ထို့ကြောင့် ဒါဝိဒ်နှင့်သူ့နောက်လိုက်လူခြောက်ရာတို့သည် ချီသွား၍ ဗေသော်ချောင်းနားသို့ရောက်လျှင် နောက်၌ကျန်ခဲ့သူတို့က ထိုနေရာတွင် နေရစ်ခဲ့ကြ၏။
သို့ဖြစ်၍ဒါဝိဒ်နှင့်လူခြောက်ရာတို့သည် ထွက်ခွာသွားကြရာဗေသော်ချောင်းသို့ရောက် ရှိသောအခါ အချို့သောသူတို့သည်ထို အရပ်တွင်နေရစ်ကြ၏။-
အ ပေါင်း ပါ လူ ခြောက် ရာ နှင့် တ ကွ ဒါ ဝိဒ် ချီ လိုက်၍ ဗေ သော် ချောင်း သို့ ရောက် သော်၊ ၄င်း ချောင်း ကို ပင် မ ကူး နိုင် သည့် တိုင် အောင် မော ပန်း သော လူ နှစ် ရာ ကို ထား ခဲ့ ရ၏။ ထို သို့ ထား ခဲ့ သော သူ တို့ ရပ် နား စဉ်၊ ဒါ ဝိဒ် နှင့် လူ လေး ရာ လိုက် မြဲ လိုက် ကြ ရာ
ဒါဝိဒ်နှင့် သူ၌ပါသော လူခြောက်ရာတို့သည် သွား၍ ဗေသော်ချောင်းသို့ ရောက်သောအခါ၊ အချို့တို့သည် ထိုချောင်းနားမှာ နေရစ်ကြ၏။
အထံတော်ပါး၌ခစားရသောမင်းမှုထမ်းအားလုံးတို့သည် ဘုရင့်ရှေ့တော်၌ ချီသွားကြ၏။ ခေရသိလူမျိုးအားလုံး၊ ပေလသိလူမျိုးအားလုံးနှင့် ဂါသမြို့မှလိုက်လာသော ဂိတ္တိလူမျိုးအားလုံး လူအယောက်ခြောက်ရာတို့သည်လည်း ဘုရင့်ရှေ့တော်၌ ချီသွားကြ၏။
ဒါဝိဒ်သည် သူ့လူတို့ကို မိသားစုအလိုက် ခေါ်၍ ဟေဗြုန်မြို့ရွာတို့၌ နေထိုင်စေ၏။
ဒါဝိဒ်သည် ထ၍ သူ့နောက်လိုက်လူခြောက်ရာတို့နှင့်အတူ မောခ၏သား ဂါသဘုရင်အာခိတ်မင်းကြီးထံသို့ သွားလေ၏။
ဒါဝိဒ်နှင့်အတူ လူလေးရာတို့သည် ဆက်၍လိုက်ကြ၏။ လူနှစ်ရာမူကား မောပန်းလွန်းသဖြင့် ဗေသော်ချောင်းကိုပင် မကျော်နိုင်ဘဲ နေရစ်ခဲ့ကြ၏။