၁ ရာ 19:6 - မြန်မာ့စံမီသမ္မာကျမ်း6 ထိုအခါ ရှောလုမင်းကြီးသည် ယောနသန်၏စကားကို နားထောင်၍ “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ သူအသတ်ခံရမည်မဟုတ်”ဟု ကျိန်ဆို၏။ အခန်းကိုကြည့်ပါ။Common Language Bible6 ယောနသန်၏စကားများမှန်ကန်ကြောင်းကို ရှောလုကောင်းစွာသဘောပေါက်သဖြင့် မိမိ သည်ဒါဝိဒ်အားသေကြောင်းကြံစည်တော့မည် မဟုတ်ကြောင်းကို ထာဝရဘုရား၏နာမ တော်ကိုတိုင်တည်၍ကတိသစ္စာပြုတော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible6 ရှော လု မင်း သည် ယော န သန် တင် လျှောက် ချက် ကို နာ ယူ၍ ထာ ဝ ရ ဘု ရား အ သက် ရှင် တော် မူ သည့် အ တိုင်း သူ့ ကို သေ ကြောင်း ကြံ တော့ မည် မ ဟုတ် ဟု သ စ္စာ မူ လေ၏။ အခန်းကိုကြည့်ပါ။Judson Bible6 ရှောလုသည် ယောနသန်၏စကားကိုနားထောင်၍၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ သူသည် အသေမခံရဟု ကျိန်ဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
သူသည် အသက်ကိုရင်းပြီး ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်ခဲ့၏။ ထာဝရဘုရားသည် အစ္စရေးလူမျိုးအပေါင်းတို့အတွက် အောင်ပွဲကြီးကို ဆောင်ကြဉ်းပေးခဲ့သည်ကိုလည်း အရှင်မင်းကြီးမြင်၍ ဝမ်းမြောက်ခဲ့ပါ၏။ သို့ဖြစ်လျက် ဒါဝိဒ်ကို အကြောင်းမရှိဘဲ သတ်ဖြတ်ပြီး အပြစ်မဲ့သောသူကို အဘယ်ကြောင့် ပြစ်မှားရမည်နည်း”ဟု ဆို၏။