ဘုရားသခင်အား ပြစ်မှားပြောဆိုခြင်းမပြုရ။ သင့်လူမျိုး၏ခေါင်းဆောင်ကို မကျိန်ဆဲရ။
၁ ရာ 28:13 - မြန်မာ့စံမီသမ္မာကျမ်း ရှင်ဘုရင်ကလည်း သူ့အား “သင်မကြောက်နှင့်။ ယခု အဘယ်အရာကို သင်မြင်သနည်း”ဟု မေးလျှင် ထိုမိန်းမက ရှောလုမင်းကြီးအား “မြေကြီးထဲမှ ဘုရားတစ်ပါး တက်လာသည်ကို မြင်ရပါ၏”ဟု ပြောပြ၏။ Common Language Bible မင်းကြီးကလည်း``မကြောက်နှင့်။ သင်မြင်သည့် အရာကိုငါ့အားဖော်ပြလော့'' ဟုမိန့်တော် မူ၏။ ထိုအမျိုးသမီးက``မြေထဲမှနတ်တစ်ပါး ပေါ်ထွက်လာသည်ကိုကျွန်မမြင်ပါ၏'' ဟု ဆိုလျှင်၊ Garrad Bible ရှော လု မင်း က လည်း၊ မ ကြောင့် လင့်။ ဘာ ကို မြင် ရ သ နည်း ဟု မေး သော် က ဝေ မ က၊ မြေ ထဲ က ဘု ရား တက် လာ သည် ကို မြင် ပါ သည် ဟု လျှောက် လျှင်၊ Judson Bible ရှင်ဘုရင်က မစိုးရိမ်နှင့်။ အဘယ်အရာကို မြင်သနည်းဟု မေးသော်၊ မိန်းမက၊ မြေကြီးထဲက ဘုရားတက်လာသည်ကို ကျွန်မမြင်ပါသည်ဟု လျှောက်၏။ |
ဘုရားသခင်အား ပြစ်မှားပြောဆိုခြင်းမပြုရ။ သင့်လူမျိုး၏ခေါင်းဆောင်ကို မကျိန်ဆဲရ။
သူသည် သင့်ကိုယ်စား လူတို့အား စကားပြောမည်။ သူသည် သင်၏နှုတ်ကဲ့သို့ဖြစ်၍ သင်သည် သူ၏ဘုရားကဲ့သို့ဖြစ်မည်။
ထိုမိန်းမသည် ရှမွေလကို မြင်လျှင် အသံကျယ်လောင်စွာအော်ဟစ်လျက် ရှောလုမင်းကြီးအား “အဘယ်ကြောင့် အကျွန်ုပ်ကို လှည့်စားသနည်း။ အရှင်ကား ရှောလုမင်းကြီးပင် မဟုတ်လော”ဟု ပြောဆိုလေ၏။
ရှောလုမင်းကြီးကလည်း “မည်သည့်ပုံစံ ရှိသနည်း”ဟု မေးလျှင် သူက “ဝတ်လုံဝတ်ထားသောအဖိုးအိုတစ်ဦး တက်လာပါ၏”ဟု ဆို၏။ ထိုသူသည် ရှမွေလ ဖြစ်ကြောင်း ရှောလုမင်းကြီး သိသဖြင့် မြေကြီးပေါ် ပျပ်ဝပ်လျက် ရှိခိုးလေ၏။