ပင်လယ်အား ‘သင်တက်လာနိုင်၏။ ဤနေရာထက်မကျော်ရ၊ ဤနေရာသည် လှိုင်းလုံးကြီးများရှိရမည့်နေရာ ဖြစ်၏’ဟု ငါမှာထား၏။
၁ ရာ 30:2 - မြန်မာ့စံမီသမ္မာကျမ်း ထိုမြို့ရှိ မိန်းမများနှင့် လူကြီးလူငယ်အားလုံးကို ဖမ်းဆီးပြီး တစ်ယောက်ကိုမျှ မသတ်ဘဲ သူတို့နှင့်အတူ ခေါ်ဆောင်သွား၏။ Common Language Bible အမျိုးသမီးအပေါင်းတို့ကိုဖမ်းဆီးပြီး လျှင်ခေါ်ဆောင်သွားကြ၏။ သို့ရာတွင်မည် သူတစ်စုံတစ်ယောက်ကိုမျှမသတ်ခဲ့ကြ။ Garrad Bible မြို့ ရှိ မိန်း မ မှ စ သော အ ယုတ်၊ အ လတ်၊ အ မြတ် အ ပေါင်း တို့ ကို တစ် စုံ တစ် ယောက် မျှ မ သတ် ဘဲ သုံ့ ဘမ်း သိမ်း သွား နှင့် သ တည်း။ Judson Bible မြို့၌ရှိသော မိန်းမအကြီးအငယ် တစ်ယောက်ကိုမျှ မသတ်၊ ရှိသမျှတို့ကို သိမ်းသွားနှင့်ကြပြီ။ |
ပင်လယ်အား ‘သင်တက်လာနိုင်၏။ ဤနေရာထက်မကျော်ရ၊ ဤနေရာသည် လှိုင်းလုံးကြီးများရှိရမည့်နေရာ ဖြစ်၏’ဟု ငါမှာထား၏။
အကယ်စင်စစ် လူတို့၏အမျက်ဒေါသသည် ကိုယ်တော်ကိုချီးမွမ်းလိမ့်မည်။ ကိုယ်တော်သည် အမျက်ဒေါသအကြွင်းအကျန်များဖြင့် မိမိကိုယ်မိမိပတ်စည်းတော်မူလိမ့်မည်။
“ငါတို့ကို ဒါဝိဒ် ဤသို့ပြုပါပြီ”ဟု သတင်းထွက်မည်ကိုစိုးရိမ်၍ ဂါသမြို့သို့သတင်းမရောက်စေရန် ဒါဝိဒ်သည် ယောက်ျားမိန်းမ တစ်ယောက်မျှမကျန် အကုန်သုတ်သင်ပစ်၏။ ဖိလိတ္တိနယ်တွင် နေစဉ်ကာလတစ်လျှောက်လုံး ဤသို့ပြုလေ၏။
ဒါဝိဒ်သည် လူကြီးလူငယ်မှစ၍ သားသမီးများကို တစ်ယောက်မကျန်၊ တိုက်ခိုက်လုယူသွားသောပစ္စည်းများကိုလည်း တစ်ခုမကျန် အားလုံးပြန်လည်တိုက်ယူနိုင်ခဲ့၏။
ဒါဝိဒ်နှင့်သူ့နောက်လိုက်တို့ မြို့သို့ပြန်ရောက်ချိန်တွင် မြို့မှာ မီးရှို့ဖျက်ဆီးထားခြင်းခံရသည်ကို တွေ့ရှိရ၏။ သူတို့၏ဇနီးနှင့် သားသမီးတို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီဖြစ်သောကြောင့်