ထာဝရဘုရားသည် ကြွလာ၍ရပ်တော်မူလျက် “ရှမွေလ၊ ရှမွေလ”ဟု ယခင်ကကဲ့သို့ ခေါ်တော်မူလျှင် ရှမွေလက “အမိန့်ရှိတော်မူပါ။ ကိုယ်တော်၏အစေအပါး နာခံလျက်ရှိပါ၏”ဟု ပြန်လျှောက်လေ၏။
ထာဝရဘုရားသည်ကြွလာတော်မူ၍ ရှမွေလအနီးတွင်ရပ်တော်မူလျက်``ရှမွေလ၊ ရှမွေလ'' ဟုရှေးနည်းတူခေါ်တော်မူ၏။ ရှမွေလက``အမိန့်ရှိတော်မူပါ။ ကိုယ်တော်၏ ကျွန်နာခံလျက်ရှိပါ၏'' ဟုလျှောက်၏။
ထာ ဝ ရ ဘု ရား ကြွ ရောက် တည် နေ၍ ရှ မွေ လ၊ ရှ မွေ လ ဟု အ ထက် နည်း တူ ခေါ် တော် မူ လျှင် ရှ မွေ လ က၊ အ မိန့် ရှိ တော် မူ ပါ။ ကျွန် တော် မျိုး နာ ခံ လျက် ရှိ ပါ သည် ဟု ပြန် လျှောက် ရာ
ထာဝရဘုရားသည်လည်း ရှေ့နည်းတူ လာရပ်လျက်၊ ရှမွေလ၊ ရှမွေလဟု ခေါ်တော်မူလျှင်၊ ရှမွေလက၊ အိုထာဝရဘုရား အမိန့်ရှိတော်မူပါ။ ကိုယ်တော်ကျွန်ကြားပါသည်ဟု လျှောက်လေသော်၊
ထိုသူကလည်း “မည်သည့်ဘက်ကမှ မဟုတ်ပါ။ ငါသည် ထာဝရဘုရားခန့်အပ်ထားသောစစ်သူကြီးအဖြစ် လာခြင်းဖြစ်၏”ဟု ဆို၏။ ထိုအခါ ယောရှုက ထိုသူရှေ့တွင် ပျပ်ဝပ်ကိုးကွယ်လျက် “အကျွန်ုပ်သခင်၊ သခင့်အစေအပါးကို မည်သို့မိန့်ဆိုမည်နည်း”ဟု မေးလေ၏။
ယခုမှာ ကြည့်ရှုလော့။ သင်တို့ကို ဦးဆောင်မည့် ရှင်ဘုရင်မှာ သူပင်ဖြစ်၏။ ငါမူကား အသက်ကြီး၍ ဆံပင်ဖြူလေပြီ။ ငါ့သားတို့လည်း သင်တို့နှင့်အတူရှိ၏။ ငါသည် ငယ်စဉ်မှစ၍ ယနေ့အထိ သင်တို့ကို ဦးဆောင်ပေးခဲ့ပြီ။
ထိုအခါ ထာဝရဘုရားက ရှမွေလအား “ကြည့်ရှုလော့။ ကြားရသူတိုင်း နားခါးစေမည့်အဖြစ်ကို အစ္စရေးလူမျိုးတွင် ငါပြုမည်။
ရှမွေလသည် နံနက်တိုင်အောင် အိပ်ပြီးမှ ထာဝရဘုရား၏အိမ်တော်တံခါးများကို ဖွင့်၏။ သူမြင်ရသော နိမိတ်အာရုံအကြောင်း ဧလိအား ဖွင့်ပြောရမည်ကို ရှမွေလကြောက်ရွံ့နေမိ၏။
ထာဝရဘုရားသည် ရှိလောမြို့တွင် အကြိမ်ကြိမ် ထင်ရှားပြတော်မူ၏။ အကြောင်းမူကား ထာဝရဘုရားသည် ရှိလောမြို့ရှိ ရှမွေလထံ ထာဝရဘုရား၏နှုတ်တော်ထွက်စကားအားဖြင့် ကိုယ်ထင်ရှားပြလေ့ရှိ၏။
ထာဝရဘုရားသည် ရှမွေလကို တတိယအကြိမ်ခေါ်တော်မူပြန်၏။ ရှမွေလသည်လည်း ထ၍ ဧလိထံသို့သွားပြီးလျှင် “အရှင်ခေါ်သောကြောင့် အကျွန်ုပ်လာပါ၏”ဟု ဆိုပြန်၏။ ထိုအခါ သူငယ်ကို ထာဝရဘုရားခေါ်တော်မူကြောင်း ဧလိသိသွားလေ၏။
ထို့ကြောင့် ဧလိက ရှမွေလအား “ပြန်အိပ်ပါလော့။ သင့်ကို နောက်တစ်ဖန်ခေါ်လျှင် ‘ထာဝရဘုရား၊ အမိန့်ရှိတော်မူပါ။ ကိုယ်တော့်အစေအပါး နာခံလျက်ရှိပါ၏’ဟု ပြန်လျှောက်လော့”ဟု မှာလိုက်၏။ ရှမွေလပြန်သွား၍ မိမိအိပ်ရာ၌ အိပ်လေ၏။