သူ့အား ထာဝရဘုရားက ‘သင်သည် လူကိုသတ်သည်သာမက သူ့ဥစ္စာကိုပါ သိမ်းယူပါပြီတကား’ဟူ၍ မိန့်တော်မူပြီဟု ဆင့်ဆိုလော့။ ထို့ပြင် သူ့အား ထာဝရဘုရားက ‘နာဗုတ်၏သွေးကို ခွေးတို့လျက်သောနေရာတွင် သင့်သွေးကိုလည်း လျက်လိမ့်မည်’ဟူ၍ မိန့်တော်မူပြီဟု ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
အာဟပ်မင်းကြီးက နာဗုတ်အား “သင့်စပျစ်ခြံသည် ငါ့နန်းတော်နှင့်နီးသောကြောင့် ဟင်းသီးဟင်းရွက်ခြံပြုလုပ်လိုသဖြင့် ငါ့ကို ပေးပါလော့။ ထိုခြံအစား ပိုကောင်းသောစပျစ်ခြံကို ပေးမည်။ သို့မဟုတ် တန်ဖိုးငွေကို သင်အလိုရှိလျှင် ငါပေးမည်”ဟု မိန့်ဆိုလျှင်
ထိုအခါ မိဖုရားယေဇဗေလက “မင်းကြီးသည် ယခု အစ္စရေးဘုရင်ဖြစ်သည်မဟုတ်လော။ ထ၍ အစာကိုစားတော်မူပါ။ စိတ်ကိုရွှင်လန်းအောင် ထားပါ။ ယေဇရေလမြို့သားနာဗုတ်၏စပျစ်ခြံကို မင်းကြီးအား အကျွန်ုပ်ကိုယ်တိုင် ဆက်သပါမည်”ဟု လျှောက်ဆိုလေ၏။
မင်းသားသည် ပြည်သူတို့ပိုင်ဆိုင်သောအမွေမြေကို အနိုင်အထက်မလုယူရ။ သူ့သားများအား သူပိုင်ဆိုင်သောမြေထဲမှ အမွေခွဲဝေပေးရမည်။ သို့မှ ငါ့လူမျိုးတော်တစ်စုံတစ်ယောက်မျှ သူတို့ပိုင်ဆိုင်သောအမွေမြေမှ ကွဲလွင့်သွားရတော့မည်မဟုတ်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ထို့ကြောင့် ရှောလုမင်းကြီးက သူ့ကိုခစားနေသောအမှုထမ်းတို့အား “ဗင်္ယာမိန်အမျိုးသားတို့၊ နားထောင်ကြ။ ယေရှဲ၏သားသည် သင်တို့အားလုံးကို လယ်မြေများ၊ စပျစ်ခြံများ ပေးမည်လော။ သင်တို့အားလုံးကို လူတစ်ထောင်အုပ်၊ လူတစ်ရာအုပ်အရာ ခန့်အပ်မည်လော။
သင်တို့၏သမီးပျိုများကိုလည်း ခေါ်ယူ၍ အမွှေးနံ့သာဖော်စပ်သူ၊ ချက်ပြုတ်သူ၊ မုန့်ဖုတ်သူ စသည်ဖြင့် ခိုင်းစေလိမ့်မည်။
သင်တို့၏ကောက်ပဲသီးနှံများ၊ စပျစ်သီးများထဲမှ ဆယ်ဖို့တစ်ဖို့ကိုသိမ်းယူ၍ သူ၏မှူးမတ်များ၊ အစေအပါးများကို ပေးလိမ့်မည်။