သို့ဖြစ်၍ သင်သည် နောင်လာမည့် ငါ့သားစဉ်မြေးဆက်တို့ကို မသုတ်သင်၊ ငါ့နာမကိုလည်း ငါ့ဖခင်၏အိမ်ထောင်စုမှ မပယ်ရှားမည့်အကြောင်း ထာဝရဘုရားရှေ့၌ ကျိန်ဆိုပါလော့”ဟု ဆိုလျှင်
သို့ရာတွင်ငါ၏နာမည်နှင့်ငါ့အိမ်ထောင်စုနာ မည်သည်လုံးဝပျောက်ကွယ်၍မသွားစေရန် သင်သည်ငါ့သားမြေးတို့အားအသက်ချမ်း သာပေးပါမည်ဟု ထာဝရဘုရား၏နာမ တော်ကိုတိုင်တည်၍ငါ့အားကတိပြုပါ လော့'' ဟုဆိုလျှင်၊-
ငါ၏ သား စဉ် မြေး ဆက် တို့ ကို မ သုတ် မ သင်၊ ဆွေ မျိုး သား ချင်း တို့ ဘောင် မှ ငါ့ နာ မ ကို မ ဖျက် မ ပယ် မည့် အ ကြောင်း ထာ ဝ ရ ဘု ရား ကို တိုင် တည်၍ သ စ္စာ မူ လော့ ဟု ဆို သည့် အ တိုင်း
သို့ဖြစ်၍ သင်သည် ငါ၏သားစဉ်မြေးဆက်တို့ကို မသုတ်သင်၊ ငါ့အဆွေအမျိုးထဲက ငါ၏နာမကို မပယ်ရှင်းမည်အကြောင်း ထာဝရဘုရားကိုတိုင်တည်၍ ငါ့အားကျိန်ဆိုခြင်းကို ပြုလော့ဟု ဒါဝိဒ်အားဆိုပြီးမှ၊
သို့ဖြစ်၍ သင်သည် ငါမှစ၍ ငါ့သား၊ ငါ့သားမြေးအစဉ်အဆက်တို့ကိုမလှည့်စား၊ သင့်အား ငါမေတ္တာထားသကဲ့သို့ သင်သည်လည်း ငါ့အားလည်းကောင်း၊ သင်တည်းခိုနေထိုင်သောပြည်အားလည်းကောင်း မေတ္တာထားမည်ဟု ယခု ဤနေရာတွင် ဘုရားသခင်ကိုတိုင်တည်၍ ကျိန်ဆိုပါလော့”ဟု မိန့်ဆို၏။
ထို့နောက် လာဗန်က “ယနေ့တွင် ဤကျောက်ပုံသည် သင်နှင့်ငါကြား၌ သက်သေဖြစ်၏”ဟု ဆို၏။ ထို့ကြောင့် ၎င်း၏အမည်ကို ဂိလဒ် ဟူ၍လည်းကောင်း၊
အာဗြဟံ၏ဘုရား၊ နာခေါ်၏ဘုရား၊ သူတို့ဖခင်၏ဘုရားသည် ငါတို့ကြား၌ တရားစီရင်တော်မူပါစေသော”ဟု ဆို၏။ ယာကုပ်သည်လည်း မိမိဖခင်ဣဇက်ကြောက်ရွံ့သောဘုရားကိုတိုင်တည်၍ ကျိန်ဆိုလေ၏။
လူတို့သည် မိမိတို့ထက် ကြီးမြတ်သောသူကို တိုင်တည်ပြောဆိုကြပြီး ထိုသို့အတည်ပြုပြောဆိုသောကတိသစ္စာသည် အငြင်းပွားမှုအားလုံးကို ရပ်စဲစေတတ်၏။
“သင်မစိုးရိမ်နှင့်။ ငါ့ခမည်းတော်ရှောလုမင်းကြီးသည် သင့်အသက်ကို ရန်ရှာနိုင်မည်မဟုတ်။ သင်သည် အစ္စရေးလူမျိုးတို့၏ဘုရင် ဖြစ်ရလိမ့်မည်။ ငါသည် သင့်အတွက် လက်ရုံးသဖွယ်ဖြစ်မည်။ ဤသည်ကို ငါ့ခမည်းတော်ရှောလုမင်းကြီးလည်း သိပါ၏”ဟု ဆို၏။
သခင့်ကျွန်မ၏အပြစ်ကို ခွင့်လွှတ်တော်မူပါ။ သခင်သည် ထာဝရဘုရားအဖို့ စစ်တိုက်သောသူဖြစ်ပါ၏။ သခင်အသက်ရှင်သမျှကာလပတ်လုံး သခင်၌ မည်သည့်မကောင်းမှုကိုမျှ မတွေ့ရပါ။ သို့ဖြစ်၍ထာဝရဘုရားသည် အကျွန်ုပ်သခင်၏အမျိုးအနွယ်ကို တည်မြဲစေတော်မူပါစေသော။
ထာဝရဘုရားသည် အကျွန်ုပ်သခင့်အဖို့ မိန့်တော်မူခဲ့သောကောင်းမြတ်သောအရာရှိသမျှတို့သည် အမှန်ဖြစ်လာပါစေသော။ သခင့်အား အစ္စရေးလူမျိုးကို အုပ်ချုပ်သူမင်းအဖြစ် ခန့်ထားတော်မူပါစေသော။