ရှောလုမင်းကြီး အနိစ္စရောက်ပြီးနောက် ဒါဝိဒ်သည် အာမလက်လူမျိုးတို့ကို တိုက်ခိုက်ချေမှုန်းရာမှ ပြန်လာ၍ ဇိကလတ်မြို့တွင် နှစ်ရက်နေပြီး
၁ ရာ 27:6 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ထိုနေ့တွင်ပင် အာခိတ်မင်းကြီးသည် သူ့အား ဇိကလတ်မြို့ကို ပေး၏။ ယနေ့တိုင်အောင် ဇိကလတ်မြို့သည် ယုဒဘုရင်တို့ ပိုင်ဆိုင်သောမြို့ ဖြစ်လေ၏။ Common Language Bible သို့ဖြစ်၍အာခိတ်သည်ဒါဝိဒ်အားဇိကလတ် မြို့ကိုပေးတော်မူ၏။ ဤအကြောင်းကြောင့် ဇိကလတ်မြို့သည် ယနေ့တိုင်အောင်ယုဒ ရှင်ဘုရင်တို့၏ပိုင်နက်ဖြစ်လေသည်။- Garrad Bible ထို နေ့ တွင် ပင် ဇိ က လတ် မြို့ ကို အာ ခိတ် မင်း ပေး အပ် သ ဖြင့်၊ ထို မြို့ သည် ယ ခု တိုင် ယု ဒ ဘု ရင် တို့ ပိုင် ဖြစ် သ တည်း။ Judson Bible ထိုနေ့၌ အာခိတ်မင်းသည် ဇိကလတ်မြို့ကိုပေး၏။ ထိုကြောင့် ယနေ့တိုင်အောင် ယုဒရှင်ဘုရင်တို့သည် ဇိကလတ်မြို့ကို ပိုင်ကြ၏။ |
ရှောလုမင်းကြီး အနိစ္စရောက်ပြီးနောက် ဒါဝိဒ်သည် အာမလက်လူမျိုးတို့ကို တိုက်ခိုက်ချေမှုန်းရာမှ ပြန်လာ၍ ဇိကလတ်မြို့တွင် နှစ်ရက်နေပြီး
ဒါဝိဒ်သည် ကိရှ၏သားရှောလုမင်းကြီးကို ဇိကလတ်မြို့၌ ရှောင်တိမ်းနေစဉ် သူ့ထံသို့လာ၍စစ်ကူတိုက်ပေးသော သူရဲကောင်းများမှာ ဤသူတို့ဖြစ်ကြ၏။
ဇိကလတ်မြို့သို့ပြန်လာရာ မနာရှေအမျိုးထဲမှ လူတစ်ထောင်အုပ်များဖြစ်သော အာဒန၊ ယောဇဗဒ်၊ ယေဒယေလ၊ မိက္ခေလ၊ ယောဇဗဒ်၊ ဧလိဟု၊ ဇိလသဲ တို့သည် လာရောက်ပူးပေါင်းကြ၏။
သူသည် အသက်ကိုရင်းပြီး ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်ခဲ့၏။ ထာဝရဘုရားသည် အစ္စရေးလူမျိုးအပေါင်းတို့အတွက် အောင်ပွဲကြီးကို ဆောင်ကြဉ်းပေးခဲ့သည်ကိုလည်း အရှင်မင်းကြီးမြင်၍ ဝမ်းမြောက်ခဲ့ပါ၏။ သို့ဖြစ်လျက် ဒါဝိဒ်ကို အကြောင်းမရှိဘဲ သတ်ဖြတ်ပြီး အပြစ်မဲ့သောသူကို အဘယ်ကြောင့် ပြစ်မှားရမည်နည်း”ဟု ဆို၏။
ဒါဝိဒ်က အာခိတ်မင်းကြီးအား “အကျွန်ုပ်သည် အရှင်မင်းကြီးရှေ့၌ မျက်နှာရမည်ဆိုလျှင် အကျွန်ုပ်နေထိုင်ဖို့ ကျေးလက်မြို့ တစ်မြို့မြို့ကို ပေးသနားပါ။ အရှင်မင်းကြီး၏အစေအပါးသည် အဘယ်ကြောင့် အရှင်မင်းကြီးနှင့်အတူ မင်းနေပြည်တော်တွင် နေရပါမည်နည်း”ဟု လျှောက်ဆို၏။
ဖိလိတ္တိတပ်မှူးတို့သည် သူ့ကိုအမျက်ထွက်၍ သူ့အား “ဤလူကို ပြန်ခိုင်းပါ။ သင်ပေးနေသောအရပ်သို့ ပြန်သွားပါစေ။ စစ်ပွဲ၌ ငါတို့ကို ရန်ပြုပြီး ပြန်မတိုက်ခိုက်မည့်အကြောင်း ငါတို့နှင့်အတူ တိုက်ပွဲသို့ မလိုက်လာပါစေနှင့်။ သူ့သခင် သူ့ကိုပြန်လက်ခံအောင် သူမည်သို့ပြုနိုင်မည်နည်း။ ဤသူတို့၏ခေါင်းများအားဖြင့်သာ မဟုတ်လော။
သုံးရက်မြောက်သောနေ့တွင် ဒါဝိဒ်နှင့်သူ့နောက်လိုက်တို့သည် ဇိကလတ်မြို့သို့ ပြန်ရောက်လာကြ၏။ ထိုအချိန်တွင် အာမလက်လူမျိုးတို့သည် နေဂေ့အရပ်နှင့် ဇိကလတ်မြို့ကို ဝင်ရောက်စီးနင်းပြီး ဇိကလတ်မြို့ကို တိုက်ခိုက်မီးရှို့ကာ
အကျွန်ုပ်တို့သည် ခေရသိလူမျိုးပိုင်သောနေဂေ့အရပ်ဒေသ၊ ယုဒလူမျိုးပိုင်သောအရပ်ဒေသနှင့် ကာလက်လူမျိုးပိုင်သောနေဂေ့အရပ်ဒေသတို့ကို ဝင်ရောက်စီးနင်းပြီး ဇိကလတ်မြို့ကို မီးရှို့ခဲ့ပါပြီ”ဟု ပြန်ဖြေ၏။