သူတို့သည် မြို့မှထွက်၍ အဝေးသို့မရောက်သေးမီ ယောသပ်သည် မိမိ၏အိမ်ထိန်းအား “ထလော့။ သူတို့နောက်သို့လိုက်လော့။ သူတို့ကိုမီသောအခါ ‘သင်တို့သည် အဘယ်ကြောင့် အကောင်းကိုအဆိုးဖြင့်တုံ့ပြန်ရသနည်း။
၁ ရာ 25:21 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်က “တောထဲတွင် ဤသူပိုင်သောဥစ္စာရှိသမျှ တစ်စုံတစ်ရာမျှ မပျောက်ရှအောင် ငါစောင့်ရှောက်ပေးခဲ့သည်မှာ အချည်းနှီးဖြစ်၏။ သူသည် ငါ့အား အကောင်းကို အဆိုးနှင့် တုံ့ပြန်ခဲ့ပြီ။ Common Language Bible ထိုသို့မဆုံမိခင်ဒါဝိဒ်က ဤသို့ဆို၏။ ``အဘယ် ကြောင့်တောကန္တာရတွင် ထိုလူ၏ပစ္စည်းဥစ္စာများ ကိုငါစောင့်ထိန်းပေးခဲ့မိပါသနည်း။ ယင်းသို့ သူ့အားကူညီစောင့်ရှောက်ခဲ့သဖြင့် ဤသို့ငါ့ အားကျေးဇူးကန်းလေပြီတကား။- Garrad Bible ဒါ ဝိဒ် မူ ကား ထို သူ ပိုင် သိုး တစ် ကောင် မျှ မ ပျောက် စေ ရန် တော တွင် စောင့် ရှောက် သော ကျေး ဇူး သည် မု ချ အ ချည်း နှီး ဖြစ် လေ ပြီ။ အ ကောင်း အ စား အ ဆိုး ကို သူ ဆပ် လေ ပြီ။ Judson Bible ထိုသို့မတွေ့မီ ဒါဝိဒ်က၊ အကယ်စင်စစ် ထိုသူ၏ဥစ္စာ တစ်စုံတစ်ခုကိုမျှ မပျောက်စေခြင်းငှာ၊ တော၌သူပိုင်သမျှတို့ကို ငါသည် အချည်းနှီးစောင့်ပါပြီတကား။ ငါကောင်းသောအမှုအတွက်၊ မကောင်းသောအမှုကို သူပြုပါပြီတကား။ |
သူတို့သည် မြို့မှထွက်၍ အဝေးသို့မရောက်သေးမီ ယောသပ်သည် မိမိ၏အိမ်ထိန်းအား “ထလော့။ သူတို့နောက်သို့လိုက်လော့။ သူတို့ကိုမီသောအခါ ‘သင်တို့သည် အဘယ်ကြောင့် အကောင်းကိုအဆိုးဖြင့်တုံ့ပြန်ရသနည်း။
လူမိုက်သားသမီးများ၊ နာမည်ပျက်သူ၏သားသမီးများဖြစ်၍ သူတို့၏ပြည်မှနှင်ထုတ်ခံရကြ၏။
သူတို့သည် ငါ့အား အကောင်းကိုအဆိုးဖြင့်တုံ့ပြန်၍ ငါ၏စိတ်ဝိညာဉ်ကို အထီးကျန်ညှိုးငယ်စေကြ၏။
အမျက်ကိုပြေစေလော့။ အမျက်ဒေါသကိုစွန့်ပယ်လော့။ စိတ်အနှောင့်အယှက်မဖြစ်နှင့်။ ၎င်းသည် ဆိုးကျိုးကိုသာဖြစ်စေတတ်၏။
အကျွန်ုပ်သည် ကောင်းမြတ်သောအရာကို လက်ကိုင်ပြုသောကြောင့် အကောင်းကိုအဆိုးဖြင့်တုံ့ပြန်သောသူတို့သည် အကျွန်ုပ်ကိုပြစ်တင်စွပ်စွဲကြပါ၏။
တစ်စုံတစ်ဦးသည် ကောင်းမှုကို မကောင်းမှုဖြင့်တုံ့ပြန်လျှင် မကောင်းမှုသည် သူ့အိမ်မှ ထွက်ခွာလိမ့်မည်မဟုတ်။
အကောင်းကို အဆိုးဖြင့် တုံ့ပြန်သင့်ပါသလော။ သို့သော် သူတို့သည် အကျွန်ုပ်အတွက် သေတွင်းကိုတူးကြပါပြီ။ အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်၌ ရပ်လျက် သူတို့ကောင်းစားမည့်အကြောင်း၊ သူတို့ထံမှ အမျက်တော်လွှဲသွားမည့်အကြောင်း တောင်းလျှောက်ပေးခဲ့သည်ကို အောက်မေ့တော်မူပါ။
ခပ်သိမ်းသောခါးသီးနာကြည်းခြင်း၊ ဒေါသကြီးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်းနှင့် စော်ကားပြောဆိုခြင်းတို့ကို မကောင်းမှုအလုံးစုံနှင့်အတူ သင်တို့ထံမှ ဖယ်ရှားကြလော့။
မည်သူမျှ သူတစ်ပါးအပေါ် အဆိုးကိုအဆိုးဖြင့်မတုံ့ပြန်ကြစေရန် သတိပြုကြလော့။ အချင်းချင်းအတွက်လည်းကောင်း၊ လူအပေါင်းတို့အတွက်လည်းကောင်း ကောင်းကျိုးကိုသာ အစဉ်ကြိုးစားပြုကြလော့။
အကြောင်းမူကား ဘုရားသခင်အလိုတော်ရှိလျှင် မကောင်းသောအမှုကိုပြု၍ ဒုက္ခဝေဒနာခံစားရခြင်းထက် ကောင်းသောအမှုကိုပြု၍ ဒုက္ခဝေဒနာခံစားရခြင်းသည် သာ၍ကောင်း၏။
သင်တို့သည် ကောင်းချီးမင်္ဂလာကို အမွေဆက်ခံရမည့်အကြောင်း ခေါ်ယူတော်မူခြင်းခံရသည်ဖြစ်၍ အဆိုးကို အဆိုးဖြင့်လည်းကောင်း၊ ကဲ့ရဲ့ပြစ်တင်ခြင်းကို ကဲ့ရဲ့ပြစ်တင်ခြင်းဖြင့်လည်းကောင်း မတုံ့ပြန်ဘဲ ကောင်းချီးကိုသာပေးကြလော့။
ထိုအခါ ဒါဝိဒ်က မိမိလူတို့အား “ကိုယ့်ဓားကိုယ် အသီးသီးစွဲကိုင်ကြလော့”ဟု ဆိုလျှင် သူတို့သည် ကိုယ့်ဓားကိုယ်စွဲကိုင်၍ ဒါဝိဒ်သည်လည်း မိမိဓားကိုစွဲကိုင်၏။ လူလေးရာခန့်သည် ဒါဝိဒ်နောက်သို့လိုက်၍ လူနှစ်ရာခန့်မှာ ပစ္စည်းစောင့်ရန်ကျန်နေခဲ့၏။
သူတို့သည် အကျွန်ုပ်တို့အပေါ် အလွန်ကောင်းပါ၏။ တောထဲတွင် သူတို့နှင့်လှည့်လည်သွားလာသောကာလပတ်လုံး အကျွန်ုပ်တို့ကို အနှောင့်အယှက်မပေး။ အကျွန်ုပ်တို့ပစ္စည်းများလည်း ပျောက်ရှခြင်း မရှိခဲ့ပါ။
အဘိဂဲလသည် မြည်းကိုစီးလျက် တောင်ကွေ့တစ်ခုသို့ရောက်လာစဉ် ဒါဝိဒ်နှင့်သူ့လူတို့သည်လည်း ဆင်းလာ၍ ထိုနေရာတွင် တွေ့ဆုံမိကြ၏။
အသင် ယခု သိုးမွေးညှပ်နေသည်ဟု ကြားသိရပါ၏။ သင်၏သိုးထိန်းတို့သည် ငါတို့နှင့်အတူ ရှိနေစဉ်က ငါတို့သည် သူတို့ကို မနှောင့်ယှက်ခဲ့ပါ။ ကရမေလမြို့၌ရှိနေစဉ်ကာလပတ်လုံး သူတို့ပစ္စည်းတစ်စုံတစ်ရာမျှ မပျောက်ရှခဲ့ပါ။