ရှောလုမင်းကြီးသည် မိမိသားတော်ယောနသန်နှင့် အမှုထမ်းတို့အား ဒါဝိဒ်ကိုသတ်ပစ်ရန် အမိန့်ပေးထား၏။ သို့သော် ရှောလုမင်းကြီး၏သားတော် ယောနသန်သည် ဒါဝိဒ်ကို အလွန်ချစ်ခင်နှစ်သက်၏။
၁ ရာ 20:19 - မြန်မာ့စံမီသမ္မာကျမ်း သုံးရက်မြောက်နေ့တွင် အခင်းဖြစ်သောနေ့၌ သင်ပုန်းနေခဲ့သောနေရာသို့ အမြန်လာခဲ့ပြီး ဧဇေလကျောက်နားတွင် စောင့်နေပါ။ Common Language Bible သန်ဘက်ခါ၌လည်းယင်းသို့ပင်သင်မရှိ ကြောင်းတွေ့ရှိကြလိမ့်မည်။ သို့ဖြစ်၍ယခင်က သင်ပုန်းအောင်းနေခဲ့ဖူးသည့်အရပ်သို့သွား ၍ကျောက်ပုံ နောက်တွင်ပုန်းကွယ်လျက်နေလော့။- Garrad Bible သင် သုံး ရက် ပုန်း နေ ပြီး မှ အ မြန် ပြန် လာ၍ ယ မန် အ မှု တွင် ပုန်း နေ သော အ ရပ် သို့ ရောက် သော အ ခါ ဤ ကျောက် ပုံ အ နီး နေ ဦး လော့။ Judson Bible သင်သည် သုံးရက်နေပြီးမှ အလျင်အမြန် ဆင်းလာသဖြင့်၊ အရင်အမှုရှိစဉ် ပုန်းရှောင်၍ နေရာအရပ်သို့ရောက်လျှင်၊ ဧဇေလကျောက်နားမှာ နေရမည်။ |
ရှောလုမင်းကြီးသည် မိမိသားတော်ယောနသန်နှင့် အမှုထမ်းတို့အား ဒါဝိဒ်ကိုသတ်ပစ်ရန် အမိန့်ပေးထား၏။ သို့သော် ရှောလုမင်းကြီး၏သားတော် ယောနသန်သည် ဒါဝိဒ်ကို အလွန်ချစ်ခင်နှစ်သက်၏။
ထို့ကြောင့် ယောနသန်က ဒါဝိဒ်အား “ငါ့ခမည်းတော်ရှောလုမင်းကြီးသည် သင့်ကို သတ်ရန်အခွင့်ရှာနေပါ၏။ သို့ဖြစ်၍ သတိထားလော့။ မနက်ဖြန်နံနက်အထိ လုံခြုံရာ၌ပုန်းနေပါလော့။
ယောနသန်က ဒါဝိဒ်အား “မနက်ဖြန်သည် လဆန်းနေ့ဖြစ်၏။ သင့်ထိုင်ခုံလွတ်နေလျှင် သင်မရှိသည်မှာ သိသာလိမ့်မည်။
ငါသည် ပစ်မှတ်ကို ပစ်သကဲ့သို့ ထိုကျောက်ဘေးနားသို့ မြားသုံးစင်း ပစ်လွှတ်မည်။
နံနက်ရောက်သောအခါ ယောနသန်သည် လူငယ်လေးတစ်ဦးနှင့်အတူ ဒါဝိဒ်နှင့်ချိန်းချက်ထားသောတောသို့ သွား၍
ဒါဝိဒ်က ယောနသန်အား “မနက်ဖြန်သည် လဆန်းနေ့ဖြစ်၏။ အကျွန်ုပ်သည် ရှင်ဘုရင်နှင့်အတူ စားသောက်ပွဲတွင် ထိုင်စားရမည်ဖြစ်သော်လည်း သုံးရက်မြောက်နေ့ နေဝင်ချိန်အထိ တောထဲ၌ သွားပုန်းခွင့်ပြုပါ။