ထိုအသီးကိုစားသောနေ့တွင် သင်တို့သည် မျက်စိပွင့်လင်း၍ အကောင်းအဆိုးကိုသိကာ ဘုရားသခင်ကဲ့သို့ဖြစ်မည်ကို ဘုရားသခင်သိတော်မူသောကြောင့်ဖြစ်၏”ဟု မိန်းမအားဆိုလေ၏။
၁ ရာ 28:10 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ရှောလုမင်းကြီးက “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ဤအမှုကြောင့် သင့်အပေါ် အပြစ်မရောက်ရ”ဟု ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆို၏။ Common Language Bible ထိုအခါရှောလုက``ဤအမှုကိုပြုသည့် အတွက်သင်အပြစ်ဒဏ်မသင့်စေရပါဟု အသက်ရှင်တော်မူသောထာဝရဘုရား ကိုတိုင်တည်၍ငါကျိန်ဆိုကတိပြုပါ၏'' ဟုဆိုလျှင်၊ Garrad Bible ထာ ဝ ရ ဘု ရား အ သက် ရှင် တော် မူ သည့် အ တိုင်း ဤ အ မှု ကြောင့် အ ပြစ် ဒဏ် ခံ ရ မည် မ ဟုတ် ဟု ထာ ဝ ရ ဘု ရား ကို တိုင် တည်၍ ရှော လု မင်း သ စ္စာ ဆို လေ ၏။ Judson Bible ရှောလုက၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ဤအမှုကြောင့် အဘယ်အပြစ်မျှ မရောက်ရဟု ထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆိုလေ၏။ |
ထိုအသီးကိုစားသောနေ့တွင် သင်တို့သည် မျက်စိပွင့်လင်း၍ အကောင်းအဆိုးကိုသိကာ ဘုရားသခင်ကဲ့သို့ဖြစ်မည်ကို ဘုရားသခင်သိတော်မူသောကြောင့်ဖြစ်၏”ဟု မိန်းမအားဆိုလေ၏။
ထိုအမျိုးသမီးက “အရှင်မင်းကြီး၊ သွေးကြွေးတောင်းသောသူတို့သည် လူ့အသက်ကို ထပ်၍မသတ်ကြစေရန်၊ အကျွန်ုပ်၏သားကိုမဖျက်ဆီးကြစေရန် အရှင်မင်းကြီး၏ဘုရားသခင် ထာဝရဘုရားကို အောက်မေ့တော်မူပါ”ဟု လျှောက်ပြန်လျှင် ရှင်ဘုရင်က “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ သင့်သား၏ဆံချည်တစ်မျှင်မျှ မြေပေါ်မကျစေရ”ဟု ပြန်မိန့်ဆို၏။
သင်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်ကို အချည်းနှီးမမြွက်ဆိုရ။ အကြောင်းမူကား ထာဝရဘုရားသည် မိမိ၏နာမတော်ကို အချည်းနှီးမြွက်ဆိုသောသူအား အပြစ်မပေးဘဲနေတော်မူမည်မဟုတ်။
တစ်ဖန် “ငါ့ကိုသင်တောင်းသမျှ ငါ့နိုင်ငံတစ်ဝက်တိုင်အောင် သင့်အား ငါပေးမည်”ဟု တိုင်တည်ပြောဆိုလေ၏။
အစ္စရေးလူမျိုး၏ကယ်တင်ရှင် ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ငါ့သားယောနသန်ပင် ဖြစ်စေကာမူ မုချအသတ်ခံရမည်”ဟု ဆို၏။ သို့သော် မည်သူတစ်ဦးတစ်ယောက်မျှ သူ့ကို ပြန်၍မလျှောက်တင်ကြ။
ထိုအခါ ရှောလုမင်းကြီးသည် ယောနသန်၏စကားကို နားထောင်၍ “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ သူအသတ်ခံရမည်မဟုတ်”ဟု ကျိန်ဆို၏။
ထိုမိန်းမက “မည်သူ့ကို ခေါ်ပေးရမည်နည်း”ဟု မေးလျှင် ရှောလုမင်းကြီးက “ရှမွေလကို ခေါ်ပေးပါ”ဟု ဆို၏။
သို့သော် ထိုမိန်းမက “စင်စစ် ရှောလုမင်းကြီးသည် နတ်ဝင်သည်များ၊ နတ်ထိန်းသည်များအား တိုင်းပြည်ထဲမှ သုတ်သင်ဖယ်ရှားပစ်လိုက်သည်ကို သင်သိပါလျက်နှင့် အကျွန်ုပ်အသတ်ခံရအောင် အဘယ်ကြောင့် ထောင်ချောက်ဆင်သနည်း”ဟု ပြန်ပြော၏။