ထိုသို့ဖြင့် မိမိတို့၏ဘုန်းအသရေကို မြက်စားသောနွား၏ရုပ်တုနှင့် လဲလှယ်ကြ၏။
၁ ရာ 4:21 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်၏သေတ္တာတော်သည် ရန်သူ့လက်သို့ပါသွား၍ ယောက္ခမနှင့်ခင်ပွန်းသည်တို့လည်း ဆုံးပါးသွားသောကြောင့် “အစ္စရေးလူမျိုးထံမှ ဘုန်းအသရေ ပျောက်ကွယ်သွားပြီ”ဟု ဆိုလျက် ထိုသူငယ်၏အမည်ကို ဣခဗုဒ် ဟုမှည့်ခေါ်လေ၏။ Common Language Bible ထိုနောက်ပဋိညာဉ်သေတ္တာတော်ရန်သူတို့ လက်သို့ကျရောက်သွားသည်ကိုလည်းကောင်း၊ ယောက္ခမနှင့်ခင်ပွန်းကွယ်လွန်ကြသည်ကို လည်းကောင်းအကြောင်းပြု၍``ဣသရေလ အမျိုးသားတို့ဘုန်းအသရေကွယ်ပျောက် လေပြီ'' ဟုဆိုလျက် ထိုသားကိုဣခဗုဒ် ဟူ၍နာမည်မှည့်လေ၏။- Garrad Bible နောက် ဘု ရား သ ခင့် သေ တ္တာ တော် သုံ့ ရ ပါ သွား သည် ကိုလည်း ကောင်း၊ ယော က္ခ မ နှင့် လင် ပါ ဆုံး ကြ သည် ကို လည်း ကောင်း အ ကြောင်း ပြု၍ ဣ သ ရေ လ လူ မျိုး၏ ဘုန်း အ သ ရေ ကွယ် ပျောက် ပြီ ဟု ဆို လျက် ထို သား ကို ဣ ခ ဗုဒ် အ မည် ဖြင့် မှည့် လေ၏။ Judson Bible တစ်ဖန် ဘုရားသခင်၏သေတ္တာတော်သည် ရန်သူလက်သို့ ရောက်သောကြောင့်လည်းကောင်း၊ မိမိယောက္ခမနှင့် လင်အမှုကြောင့်လည်းကောင်း၊ ဣသရေလဘုန်းအသရေပျောက်ခဲ့ပြီဟုဆိုလျက်၊ ထိုသူငယ်ကို ဣခဗုဒ် အမည်ဖြင့်မှည့်၍၊ |
ထိုသို့ဖြင့် မိမိတို့၏ဘုန်းအသရေကို မြက်စားသောနွား၏ရုပ်တုနှင့် လဲလှယ်ကြ၏။
အို ထာဝရဘုရား၊ ကိုယ်တော်ကိန်းဝပ်ရာအိမ်တော်နှင့် ကိုယ်တော်၏ဘုန်းအသရေတည်ရှိရာအရပ်တို့ကို အကျွန်ုပ်မြတ်နိုးပါ၏။
ကိုယ်တော်သည် မိမိ၏အစွမ်းသတ္တိကို သုံ့ပန်းအဖြစ်သို့လည်းကောင်း၊ မိမိ၏ဂုဏ်ကျက်သရေကို ရန်သူတို့၏လက်သို့လည်းကောင်း ပေးအပ်တော်မူ၏။
ကိုယ်တော်၏ယဇ်ပုရောဟိတ်တို့သည် ဓားဘေးဖြင့်ကျဆုံးကြ၍ ကိုယ်တော်၏မုဆိုးမတို့သည် မငိုကြွေးရကြပေ။
လူမျိုးခြားတို့သည် ဘုရားမဟုတ်သော သူတို့၏ဘုရားများကိုပင် အလဲအလှယ်ပြုဖူးကြသလော။ ငါ့လူမျိုးတို့မူကား မိမိတို့၏ဘုန်းအသရေကို အကျိုးမပေးသောအရာနှင့် အလဲအလှယ်ပြုကြလေပြီ။
ဘုရားရှင်သည် ဇိအုန်သမီးပျိုကို အမျက်တော်မိုးတိမ်ဖြင့် ဖုံးအုပ်တော်မူပြီတကား။ မိုးထိမြင့်သောအစ္စရေးလူမျိုး၏ဂုဏ်ကျက်သရေကို မြေသို့တိုင် ရှုတ်ချတော်မူပြီ။ အမျက်တော်ထွက်ရာနေ့၌ မိမိ၏ခြေတင်ခုံကို မေ့ပစ်တော်မူပြီ။
အကယ်၍ သားသမီးမွေးလျှင်လည်း အားလုံးကို ငါဆုံးပါးစေမည်။ သူတို့ကို ငါစွန့်ပစ်သောအခါ သူတို့ အမင်္ဂလာဖြစ်လိမ့်မည်။
ထိုစဉ်က ရှိလောမြို့တွင် ထာဝရဘုရား၏ယဇ်ပုရောဟိတ် ဧလိ၏မြစ်၊ ဖိနဟတ်၏မြေး၊ ဣခဗုဒ်၏အစ်ကို၊ အဟိတုပ်၏သား အဟိယသည် ဧဖုဒ်ကိုဝတ်ဆင်လျက် ယဇ်ပုရောဟိတ်အဖြစ် အမှုဆောင်နေ၏။ ယောနသန်ထွက်သွားသည်ကို လူတစ်ယောက်မျှမသိ။
သင့်အဖို့ နိမိတ်လက္ခဏာကား သင့်သားနှစ်ဦးဖြစ်သော ဟောဖနိနှင့် ဖိနဟတ်တို့၌ ဖြစ်ပျက်မည့်အရာဖြစ်၏။ သူတို့နှစ်ဦးစလုံးသည် တစ်နေ့ချင်းတွင် သေရလိမ့်မည်။
ထိုနေ့ရက်တွင် ဧလိမှအစ သူ့အိမ်သူအိမ်သားတို့နှင့်ပတ်သက်၍ ငါမိန့်ဆိုထားသည့်အတိုင်း အစအဆုံးဖြစ်စေမည်။
ဘုရားသခင်၏သေတ္တာတော်သည် ရန်သူ့လက်သို့ပါသွားပြီး ဧလိ၏သားနှစ်ဦးဖြစ်သော ဟောဖနိနှင့်ဖိနဟတ်တို့လည်း ကျဆုံးလေ၏။
ထို့နောက် သူက “ဘုရားသခင်၏သေတ္တာတော်သည် ရန်သူတို့လက်သို့ပါသွားပြီဖြစ်၍ အစ္စရေးလူမျိုးထံမှ ဘုန်းအသရေ ပျောက်ကွယ်သွားလေပြီ”ဟု ဆိုလေ၏။