ထိုမြို့ထဲတွင် ဖြောင့်မတ်သောသူ အယောက်ငါးဆယ်ရှိလျှင် ကိုယ်တော်သည် မြို့ထဲရှိဖြောင့်မတ်သောသူအယောက်ငါးဆယ်အတွက် ထိုအရပ်ကို ချမ်းသာမပေးဘဲ အမှန်ပင်ဖျက်ဆီးသုတ်သင်တော်မူမည်လော။
၁ ရာ 23:10 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ဒါဝိဒ်က “အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်ကြောင့် ရှောလုမင်းကြီးသည် ကိလမြို့သို့ ချီလာ၍ မြို့ကိုဖျက်ဆီးရန် ကြံစည်နေသည်ကို ကိုယ်တော်၏အစေအပါး ကြားသိရပါ၏။ Common Language Bible ထိုနောက်ဒါဝိဒ်က``အို ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရား၊ ရှောလု သည်ကိုယ်တော်ရှင်၏အစေခံကျွန်တော်မျိုး ကြောင့်ကိလမြို့သို့လာရောက်၍ မြို့ကိုဖျက် ဆီးပစ်ရန်ကြံစည်လျက်ရှိကြောင်းကြားရ ပါ၏။- Garrad Bible အို ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် အ တွက် ကိ လ မြို့ သို့ ချီ လာ၍ ဖျက် သိမ်း ရန် ရှော လု မင်း ကြံ စည် ကြောင်း ကိုယ် တော် ကျွန် ကြား ရ ပါ ပြီ။ Judson Bible ထိုအခါ ဒါဝိဒ်က၊ ဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရား၊ ရှောလုသည် ကိလမြို့သို့လာ၍ ကိုယ်တော်၏ကျွန်အတွက်ဖျက်ဆီးမည်ဟု အကြံရှိသည်ကို ဆက်ဆက်ကြားပါ၏။ |
ထိုမြို့ထဲတွင် ဖြောင့်မတ်သောသူ အယောက်ငါးဆယ်ရှိလျှင် ကိုယ်တော်သည် မြို့ထဲရှိဖြောင့်မတ်သောသူအယောက်ငါးဆယ်အတွက် ထိုအရပ်ကို ချမ်းသာမပေးဘဲ အမှန်ပင်ဖျက်ဆီးသုတ်သင်တော်မူမည်လော။
မော်ဒကဲ၏လူမျိုးအကြောင်းကို ဟာမန်အား ပြောပြထားကြပြီးဖြစ်၏။ ဟာမန်သည် မော်ဒကဲတစ်ဦးတည်းကိုသာသုတ်သင်ပစ်လျှင် မတန်ဟု မြင်သဖြင့် အာရွှေရုမင်းကြီး၏နိုင်ငံတစ်ဝန်းလုံးရှိ မော်ဒကဲ၏လူမျိုးဖြစ်သည့် ဂျူးလူမျိုးအားလုံးကိုပါ ဖျက်ဆီးပစ်ရန် ကြံစည်လေ၏။
ဆင်းရဲသောပြည်သူပြည်သားတို့ကို အုပ်စိုးသည့်ဆိုးယုတ်သောမင်းသည် ဟောက်သောခြင်္သေ့၊ သို့မဟုတ် တစ်ဟုန်ထိုးတိုက်ခိုက်သောဝက်ဝံနှင့်တူ၏။
ယဇ်ပုရောဟိတ်တို့နေရာမြို့ဖြစ်သော နောဗမြို့ကိုလည်း ဓားဖြင့်လုပ်ကြံရာ ယောက်ျား၊ မိန်းမ၊ နို့စို့ကလေးသူငယ်များမှစ၍ သိုး၊ နွား၊ မြည်း တို့ပါမကျန် ဓားဖြင့်သေကြရလေ၏။
ကိလမြို့သားတို့သည် အကျွန်ုပ်ကို သူ့လက်သို့ အပ်နှံမည်လော။ ကိုယ်တော်၏အစေအပါး ကြားသိသည့်အတိုင်း ရှောလုမင်းကြီးသည် ကိလမြို့သို့ ချီလာမည်လော။ အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်၏အစေအပါးအား ယခု သိစေပါ”ဟု လျှောက်ဆို၏။ ထာဝရဘုရားကလည်း “ချီလာလိမ့်မည်”ဟု မိန့်တော်မူ၏။
ကိလမြို့သို့ချီသွား၍ ဒါဝိဒ်နှင့်သူ၏လူများကို ဝိုင်းထားပြီး တိုက်ခိုက်ရန် ရှောလုမင်းကြီးသည် စစ်သည်အပေါင်းတို့ကို စုဝေးစေ၏။
ရှောလုမင်းကြီး မကောင်းကြံစည်နေသည်ကို ဒါဝိဒ်သိလျှင် ယဇ်ပုရောဟိတ်အဗျာသာအား “ဧဖုဒ်ကို ယူခဲ့ပါ”ဟု မှာလိုက်၏။