၁ ရာ 7:10 - မြန်မာ့စံမီသမ္မာကျမ်း
10 ထိုသို့ ရှမွေလသည် မီးရှို့ရာယဇ်ကို ပူဇော်နေစဉ် ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို တိုက်ခိုက်ရန် စစ်ချီလာကြ၏။ ထိုအချိန်တွင် ထာဝရဘုရားသည် ကျယ်လောင်စွာမိုးချုန်းစေ၍ ဖိလိတ္တိလူမျိုးတို့ကို ကစဥ့်ကလျားဖြစ်စေတော်မူ၏။ ဤသို့ဖြင့် ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ရှေ့၌ ရှုံးနိမ့်လေ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
10 ရှမွေလသည်ယဇ်ပူဇော်လျက်နေစဉ်ဖိလိတ္တိ အမျိုးသားတို့သည် ဣသရေလအမျိုးသား တို့အားတိုက်ခိုက်ရန်ချီတက်လာကြ၏။ သို့ ရာတွင်ထိုအချိန်၌ပင်လျှင်ထာဝရဘုရား သည် သူတို့အပေါ်မှာပြင်းစွာမိုးချုန်းစေ တော်မူသဖြင့် သူတို့သည်ကစဥ့်ကရဲဖြစ် လျက်ထွက်ပြေးကြကုန်၏။-
အခန်းကိုကြည့်ပါ။ ကော်ပီ
10 ထို သ က္ကာ ကို ရှ မွေ လ ပူ ဇော် သည့် အ ခိုက်၊ ဖိ လိ တ္တိ တပ် သည် ဣ သ ရေ လ တပ် ကို တိုက် ခိုက် ရန် ချဉ်း လာ ရာ၊ ထာ ဝ ရ ဘု ရား မိုး ခြုန်း စေ တော် မူ သ ဖြင့် ဖိ လိ တ္တိ တပ် သား တို့ အ ထိတ် တ လန့် ဖြစ် လျက် ဣ သ ရေ လ တပ် ရှေ့ ရှုံး ကြ ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
10 ရှမွေလသည် မီးရှို့ရာယဇ်ကိုပူဇော်စဉ်အခါ၊ ဖိလိတ္တိလူတို့သည် ဣသရေလအမျိုးကိုတိုက်ခြင်းငှာ ချဉ်းလာကြ၏။ ထာဝရဘုရားသည်လည်း၊ ထိုနေ့၌ ဖိလိတ္တိလူတို့အပေါ်မှာ ပြင်းစွာမိုးချုန်းစေ၍၊ သူတို့တပ်ကို ဖျက်တော်မူသဖြင့်၊ ဣသရေလအမျိုးရှေ့မှာ ရှုံးကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ