အဗရှလုံ၏လူတို့က ထိုမိန်းမ၏အိမ်သို့ရောက်လာပြီး “အဟိမတ်နှင့် ယောနသန်ကား အဘယ်မှာနည်း”ဟု မေးလျှင် ထိုမိန်းမက “ချောင်းကို ကူးသွားကြပြီ”ဟု ပြန်ပြော၏။ သူတို့ လိုက်ရှာသော်လည်း မတွေ့သဖြင့် ဂျေရုဆလင်မြို့သို့ ပြန်သွားကြ၏။
၁ ရာ 19:12 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် မိခါလသည် ဒါဝိဒ်ကို ပြတင်းပေါက်မှ လျှောချပေးသဖြင့် ဒါဝိဒ် ထွက်ပြေးလွတ်မြောက်သွား၏။ Common Language Bible ဒါဝိဒ်ကိုပြူတင်းပေါက်မှလျောချပေးလေ သည်။ ဒါဝိဒ်သည်ထွက်ပြေးလွတ်မြောက်သွား ၏။- Garrad Bible ပြူ တင်း ပေါက် မှ ဆင်း စေ သ ဖြင့် ဒါ ဝိဒ် ပြေး သွား၍ ဘေး လွတ် လေ၏။ Judson Bible ဒါဝိဒ်ကို ပြတင်းပေါက်မှလျှော့ချ၍ သူသည် အလွတ်ထွက်ပြေးလေ၏။ |
အဗရှလုံ၏လူတို့က ထိုမိန်းမ၏အိမ်သို့ရောက်လာပြီး “အဟိမတ်နှင့် ယောနသန်ကား အဘယ်မှာနည်း”ဟု မေးလျှင် ထိုမိန်းမက “ချောင်းကို ကူးသွားကြပြီ”ဟု ပြန်ပြော၏။ သူတို့ လိုက်ရှာသော်လည်း မတွေ့သဖြင့် ဂျေရုဆလင်မြို့သို့ ပြန်သွားကြ၏။
ဖြောင့်မတ်သောသူသည် ဒုက္ခများစွာခံရသော်လည်း ထိုဒုက္ခအားလုံးထဲမှ သူ့ကို ထာဝရဘုရားကယ်နုတ်တော်မူ၏။
ရာခပ်၏အိမ်သည် မြို့ရိုးတွင်ရှိ၏။ သူသည် မြို့ရိုးတွင် နေထိုင်သောကြောင့် ထိုသူတို့ကို ပြတင်းပေါက်မှ ကြိုးဖြင့်လျှောချပေး၍
ရှောလုမင်းကြီး၏သားများမှာ ယောနသန်၊ ဣရွှိ၊ မေလခိရွှ တို့ဖြစ်ကြ၏။ သမီးနှစ်ဦးရှိ၍ သမီးကြီး၏အမည်မှာ မေရပ် ဟုခေါ်ပြီး သမီးငယ်၏အမည်မှာ မိခါလ ဟုခေါ်၏။