အစ္စရေးအမျိုးသားတို့သည်လည်း မိဇပါမြို့မှထွက်၍ ဗက်ကာမြို့အောက်ဘက်တိုင်အောင် ဖိလိတ္တိလူမျိုးတို့ကို လိုက်လံသတ်ဖြတ်လေ၏။
ဣသရေလအမျိုးသားတို့သည်မိဇပါမြို့ မှထွက်၍ သူတို့အားဗက်ကာမြို့အနီးသို့ တိုင်အောင်လိုက်လံသတ်ဖြတ်ကြ၏။
ဣ သ ရေ လ ရဲ မက် တို့ လည်း မိ ဇ ပါ မြို့ မှ ချီ ထွက်၍ ဗက် ကာ မြို့ အ ရောက် ဖိ လိ တ္တိ တပ် ကို လိုက် လံ လုပ် ကြံ လေ ၏။
ဣသရေလလူတို့သည် မိဇပါမြို့မှထွက်၍ ဖိလိတ္တိလူတို့ကိုလုပ်ကြံလျက်၊ ဗက်ကာမြို့တိုင်အောင် လိုက်ကြ၏။
ထာဝရဘုရားသည် ထိုသူတို့ကို အစ္စရေးစစ်သည်တို့ရှေ့၌ ကစဥ့်ကလျားဖြစ်စေတော်မူ၏။ အစ္စရေးစစ်သည်တို့သည် ဂိဗောင်မြို့၌ ရန်သူအမြောက်အမြားကို တိုက်ခိုက်သတ်ဖြတ်ပြီး ဗေသောရုန်မြို့သို့တက်သွားသောလမ်းအတိုင်း အဇေကာမြို့၊ မက္ကဒါမြို့တိုင်အောင် လိုက်လံတိုက်ခိုက်ကြ၏။
ထိုသို့ ရှမွေလသည် မီးရှို့ရာယဇ်ကို ပူဇော်နေစဉ် ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို တိုက်ခိုက်ရန် စစ်ချီလာကြ၏။ ထိုအချိန်တွင် ထာဝရဘုရားသည် ကျယ်လောင်စွာမိုးချုန်းစေ၍ ဖိလိတ္တိလူမျိုးတို့ကို ကစဥ့်ကလျားဖြစ်စေတော်မူ၏။ ဤသို့ဖြင့် ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ရှေ့၌ ရှုံးနိမ့်လေ၏။
ထို့နောက် ရှမွေလသည် ကျောက်တုံးတစ်တုံးကိုယူ၍ မိဇပါမြို့နှင့် ရှင်မြို့ကြားတွင် ထားပြီး “ထာဝရဘုရားသည် ယခုတိုင်အောင် ငါတို့ကိုကူညီမစတော်မူ၏”ဟု ဆိုလျက် ထိုကျောက်တုံး၏အမည်ကို ဧဗနေဇာဟုခေါ်လေ၏။