အသစ်သောချပ်ဝတ်တန်ဆာကို ဝတ်ဆင်ပြီး ရှယ်ကယ်သုံးရာလေးသောကြေးနီလှံတံကိုကိုင်ဆောင်သည့် ရေဖိမ်အနွယ်ဝင် ဣရှဗိဗေနုပ်သည် ဒါဝိဒ်မင်းကြီးကို သတ်မည်ပြု၏။
၁ ရာ 17:7 - မြန်မာ့စံမီသမ္မာကျမ်း သူ၏လှံရိုးမှာ ရက်ကန်းလိပ်တုံးတမျှရှိ၍ လှံသွားအလေးချိန်မှာ သံရှယ်ကယ်ခြောက်ရာ ရှိ၏။ သူ့ရှေ့တွင် ဒိုင်းလွှားကိုင်သူတစ်ဦး ပါရှိ၏။ Common Language Bible သူ၏လက်ထိုးလှံအရိုးသည်ယက်ကန်းလက် လိပ်တန်တမျှကြီး၏။ သံလှံသွားမှာလည်း တစ်ဆယ့်ငါးပေါင်ခန့်လေးသည်။ သူ၏ဒိုင်း လွှားကိုကိုင်ဆောင်သူစစ်သည်ကသူ၏ရှေ့ မှသွားရ၏။- Garrad Bible ထို လှံ ကား သံ ချိန် ခြောက် ပိဿာ စီး သော အ သွား၊ ရက် ကန်း လက် လိပ် နှင့် အ မျှ အ ရိုး ရှိ သ တည်း။ ဒိုင်း လွှား ကိုင် တစ် ယောက် လည်း သူ့ ရှေ့ က သွား ရ၏။ Judson Bible လှံရိုးကား ရက်ကန်းလက်လိပ်နှင့် အမျှကြီး၏။ လှံကိုယ်ကား သံခြောက်ပိဿာအချိန် ရှိ၏။ သူ့ရှေ့မှာဒိုင်းလွှားကို ဆောင်သောသူတစ်ယောက်သည် သွားရ၏။ |
အသစ်သောချပ်ဝတ်တန်ဆာကို ဝတ်ဆင်ပြီး ရှယ်ကယ်သုံးရာလေးသောကြေးနီလှံတံကိုကိုင်ဆောင်သည့် ရေဖိမ်အနွယ်ဝင် ဣရှဗိဗေနုပ်သည် ဒါဝိဒ်မင်းကြီးကို သတ်မည်ပြု၏။
ထို့နောက်တွင် ဂေါဘမြို့၌ ဖိလိတ္တိလူမျိုးတို့နှင့် တိုက်ပွဲထပ်ဖြစ်ပြန်ရာ ဗက်လင်မြို့သား၊ ယာဣရု၏သား ဧလဟာနန်သည် ယက်ကန်းလိပ်တမျှကြီးသောလှံရိုးကို ကိုင်ဆောင်သည့် ဂိတ္တိလူမျိုး ဂေါလျတ်ကို သတ်လိုက်၏။
သူသည် အရပ်ငါးတောင်ရှိသောအီဂျစ်အမျိုးသားတစ်ယောက်ကိုလည်း သတ်ခဲ့၏။ ရက်ကန်းလိပ်တုံးတမျှကြီးသောလှံကိုကိုင်ထားသော ထိုအီဂျစ်အမျိုးသားအား သူသည် ကြိမ်လုံးဖြင့်သာ သွား၍တိုက်ခိုက်၏။ အီဂျစ်အမျိုးသား၏လက်မှ လှံကိုလုယူ၍ ထိုလှံဖြင့်ပင် ထိုသူကို ထိုးသတ်လေ၏။
ထို့နောက်တွင် ဖိလိတ္တိလူမျိုးတို့နှင့် တိုက်ပွဲထပ်ဖြစ်ပြန်ရာ ယာဣရ၏သား ဧလဟာနန်သည် ယက်ကန်းလိပ်တမျှကြီးသောလှံရိုးကို ကိုင်ဆောင်သည့် ဂိတ္တိလူမျိုးဂေါလျတ်၏ညီ လာခမိကို သတ်လိုက်၏။
ထိုဖိလိတ္တိပြည်သားသည် ဒါဝိဒ်ထံသို့ချဉ်းကပ်လာ၏။ ဒိုင်းလွှားကိုင်သူလည်း သူ့ရှေ့မှ သွား၏။