ထိုအခါ ရှင်ဘုရင်က “သင့်ကို ထာဝရဘုရားကယ်တော်မမူလျှင် သင့်ကို ငါမည်သို့ကယ်ရမည်နည်း။ ကောက်နယ်တလင်းမှလော၊ သို့မဟုတ်လျှင် စပျစ်သီးနယ်ရာကျင်းမှလော”ဟု ပြန်လည်မိန့်ဆို၏။
၁ ရာ 28:16 - မြန်မာ့စံမီသမ္မာကျမ်း ရှမွေလကလည်း “ထာဝရဘုရားသည် သင့်ကိုစွန့်ပစ်၍ သင့်ရန်သူဖြစ်သွားသည်ကိုပင် အဘယ်ကြောင့် ငါ့ကို မေးမြန်းသေးသနည်း။ Common Language Bible ရှမွေလက``ထာဝရဘုရားသည်သင့်ကို စွန့်တော်မူ၍ရန်ဘက်ဖြစ်ပါလျက် သင် သည်အဘယ်ကြောင့်ငါ့ကိုခေါ်ယူပါ သနည်း။- Garrad Bible ကိုယ် တော် ကို ပင့် ရ ပါ သည် ဟု လျှောက် လျှင် ရှ မွေ လ က ထာ ဝ ရ ဘု ရား သည် သင် မှ ခွါ၍ တစ် ဘက်၌ ရှိ သည် မှန် မူ အ ဘယ် ကြောင့် ငါ့ ကို မေး တော့ သ နည်း။ Judson Bible ရှမွေလကလည်း၊ ထာဝရဘုရားသည် သင့်ကိုစွန့်၍ သင့်ရန်ဘက်ဖြစ်တော်မူသည်မှန်လျှင်၊ ငါ့ကို အဘယ်ကြောင့် မေးမြန်းသေးသနည်း။ |
ထိုအခါ ရှင်ဘုရင်က “သင့်ကို ထာဝရဘုရားကယ်တော်မမူလျှင် သင့်ကို ငါမည်သို့ကယ်ရမည်နည်း။ ကောက်နယ်တလင်းမှလော၊ သို့မဟုတ်လျှင် စပျစ်သီးနယ်ရာကျင်းမှလော”ဟု ပြန်လည်မိန့်ဆို၏။
ရန်သူကဲ့သို့ လေးကိုတင်တော်မူပြီ။ ရန်ဖက်ကဲ့သို့ လက်ယာလက်တော်ကို အသင့်ရှိစေ၍ လူတို့ တန်ဖိုးထားရသောသူအပေါင်းတို့ကို ကွပ်မျက်တော်မူပြီ။ ဇိအုန်သမီးပျို၏တဲအပေါ်၌ မီးကဲ့သို့သောအမျက်တော်ကို သွန်ချတော်မူပြီ။
ဘုရားရှင်သည် ရန်သူကဲ့သို့ဖြစ်လေပြီ။ အစ္စရေးလူမျိုးတို့ကို ဝါးမျိုတော်မူပြီ။ နန်းတော်ရှိသမျှတို့ကိုလည်း ဝါးမျိုတော်မူပြီ။ ခံတပ်တို့ကိုလည်း ဖျက်ဆီးတော်မူပြီ။ ယုဒသမီးပျို၌ ဝမ်းနည်းခြင်း၊ မြည်တမ်းခြင်းကို တိုးပွားစေတော်မူပြီ။
ကောင်းကင်မှစ၍ သန့်ရှင်းသူများ၊ တမန်တော်များနှင့် ပရောဖက်များတို့၊ ထိုမြို့၏အဖြစ်ကြောင့် ပျော်ရွှင်ကြလော့။ အကြောင်းမူကား ဘုရားသခင်သည် သင်တို့ဘက်၌နေ၍ ထိုမြို့အပေါ် ပြစ်ဒဏ်စီရင်ခြင်းကိုသက်ရောက်စေတော်မူပြီ”ဟု ဆိုသည်ကို ငါကြားရ၏။
ပရောဖက်များ၊ သန့်ရှင်းသူများနှင့် ကမ္ဘာမြေကြီးပေါ်တွင် အသေသတ်ခြင်းခံခဲ့ရသောသူအပေါင်းတို့၏သွေးကိုလည်း ထိုမြို့၌တွေ့ရ၏”ဟု ဆိုလေ၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏ရန်သူအလုံးစုံ ပျက်စီးကြပါစေ။ ကိုယ်တော့်ကိုချစ်သောသူတို့မူကား အရှိန်အဝါနှင့်ထွက်လာသောနေမင်းကဲ့သို့ဖြစ်ပါစေ”ဟူ၍ သီဆိုကြ၏။ ထို့နောက်တွင် တိုင်းပြည်သည် အနှစ်လေးဆယ်ပတ်လုံးငြိမ်းချမ်းလေ၏။
ရှမွေလကလည်း ရှောလုမင်းကြီးအား “အဘယ်ကြောင့် ငါ့ကိုခေါ်ပြီးနှောင့်ယှက်နေသနည်း”ဟု မေးလျှင် ရှောလုမင်းကြီးက “အကျွန်ုပ် အလွန်ဒုက္ခရောက်နေပါ၏။ ဖိလိတ္တိလူမျိုးတို့သည် အကျွန်ုပ်ကို လာတိုက်ပါ၏။ ဘုရားသခင်လည်း အကျွန်ုပ်ကို စွန့်ပစ်ပါပြီ။ ပရောဖက်အားဖြင့်ဖြစ်စေ၊ အိပ်မက်အားဖြင့်ဖြစ်စေ အကျွန်ုပ်ကို မထူးတော့ပါ။ အကျွန်ုပ် မည်သို့ပြုရမည်ကို ပြောပြပေးရန်အတွက် အရှင့်ကို ခေါ်ရခြင်းဖြစ်ပါ၏”ဟု ဆို၏။
ငါ့အား ထာဝရဘုရား မြွက်ဆိုတော်မူသည့်အတိုင်း သင်၌ ပြုတော်မူပြီ။ ထာဝရဘုရားသည် သင့်လက်ထဲရှိနိုင်ငံတော်ကို ရုပ်သိမ်းပြီး သင့်အမျိုးသားချင်းဒါဝိဒ်အား ပေးတော်မူပြီ။