လူတို့က ဒါဝိဒ်အား “ဖိလိတ္တိလူမျိုးတို့သည် ကိလမြို့ကိုတိုက်၍ ကောက်နယ်တလင်းများအား လုယူနေကြပါသည်”ဟု ပြောပြကြ၏။
ဖိလိတ္တိအမျိုးသားတို့သည်ကိလမြို့ကို တိုက်ခိုက်၍ ရိတ်သိမ်းပြီးစကောက်သစ်များ ကိုလုယူသောသတင်းကိုဒါဝိဒ်ကြား လျှင်၊-
ထို နောက် ဖိ လိ တ္တိ တပ် သည် ကိ လ မြို့ ကို တိုက် ခိုက်၍ စ ပါး ကျီ များ ပါ သိမ်း ယူ သော သ တင်း ဒါ ဝိဒ် ကြား လျှင်
ဖိလိတ္တိလူတို့သည် ကိလမြို့ကိုတိုက်၍ ကောက်နယ်တလင်းတို့ကို လုယူကြောင်းကို ဒါဝိဒ်သည် ကြားသောအခါ
ထိုနည်းတူ သံ၊ ရွှံ့စေး၊ ကြေးနီ၊ ငွေ၊ ရွှေတို့သည်လည်း တစ်စစီကျိုးပဲ့သွား၍ နွေကာလတွင် တလင်းပြင်ရှိအဖျင်းအမှော်ကဲ့သို့ ဖြစ်လေ၏။ လေတိုက်သောအခါ လွင့်ပါသွားသဖြင့် အစအနပင် မတွေ့တော့ပေ။ ရုပ်တုကြီးကို ဝင်တိုက်သောကျောက်တုံးမူကား တောင်ကြီးဖြစ်လာပြီး မြေတစ်ပြင်လုံး၌ ပြည့်လေ၏။
ငါသည် သင်တို့အား ဤသို့ပြုမည်။ မျက်စိကွယ်စေ၍ စိတ်အားလျော့စေသော အဆုတ်ရောဂါ၊ အဖျားရောဂါတည်းဟူသော ထိတ်လန့်ဖွယ်သောအရာကို သင်တို့အပေါ် သက်ရောက်စေမည်။ သင်တို့၏ရန်သူတို့သည် သင်တို့၏အသီးအနှံတို့ကို စားပစ်မည်ဖြစ်သောကြောင့် သင်တို့ကြဲသောမျိုးစေ့သည် အချည်းနှီးဖြစ်လိမ့်မည်။
မျိုးစေ့ကြဲသော်လည်း ရိတ်သိမ်းရမည်မဟုတ်။ သံလွင်သီးကိုနင်းနယ်သော်လည်း သံလွင်ဆီလိမ်းရမည်မဟုတ်။ စပျစ်သီးကိုနင်းနယ်သော်လည်း စပျစ်ဝိုင်သောက်ရမည်မဟုတ်။
သင့်မြေ၏အသီးအနှံ၊ သင့်ချွေးနှဲစာရှိသမျှတို့ကို သင်မသိသောလူမျိုးသည် စားလိမ့်မည်။ သင်သည် နှိပ်စက်ညှဉ်းဆဲခြင်းကိုသာ တစ်ချိန်လုံးခံရလိမ့်မည်။
သင်ပျက်စီးခြင်းသို့ မရောက်မချင်း သူတို့သည် သင်၏တိရစ္ဆာန်သားပေါက်များ၊ မြေအသီးအနှံများကို ဝါးမျိုလိမ့်မည်။ သင်ပျက်စီးသွားသည်အထိ ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ နွားသားပေါက်၊ သိုးဆိတ်သားပေါက် တို့ကို သင့်အတွက် ချန်ထားမည်မဟုတ်။
ကိလမြို့၊ အာခဇိပ်မြို့၊ မရေရှမြို့ စသည့်မြို့ပေါင်းကိုးမြို့နှင့်ရွာများ ပါ၏။
ထို့နောက် ထာဝရဘုရား၏ကောင်းကင်တမန်သည် ရောက်လာ၍ ဩဖရမြို့နေ အဗျေဇာအမျိုးသား ယောရှပိုင်သောသပိတ်ပင်အောက်၌ ထိုင်လေ၏။ ထိုအချိန်၌ ယောရှ၏သားဂိဒေါင်သည် မိဒျန်လူမျိုးတို့ မသိအောင် စပျစ်သီးနယ်ရာကျင်း၌ ဂျုံများကို ရိုက်ခြွေနေ၏။
တပ်ချ၍ တိုက်ခိုက်ကြ၏။ ဂါဇမြို့တိုင်အောင် ထိုပြည်၏အသီးအနှံတို့ကိုဖျက်ဆီးပစ်ကြ၏။ အစ္စရေးလူမျိုးတို့၏စားနပ်ရိက္ခာမှစ၍ သိုး၊ နွား၊ မြည်းပါမကျန် ဖျက်ဆီးပစ်ကြ၏။