အဗရှလုံနှင့်အတူ လူအယောက်နှစ်ရာတို့သည် ဂျေရုဆလင်မြို့မှ ထွက်လာကြ၏။ သူတို့သည် အခေါ်ခံရ၍သာ သဘောရိုးနှင့်လိုက်လာကြ၏။ မည်သည့်အကြောင်းတစ်စုံတစ်ရာကိုမျှ မသိ။
၁ ရာ 22:15 - မြန်မာ့စံမီသမ္မာကျမ်း သူ့အတွက် ဘုရားသခင်ထံ မေးမြန်းပေးသည်မှာ ဤနေ့မှာ ပထမဆုံးအကြိမ်ဖြစ်သလော။ အရှင်မင်းကြီး စွပ်စွဲပြောဆိုသောစကားများသည် အကျွန်ုပ်နှင့် အကျွန်ုပ်ဖခင်၏အိမ်ထောင်မိသားစုများနှင့် ဝေးပါစေသော။ အရှင့်အစေအပါးသည် မည်သည့်အမှုကြီးငယ်ကိုမျှ မသိပါ”ဟု လျှောက်ဆို၏။ Common Language Bible သူ၏အတွက်ထာဝရဘုရားထံတော်သို့ အကျွန်ုပ်လျှောက်ထားပေးသည်မှာမှန်ပါ၏။ သို့ရာတွင်ယခင်ကလည်းဤသို့လျှောက်ထား ပေးခဲ့ဖူးပါသည်။ အရှင်အားလုပ်ကြံရန် လျှို့ဝှက်ကြံစည်မှုနှင့်ပတ်သက်၍မူကား အရှင်မင်းကြီးသည်အကျွန်ုပ်ကိုသော်လည်း ကောင်း၊ အကျွန်ုပ်၏အိမ်ထောင်စုသားတစ်ဦး တစ်ယောက်ကိုသော်လည်းစွပ်စွဲတော်မမူ ပါနှင့်။ ဤကိစ္စကိုအကျွန်ုပ်အလျှင်းမသိပါ'' ဟုပြန်၍လျှောက်ထား၏။ Garrad Bible သူ့ အ တွက် ဘု ရား သ ခင် ထံ မေး လျှောက် သည် ကား ယ ခု ပင် အ စ ပြု၍ မေး လျှောက် သည် မ ဟုတ် ပါ။ ကျွန် တော် မှ စ၍ ဆွေ မျိုး သား ချင်း တို့ အ ပေါ် မှာ ဘု ရင် မင်း အ ပြစ် တင် တော် မ မူ ပါ လင့်။ ဤ အ မှု နှင့် စပ် လျဉ်း၍ တစ် စုံ တစ် ရာ မျှ ကျွန် တော် မ သိ ပါ ဟု ချေ ပ ရာ တွင် Judson Bible ထိုကာလ၌ အကျွန်ုပ်သည် ဒါဝိဒ်အဖို့ ဘုရားသခင့်ထံတော်၌ မေးမြန်းစပြုသလော။ ထိုအမှု ဝေးပါစေသော။ ရှင်ဘုရင်သည် ကိုယ်တော်ကျွန်နှင့် ကျွန်တော်၏အဆွေအမျိုး တစ်စုံတစ်ယောက်၌မျှ အပြစ်တင်တော်မမူပါနှင့်၊ ကိုယ်တော်ကျွန်သည် ဤအမှုကို အကြီးအငယ်အားဖြင့်မျှ မသိပါဟု ရှင်ဘုရင်အား လျှောက်လေ၏။ |
အဗရှလုံနှင့်အတူ လူအယောက်နှစ်ရာတို့သည် ဂျေရုဆလင်မြို့မှ ထွက်လာကြ၏။ သူတို့သည် အခေါ်ခံရ၍သာ သဘောရိုးနှင့်လိုက်လာကြ၏။ မည်သည့်အကြောင်းတစ်စုံတစ်ရာကိုမျှ မသိ။
သူတို့သည် ရှင်ဘုရင်နှင့် နန်းတွင်းသူနန်းတွင်းသားတို့ကို တစ်ဖက်ကမ်းသို့ ပို့ပေးရန်နှင့် ရှင်ဘုရင်အလိုရှိသည်ကို လုပ်ဆောင်ပေးရန် ကူးတို့ဆိပ်မှ ကူးလာကြ၏။ ဂျော်ဒန်မြစ်ကို ရှင်ဘုရင်ဖြတ်ကူးသောအခါ ဂေရ၏သား ရှိမိသည် ရှင်ဘုရင်ရှေ့၌ ပျပ်ဝပ်လျက်
ရှင်ဘုရင်အား “အကျွန်ုပ်၏သခင်၊ အကျွန်ုပ်ကို အပြစ်ယူတော်မမူပါနှင့်။ အကျွန်ုပ်၏သခင် အရှင်မင်းကြီး ဂျေရုဆလင်မြို့မှထွက်ခွာသွားရသောနေ့က ကျွန်တော်မျိုးပြုမိသောအမှားများကို အရှင်မင်းကြီး နှလုံးသွင်းပြီး အောက်မေ့တော်မမူပါနှင့်။
ထိုအခါ ဒါဝိဒ်မင်းကြီးက “ဖိလိတ္တိလူမျိုးတို့ကို အကျွန်ုပ်ထွက်တိုက်ရမည်လော။ သူတို့ကို အကျွန်ုပ်လက်သို့ အပ်တော်မူမည်လော”ဟု ထာဝရဘုရားထံ မေးလျှောက်လျှင် ထာဝရဘုရားက ဒါဝိဒ်မင်းကြီးအား “ထွက်တိုက်လော့။ ဖိလိတ္တိလူမျိုးတို့ကို သင့်လက်သို့ ငါအမှန်အပ်မည်”ဟု မိန့်တော်မူ၏။
ဒါဝိဒ်မင်းကြီးကလည်း ထာဝရဘုရားထံမေးလျှောက်ပြန်ရာ ထာဝရဘုရားက “မျက်နှာချင်းဆိုင် မတက်နှင့်။ အနောက်ဘက်မှပတ်တက်ပြီး သူတို့ကို ပိုးစာတောရှေ့နားတွင် တိုက်ခိုက်လော့။
ငါတို့၏ဝါကြွားစရာအကြောင်းမှာ ဤသို့ဖြစ်၏။ ငါတို့သည် လောက၌၊ အထူးသဖြင့် သင်တို့ရှေ့မှောက်၌ လောကီဉာဏ်ပညာကိုအမှီမပြုဘဲ ဘုရားသခင်၏ကျေးဇူးတော်ကိုသာ အမှီပြုလျက် ဘုရားသခင်ထံမှလာသော ရိုးသားဖြူစင်ခြင်းတို့ဖြင့် အသက်ရှင်နေထိုင်ခဲ့ကြောင်း ငါတို့၏အသိစိတ်သည် သက်သေခံ၏။
ထိုအခါ ရှင်ဘုရင်က “အဟိမလက်၊ သင်နှင့်သင့်ဖခင်၏အိမ်ထောင်မိသားစုအားလုံး မုချသေရမည်”ဟု ဆိုပြီး
အဘိဂဲလသည် နာဗလထံပြန်ရောက်သောအခါ နာဗလသည် အိမ်ထဲတွင် ရှင်ဘုရင်စားသောက်ပွဲကဲ့သို့ စားသောက်ပွဲကျင်းပလျက် အလွန်အကြူးမူးယစ်ပျော်ပါးနေသည်ကို တွေ့ရသဖြင့် နံနက်မိုးလင်းသည့်တိုင် မည်သည့်အမှုကြီးငယ်ကိုမျှ သူ့အား မပြောပြပေ။