မာကတ်မြို့၊ ရှာလဗိမ်မြို့၊ ဗက်ရှေမက်မြို့၊ ဧလုန်ဗက်သနန်မြို့တို့၏နယ်စားမင်း ဗင်ဒေကာ၊
၁ ရာ 6:12 - မြန်မာ့စံမီသမ္မာကျမ်း နွားမတို့သည် ဗက်ရှေမက်လမ်းအတိုင်း လမ်းမတစ်လျှောက် လက်ယာဘက်၊ လက်ဝဲဘက်သို့ မလွဲဘဲ အော်မြည်လျက် တည့်တည့်တက်သွား၏။ ဖိလိတ္တိမင်းတို့သည်လည်း ဗက်ရှေမက်နယ်နိမိတ်တိုင်အောင် အနောက်မှ လိုက်သွားကြ၏။ Common Language Bible နွားမတို့သည်ဗက်ရှေမက်လမ်းအတိုင်း စတင်ထွက်ခွာပြီး ဝဲယာမကွေ့ဘဲတည့် မတ်စွာတစ်လမ်းလုံးအော်မြည်လျက် ဗက် ရှေမက်မြို့ရှိရာသို့သွားကြလေသည်။ ဖိ လိတ္တိဘုရင်ငါးပါးတို့သည်ဗက်ရှေမက် မြို့နယ်စပ်အနီးအထိလိုက်ပါသွားကြ ၏။ Garrad Bible နွား မ တို့ သည် ဗက် ရှေ မက် မြို့ လမ်း မ ဖြင့် မ တိမ်း မ ယိမ်း ဖြောင့် ဖြောင့် တွန် လျက် သွား ကြ၏။ ဖိ လိ တ္တိ မင်း တို့ လည်း ဗက် ရှေ မက် နယ် နိ မိတ် တိုင် အောင် လိုက် ပို့ ကြ ၏။ Judson Bible နွားမတို့သည် ဗက်ရှေမက်လမ်းသို့ တည့်တည့်လိုက်၍ မြည်တွန်လျက် သွားကြ၏။ လက်ယာဘက် လက်ဝဲဘက်သို့မလွှဲ လမ်းမသို့သာ လိုက်ကြ၏။ ဖိလိတ္တိမင်းတို့သည် ဗက်ရှေမက်မြို့နယ်တိုင်အောင် လိုက်ကြ၏။ |
မာကတ်မြို့၊ ရှာလဗိမ်မြို့၊ ဗက်ရှေမက်မြို့၊ ဧလုန်ဗက်သနန်မြို့တို့၏နယ်စားမင်း ဗင်ဒေကာ၊
ဖာရောမင်းကြီးသည် သက်သာရာရကြောင်းကို သိမြင်သောအခါ ထာဝရဘုရားမိန့်ဆိုတော်မူခဲ့သည့်အတိုင်း သူ၏စိတ်နှလုံးသည်ခိုင်မာလျက် မောရှေနှင့်အာရုန်တို့၏စကားကို နားမထောင်ဘဲနေ၏။
အစ္စရေးအမျိုးသားတို့ကလည်း “အကျွန်ုပ်တို့သည် ရှင်ဘုရင်လမ်းမအတိုင်းသာ သွားပါမည်။ အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့၏တိရစ္ဆာန်တို့သည် အရှင်၏ရေကိုသောက်မိလျှင် အဖိုးအခကိုပေးပါမည်။ ခြေဖြင့်ဖြတ်သွားရုံသာဖြတ်သွားပါမည်”ဟု ပြန်လျှောက်၏။
တစ်ဖန် နယ်နိမိတ်သည် ဗာလာအရပ်မှ စိရတောင်ရှိရာအနောက်ဘက်သို့ကွေ့သွား၏။ ထိုမှ ခေသလုန် ခေါ် မြောက်ဘက်ယာရိမ်တောင်စောင်းတစ်လျှောက်ကိုဖြတ်၍ ဗက်ရှေမက်မြို့သို့ဆင်းလာပြီး တိမနတ်မြို့ကို ဖြတ်သွား၏။
ထာဝရဘုရား၏သေတ္တာတော်နှင့် ရွှေကြွက်ရုပ်များ၊ ပလိပ်နာဖုအရုပ်များထည့်ထားသောသေတ္တာကို လှည်းပေါ်၌တင်ကြ၏။
ဗက်ရှေမက်မြို့သားတို့သည် ချိုင့်ဝှမ်းလွင်ပြင်တို့၌ ဂျုံစပါးများ ရိတ်သိမ်းနေချိန်ဖြစ်၏။ သူတို့သည် မျှော်ကြည့်၍ သေတ္တာတော်ကိုမြင်လျှင် ဝမ်းသာအားရဖြစ်ကြ၏။
သို့သော် လှည်းကို စောင့်ကြည့်ပါ။ သေတ္တာတော်ရှိခဲ့ရာနယ်သို့သွားသောလမ်းဖြစ်သည့် ဗက်ရှေမက်မြို့သို့ တက်သွားမည်ဆိုလျှင် ကိုယ်တော်သည် ငါတို့အပေါ် ဤဘေးဆိုးကြီး ကျရောက်စေသည်မှာ မှန်၏။ ထိုလမ်းသို့မတက်လျှင်မူကား ကိုယ်တော်၏လက်တော်သည် ငါတို့ကို ဒဏ်ခတ်တော်မူသည်မဟုတ်ဘဲ တိုက်ဆိုင်မှုသာဖြစ်ကြောင်း သိရကြမည်”ဟု ဆိုကြ၏။