ဒါဝိဒ်က အဟိမလက်၏သား ယဇ်ပုရောဟိတ်အဗျာသာအား “ဧဖုဒ်ကို ငါ့ထံယူလာပေးပါလော့”ဟု ဆိုသဖြင့် အဗျာသာသည်လည်း ဒါဝိဒ်ထံ ဧဖုဒ်ကို ယူလာပေး၏။
ဒါဝိဒ်သည်အဟိမလက်၏သား၊ ယဇ်ပုရော ဟိတ်အဗျာသာအား``သင်တိုင်းတော်ကိုယူ ဆောင်ခဲ့လော့'' ဟုဆိုလျှင်အဗျာသာသည် သင်တိုင်းတော်ကိုယူဆောင်ခဲ့၏။-
ထို အ ခါ ဒါ ဝိဒ် က၊ ဧ ဖုဒ် ရ တ နာ ကို ပေး ပါ လော့ ဟု အ ဟိ မ လက် သား ပ ရော ဟိတ် အ ဗျာ သာ အား တောင်း ဆို သည့် အ တိုင်း အ ဗျာ သာ ပေး အပ် လျှင်
သင်တိုင်းတော်ကို ငါ့ထံသို့ဆောင်ခဲ့ပါလော့ဟု အဟိမလက်၏သား အဗျာသာကို ဆိုလျှင်၊ အဗျာသာသည် သင်တိုင်းတော်ကို ဒါဝိဒ်ထံသို့ ဆောင်ခဲ့လေ၏။
ထို့ပြင် ယဇ်ပုရောဟိတ်အဗျာသာကိုလည်း ရှင်ဘုရင်က “သင့်မြေရှိရာ အာနသုတ်မြို့ကို ပြန်သွားပါ။ သင်သည်လည်း သေသင့်သောသူဖြစ်၏။ သို့သော် သင်သည် ခမည်းတော်ဒါဝိဒ်မင်းကြီး၏ရှေ့တော်တွင် ဘုရားရှင်ထာဝရဘုရား၏သေတ္တာတော်ကို ထမ်းရသူ၊ ခမည်းတော်ခံရသောဒုက္ခဆင်းရဲအပေါင်းကို မျှဝေခံစားပေးခဲ့သူဖြစ်သောကြောင့် ယနေ့တွင် သင့်ကို ငါမသတ်”ဟု မိန့်ဆိုပြီးနောက်တွင်
ဧဖုဒ်ကို ရွှေချည်၊ အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်သောပိတ်ချောထည်ဖြင့် လက်ရာမြောက်စွာ ချုပ်လုပ်ရမည်။
သူသည် ယဇ်ပုရောဟိတ်မင်းအဗျာသာလက်ထက်တွင် ဘုရားသခင်၏အိမ်တော်သို့ဝင်၍ ယဇ်ပုရောဟိတ်များမှတစ်ပါး မည်သူမျှစားခွင့်မရှိသော ရှေ့တော်မုန့်ကိုစားပြီးလျှင် သူနှင့်အတူရှိသောသူတို့ကိုလည်း ပေးခဲ့၏”ဟု မိန့်တော်မူ၏။
ထိုအခါ လူတို့က ထာဝရဘုရားအား “ဤနေရာသို့ သူမရောက်လာသေးသလော”ဟု မေးလျှောက်လျှင် ထာဝရဘုရားက “ကြည့်ရှုလော့။ အထုပ်အပိုးများကြားတွင် သူပုန်းနေသည်”ဟု မိန့်တော်မူ၏။
ထိုအခါ ရှောလုမင်းကြီးက အဟိယအား “ဘုရားသခင်၏သေတ္တာတော်ကို ယူခဲ့လော့”ဟု ဆို၏။ ထိုစဉ်က ဘုရားသခင်၏သေတ္တာတော်မှာ အစ္စရေးအမျိုးသားတို့တွင် ရှိနေ၏။
ရှောလုမင်းကြီးသည် ယဇ်ပုရောဟိတ်မင်းအဟိယနှင့်စကားပြောနေစဉ် ဖိလိတ္တိတပ်စခန်းမှ ရုန်းရင်းဆန်ခတ်အသံများမှာ ပို၍ပို၍ကျယ်လာလေ၏။ ထို့ကြောင့် ရှောလုမင်းကြီးက ယဇ်ပုရောဟိတ်အား “ရှိပါစေတော့”ဟု ဆို၏။