ငါသည် ထာဝရဘုရားကိုခိုလှုံ၏။ သင်တို့သည် ငါ၏စိတ်ဝိညာဉ်အား “ငှက်ကဲ့သို့ သင်၏တောင်ပေါ်သို့ ထွက်ပြေးလော့”ဟု မည်သို့ဆိုနိုင်မည်နည်း။
၁ ရာ 23:3 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဒါဝိဒ်၏နောက်လိုက်တို့က “ယုဒပြည်၌ပင် ဖိလိတ္တိလူမျိုးတို့ကို အကျွန်ုပ်တို့ ကြောက်ရွံ့နေရပါပြီ။ ကိလမြို့သို့သွား၍ သူတို့ကို တိုက်ခိုက်ရမည်ဆိုပါက ပို၍ပင်ကြောက်ရပါ၏”ဟု သူ့အား ဆိုကြ၏။ Common Language Bible သို့ရာတွင်ဒါဝိဒ်၏အပေါင်းပါတို့က``ဤ ယုဒပြည်တွင်ပင်လျှင်အကျွန်ုပ်တို့ကြောက် လန့်လျက်နေရကြပါ၏။ ဖိလိတ္တိအမျိုးသား တို့ကိုသွားရောက်တိုက်ခိုက်ပါမူ ပို၍ပင်အခြေ အနေဆိုးရွားပါလိမ့်မည်'' ဟုဆိုကြသဖြင့်၊- Garrad Bible အ ပေါင်း ပါ တို့ က၊ ကျွန် တော် တို့ သည် ယု ဒ နယ် တွင် ကြောက် ရွံ့ စွာ အောင်း နေ ရ ပါ လျက် ဖိ လိ တ္တိ ဗိုလ် ထု နှင့် စစ် တိုက် ရန် ကိ လ မြို့ သို့ ချီ ထွက် ရ မည့် ဆို လျှင် သာ၍ ကြောက် ရွံ့ ဖွယ် ကောင်း လေ စွ ဟု ဆို ကြ သော်၊ Judson Bible ဒါဝိဒ်၏လူတို့ကလည်း၊ ငါတို့သည် ယုဒပြည်၌ပင် ကြောက်ကြ၏။ ထိုမျှမက ကိလမြို့သို့ရောက်၍ ဖိလိတ္တိဗိုလ်ခြေတို့နှင့် စစ်ပြိုင်သောအခါ သာ၍ ကြောက်စရာရှိပါသည်တကားဟု ဆိုကြ၏။ |
ငါသည် ထာဝရဘုရားကိုခိုလှုံ၏။ သင်တို့သည် ငါ၏စိတ်ဝိညာဉ်အား “ငှက်ကဲ့သို့ သင်၏တောင်ပေါ်သို့ ထွက်ပြေးလော့”ဟု မည်သို့ဆိုနိုင်မည်နည်း။
သင်သည် ခြေသည်သူရဲတို့နှင့် အပြေးပြိုင်၍ပင်ပန်းလျှင် မြင်းတို့နှင့် မည်သို့ပြိုင်နိုင်မည်နည်း။ သင်သည် ငြိမ်းချမ်းသောပြည်၌ စိတ်မောနေလျှင် ဂျော်ဒန်တောအုပ်ကြီး၌ သင်မည်သို့ပြုမည်နည်း။
ဒါဝိဒ်သည် ဇိဖတောကန္တာရရှိ ဟောရေရှအရပ်တွင် ပုန်းရှောင်နေစဉ် သူ့အားသတ်ရန် ရှောလုမင်းကြီးထွက်လာကြောင်းကို ကြားသိရ၏။
ထိုအခါ ဒါဝိဒ်က ထာဝရဘုရားအား “ထိုဖိလိတ္တိလူမျိုးတို့ကို အကျွန်ုပ် သွား၍တိုက်ခိုက်ရပါမည်လော”ဟု မေးလျှောက်ရာ ထာဝရဘုရားက ဒါဝိဒ်အား “ဖိလိတ္တိလူမျိုးတို့ကို သွား၍တိုက်ခိုက်ပြီး ကိလမြို့အား ကယ်တင်လော့”ဟု မိန့်တော်မူ၏။
သူပုန်းခိုသောနေရာရှိသမျှတို့ကို စူးစမ်း၍ မှတ်သားထားပြီး ငါ့ကို အတိအကျပြန်လာပြောပြကြလော့။ ငါသည် သူရှိရာသို့ သင်တို့နှင့်အတူလိုက်သွားမည်။ ယုဒပြည်ရှိ ယုဒလူမျိုး အထောင်အသောင်းတို့ကြားတွင် ပုန်းနေလျှင်ပင် ရအောင်ရှာမည်”ဟု ဆို၏။
ရှောလုမင်းကြီးသည် တောင်စောင်းတစ်ဘက်တွင် ရောက်နေချိန်၌ ဒါဝိဒ်နှင့်သူ့နောက်လိုက်တို့သည် တောင်စောင်းအခြားတစ်ဘက်တွင် ရှိနေ၏။ ဒါဝိဒ်သည် ရှောလုမင်းကြီးထံမှ အလျင်အမြန်ရှောင်သွားရ၏။ ရှောလုမင်းကြီးနှင့်သူ့နောက်လိုက်တို့သည် ဒါဝိဒ်နှင့်သူ့နောက်လိုက်တို့ကို ဖမ်းမိခါနီးဆဲဆဲတွင်
ထို့ကြောင့် ဒါဝိဒ်က ထာဝရဘုရားအား ထပ်မံမေးလျှောက်ရာ ထာဝရဘုရားက “ထ၍ ကိလမြို့သို့ ချီသွားလော့။ ဖိလိတ္တိလူမျိုးတို့ကို သင့်လက်သို့ ငါအပ်မည်”ဟု မိန့်တော်မူ၏။