အဗရှလုံ၏လူတို့က ထိုမိန်းမ၏အိမ်သို့ရောက်လာပြီး “အဟိမတ်နှင့် ယောနသန်ကား အဘယ်မှာနည်း”ဟု မေးလျှင် ထိုမိန်းမက “ချောင်းကို ကူးသွားကြပြီ”ဟု ပြန်ပြော၏။ သူတို့ လိုက်ရှာသော်လည်း မတွေ့သဖြင့် ဂျေရုဆလင်မြို့သို့ ပြန်သွားကြ၏။
၁ ရာ 19:14 - မြန်မာ့စံမီသမ္မာကျမ်း ရှောလုမင်းကြီးသည် ဒါဝိဒ်ကို ဖမ်းဆီးရန် တမန်တို့ကို စေလွှတ်သောအခါ မိခါလက “သူ နေမကောင်းပါ”ဟု ပြောလွှတ်လိုက်၏။ Common Language Bible ရှောလု၏လူတို့သည်ဒါဝိဒ်အားဖမ်းဆီး ရန်လာကြသောအခါ မိခါလက``ဒါဝိဒ် ဖျားနေပါသည်'' ဟုဆို၏။- Garrad Bible ဒါ ဝိဒ် ကို ဖမ်း ဆီး ရန် ရှော လု မင်း စေ လွှတ် သူ တို့ လာ ရောက် ရာ ကိုယ် မ ကျန်း ရှိ သည် ဟု မ ယား ပြော ဆို လိုက် သော် Judson Bible ဒါဝိဒ်ကို ဖမ်းဆီးစေခြင်းငှာ ရှောလုစေလွှတ်သောလုလင်ရောက်သောအခါ၊ ဒါဝိဒ်နာ၍ နေပါသည်ဟု မယားပြောဆို၏။ |
အဗရှလုံ၏လူတို့က ထိုမိန်းမ၏အိမ်သို့ရောက်လာပြီး “အဟိမတ်နှင့် ယောနသန်ကား အဘယ်မှာနည်း”ဟု မေးလျှင် ထိုမိန်းမက “ချောင်းကို ကူးသွားကြပြီ”ဟု ပြန်ပြော၏။ သူတို့ လိုက်ရှာသော်လည်း မတွေ့သဖြင့် ဂျေရုဆလင်မြို့သို့ ပြန်သွားကြ၏။
ညဥ့်နက်တံခါးပိတ်ခါနီးတွင် သူတို့ထွက်သွားကြပါ၏။ အဘယ်အရပ်သို့သွားကြသည်ကို မသိပါ။ သူတို့နောက်သို့ အလျင်အမြန်လိုက်ကြပါလော့။ မီကောင်းမီနိုင်လိမ့်မည်”ဟု ဆိုလေ၏။
သို့သော် ရှောလုမင်းကြီးက “သူ့ကိုအိပ်ရာနှင့်တကွ ငါ့ထံသို့ ခေါ်လာခဲ့ပါ။ သူ့ကို ငါသတ်မည်”ဟု ဆိုပြီး ဒါဝိဒ်ကို သွားကြည့်ရန် တမန်တို့ကို စေလွှတ်ပြန်၏။
ရှောလုမင်းကြီးသည် တမန်တို့ကိုစေလွှတ်၍ ဒါဝိဒ်ကို ဖမ်းဆီးစေ၏။ သို့သော် ရှမွေလဦးဆောင်သည့်ပရောဖက်တစ်စု ပရောဖက်ပြုနေကြသည်ကိုသာ တွေ့ရ၏။ ထို့ပြင် ဘုရားသခင်၏ဝိညာဉ်တော်သည် ရှောလုမင်းကြီး၏လူတို့အပေါ် သက်ရောက်သဖြင့် သူတို့လည်း ပရောဖက်ပြုကြလေ၏။