ထိုအရပ်ကို “ထာဝရဘုရား ပြင်ဆင်တော်မူမည်”ဟူသောအမည်ဖြင့် အာဗြဟံခေါ်သည့်အတိုင်း ယနေ့တိုင်အောင် “ထာဝရဘုရား၏တောင်ပေါ်၌ ပြင်ဆင်ထားပေလိမ့်မည်”ဟု ဆိုလေ့ရှိ၏။
၁ ရာ 29:10 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သင်နှင့်လိုက်ပါလာသော သင့်သခင်၏အစေအပါးတို့နှင့်အတူ နံနက်စောစောထလော့။ နံနက်စောစောထ၍ မိုးလင်းသည်နှင့် ထွက်သွားကြလော့”ဟု ဆို၏။ Common Language Bible ဒါဝိဒ်၊ သင်နှင့်တကွရှောလုထံမှငါ့ထံသို့ ပြောင်းရွှေ့လာကြသူအပေါင်းတို့သည် နက်ဖြန် နံနက်စောစောထ၍မိုးလင်းလျှင်လင်းချင်း ထွက်ခွာသွားကြလော့'' ဟုပြန်ပြော၏။ Garrad Bible ထို ကြောင့် လိုက် ပါ သော သင့် အ ရှင်၏ ကျွန် တို့ နှင့် အ တူ နံ နက် အ ချိန် ထ၍ မိုး လင်း လျှင် လင်း ချင်း ပြန် သွား လော့ ဟု ဒါ ဝိဒ် အား မိန့် ဆို သည့် အ တိုင်း Judson Bible သို့ဖြစ်၍ သင်နှင့်လိုက်လာသော သင့်သခင်၏ ကျွန်တို့နှင့်အတူ နံနက်စောစောထ၍ မိုးလင်းသောအခါ ပြန်သွားတော့ဟု ဒါဝိဒ်အား ဆိုသည်အတိုင်း၊ |
ထိုအရပ်ကို “ထာဝရဘုရား ပြင်ဆင်တော်မူမည်”ဟူသောအမည်ဖြင့် အာဗြဟံခေါ်သည့်အတိုင်း ယနေ့တိုင်အောင် “ထာဝရဘုရား၏တောင်ပေါ်၌ ပြင်ဆင်ထားပေလိမ့်မည်”ဟု ဆိုလေ့ရှိ၏။
ဖိလိတ္တိလူမျိုးတို့သည် ရှောလုမင်းကြီးကို စစ်တိုက်သွားသောအခါ ဒါဝိဒ်လည်း လိုက်ပါရာ မနာရှေအမျိုးအချို့တို့သည် ဒါဝိဒ်ထံရောက်လာကြ၏။ သို့သော် ဖိလိတ္တိမင်းကြီးတို့က “သူသည် သူ့သခင်ရှောလုမင်းကြီးနှင့် ပြန်ပေါင်းပြီး ငါတို့ခေါင်းကို အပ်ကောင်းအပ်လိမ့်မည်”ဟု အချင်းချင်းတိုင်ပင်ကြပြီး ဒါဝိဒ်ကိုပြန်လွှတ်လိုက်သဖြင့် ဒါဝိဒ်သည် သူတို့ကို စစ်ကူမတိုက်ဖြစ်ခဲ့ဘဲ
နေ့စဉ်နေ့တိုင်း ဒါဝိဒ်ကိုကူညီရန် ဝင်ရောက်လာသူများလာသဖြင့် ဘုရားသခင်၏တပ်ကဲ့သို့ အင်အားကြီးမားသောစစ်တပ်ကြီးဖြစ်လာလေ၏။
လူ၌ဖြစ်တတ်သောစုံစမ်းနှောင့်ယှက်ခြင်းကိုသာ သင်တို့ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ သင်တို့ခံနိုင်သည်ထက် ပိုလွန်သောစုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့အားခံစေတော်မူလိမ့်မည်မဟုတ်။ ထို့ပြင် သင်တို့ခံနိုင်မည့်အကြောင်း စုံစမ်းနှောင့်ယှက်ခြင်းနှင့်တကွ ထွက်မြောက်ရာလမ်းကိုလည်း ပြင်ဆင်ပေးတော်မူလိမ့်မည်။
သို့ဖြစ်၍ ထာဝရဘုရားသည် ဘုရားဝတ်၌မွေ့လျော်သောသူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းထဲမှ ကယ်နုတ်ရမည်ကိုလည်းကောင်း၊ မဖြောင့်မတ်သောသူတို့ကို တရားစီရင်ရာနေ့ရက်၌ အပြစ်ဒဏ်ခံစေရန်ထိန်းသိမ်းထားရမည်ကိုလည်းကောင်း သိတော်မူ၏။
ထို့ကြောင့် ဒါဝိဒ်သည် နံနက်စောစောထ၍ သူနှင့် သူ့နောက်လိုက်တို့သည် ဖိလိတ္တိပြည်သို့ ပြန်သွားကြ၏။ ဖိလိတ္တိလူမျိုးတို့ကား ယေဇရေလမြို့သို့ ချီသွားကြ၏။