ရေဗက္ကာသည် သင့်ရှေ့၌ရှိ၏။ သူ့ကိုခေါ်သွားပါ။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သင့်သခင်၏သားအတွက် မယားဖြစ်စေပါ”ဟု ပြန်ဖြေကြ၏။
၁ ရာ 25:40 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်၏အစေအပါးတို့သည် ကရမေလမြို့ရှိအဘိဂဲလထံသို့ သွား၍ “သင့်ကို မယားအဖြစ် တောင်းဆိုပေးရန် ဒါဝိဒ်သည် အကျွန်ုပ်တို့ကို သင့်ထံ စေလွှတ်ပါ၏”ဟု ဆိုကြ၏။ Common Language Bible သူ၏အစေခံတို့သည်ကရမေလမြို့သို့ သွားပြီးလျှင် အဘိဂဲလအား``ဒါဝိဒ်သည် သခင်မနှင့်ထိမ်းမြားလက်ထပ်လိုသဖြင့် သခင်မအားခေါ်ဆောင်ခဲ့ရန်ကျွန်တော်တို့ အားစေလွှတ်လိုက်ပါသည်'' ဟုပြောကြား ကြ၏။ Garrad Bible က ရ မေ လ အ ရပ် သို့ အ ဘိ ဂဲ လ ထံ ရောက် ကြ သော အ ခါ ဒါ ဝိဒ် သည် အ ရှင် မ ကို ကြင် ဘက် အ ဖြစ် ခေါ် ဆောင် ရန် ကျွန် တော် တို့ အား စေ ခိုင်း လိုက် ပါ သည် ဟု ပြော ဆို ကြ လျှင် Judson Bible ဒါဝိဒ်၏ ကျွန်တို့သည် အဘိဂဲလရှိရာ ကရမေလမြို့သို့ ရောက်သောအခါ၊ ဒါဝိဒ်သည် သခင်မနှင့်လက်ထပ်ခြင်းငှာ ကျွန်တော်တို့ကို စေလွှတ်ပါပြီဟု ပြောဆိုလျှင်၊ |
ရေဗက္ကာသည် သင့်ရှေ့၌ရှိ၏။ သူ့ကိုခေါ်သွားပါ။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သင့်သခင်၏သားအတွက် မယားဖြစ်စေပါ”ဟု ပြန်ဖြေကြ၏။
ယဉ်ကျေးသိမ်မွေ့သောမိန်းမသည် ဂုဏ်သရေကိုရတတ်၏။ ကြမ်းကြုတ်သောယောက်ျားတို့မူကား ဓနဥစ္စာကိုရတတ်ကြ၏။
နာဗလ သေကြောင်း ဒါဝိဒ်ကြားသောအခါ “နာဗလကြောင့် ခံရသောစော်ကားခြင်းအမှုမှ ကာကွယ်ပေး၍ ကိုယ်တော်၏အစေအပါးကို အပြစ်မပြုမိစေရန် ဆီးတားပေးတော်မူသော ထာဝရဘုရားကို ချီးမွမ်းပါ၏။ ထာဝရဘုရားသည် နာဗလပြုခဲ့သောမကောင်းမှုကို သူ့ခေါင်းပေါ်သို့ ပြန်ရောက်စေပြီ”ဟု ဆို၏။ ထို့နောက် ဒါဝိဒ်သည် အဘိဂဲလကို မယားအဖြစ်ယူရန် လူလွှတ်၍ တောင်းဆိုစေ၏။
ထိုအခါ အဘိဂဲလသည် ထ၍ မြေပေါ်တွင် ပျပ်ဝပ်လျက် “သခင့်ကျွန်မသည် သခင့်အစေအပါးတို့၏ခြေကို ဆေးပေးရမည့်ကျွန်မ ဖြစ်ပါ၏”ဟု ဆိုပြီးလျှင်