ဒါဝိဒ်မင်းကြီးကလည်း “ကောင်းပြီ။ သင်နှင့် မဟာမိတ်ဖွဲ့မည်။ သို့ရာတွင် သင့်ကို တစ်ခုတောင်းဆိုမည်။ ငါ့ထံသို့ သင်လာသောအခါ ရှောလုမင်းကြီး၏သမီး မိခါလကို မခေါ်လာလျှင် ငါ့မျက်နှာကို သင်မြင်ရမည်မဟုတ်”ဟု ပြန်ပြော၏။
၁ ရာ 19:11 - မြန်မာ့စံမီသမ္မာကျမ်း ရှောလုမင်းကြီးသည် နံနက်ရောက်လျှင် ဒါဝိဒ်ကိုသတ်ရန် တမန်တို့ကိုစေလွှတ်၍ ဒါဝိဒ်၏အိမ်ကို စောင့်ကြည့်စေ၏။ ထိုအခါ ဒါဝိဒ်၏မယားမိခါလက “ယခုညတွင် သင်အသက်လွတ်အောင်မပြေးလျှင် မနက်ဖြန်တွင် သင်အသတ်ခံရလိမ့်မည်”ဟု ပြော၏။ Common Language Bible ထိုညဥ့်၌ပင်လျှင်ဒါဝိဒ်၏အိမ်ကိုစောင့်ကြည့် ရန်နှင့် နောက်တစ်နေ့နံနက်၌ဒါဝိဒ်ကိုသတ် ရန်ရှောလုသည် လူအချို့တို့ကိုစေလွှတ်လိုက်၏။ ဒါဝိဒ်၏ဇနီးမိခါလသည်ဒါဝိဒ်အား``အရှင်၊ သင်သည်ယနေ့ညဥ့်၌ပင်ထွက်ပြေးပါလော့။ သို့မဟုတ်ပါကနက်ဖြန်ခါအသတ်ခံရပါ လိမ့်မည်'' ဟုသတိပေးပြီးနောက်၊- Garrad Bible လှံ တော် ကား နန်း နံ ရံ ကို စူး ဝင် လေ သ တည်း။ ရှော လု မင်း သည် ဒါ ဝိဒ် ကို ချောင်း မြောင်း၍ နံ နက် အ ချိန် သတ် ရန် နေ အိမ် သို့ လူ လွှတ် ထား ကြောင်း ဒါ ဝိဒ် အား မ ယား မိ ခါ လ ဖော် ပြ လျက် အ ရှင် သည် ယ နေ့ ညဉ့် အ သက် လွတ် အောင် မ ကြံ လျှင် နံ နက် အ ချိန် သေ ရ တော့ မည် ဟု ဆို ပြီး မှ Judson Bible ရှောလုသည် သူ့ကိုစောင့်၍ နံနက်ချိန်၌ သတ်စေခြင်းငှာ သူ့အိမ်သို့လူကိုစေလွှတ်၏။ ဒါဝိဒ်မယား မိခါလက၊ သင်သည် ယနေ့ညမှာ ကိုယ်အသက်ကို မကယ်မလျှင်၊ နက်ဖြန်နေ့၌ အသေခံရလိမ့်မည်ဟုဆိုလျက်၊ |
ဒါဝိဒ်မင်းကြီးကလည်း “ကောင်းပြီ။ သင်နှင့် မဟာမိတ်ဖွဲ့မည်။ သို့ရာတွင် သင့်ကို တစ်ခုတောင်းဆိုမည်။ ငါ့ထံသို့ သင်လာသောအခါ ရှောလုမင်းကြီး၏သမီး မိခါလကို မခေါ်လာလျှင် ငါ့မျက်နှာကို သင်မြင်ရမည်မဟုတ်”ဟု ပြန်ပြော၏။
“ဤမြို့သို့ ရှံဆုန်ရောက်လာပြီ”ဟူသောသတင်းကို ဂါဇမြို့သားတို့ ကြားသိသောအခါ ထိုနေရာကိုဝိုင်းထား၍ မြို့တံခါး၌ တစ်ညလုံးချောင်းမြောင်းနေကြ၏။ သူတို့က “နံနက်မိုးလင်းလျှင် သူ့ကို ငါတို့သတ်မည်”ဟု ဆိုလျက် တစ်ညလုံး တိတ်ဆိတ်စွာနေကြ၏။
ရှောလုမင်းကြီးသည် တမန်တို့ကိုစေလွှတ်၍ ဒါဝိဒ်ကို ဖမ်းဆီးစေ၏။ သို့သော် ရှမွေလဦးဆောင်သည့်ပရောဖက်တစ်စု ပရောဖက်ပြုနေကြသည်ကိုသာ တွေ့ရ၏။ ထို့ပြင် ဘုရားသခင်၏ဝိညာဉ်တော်သည် ရှောလုမင်းကြီး၏လူတို့အပေါ် သက်ရောက်သဖြင့် သူတို့လည်း ပရောဖက်ပြုကြလေ၏။
ယေရှဲ၏သားသည် မြေကြီးပေါ်တွင် အသက်ရှင်သမျှကာလပတ်လုံး သင်နှင့် သင့်နိုင်ငံ တည်မြဲမည်မဟုတ်။ ယခုချက်ချင်း သူ့ကို လူလွှတ်ခေါ်စေ။ သူသည် သေသင့်သောသူဖြစ်၏”ဟု ဆို၏။