အစ္စရေးအမျိုးသားတို့သည် ဖိလိတ္တိလူမျိုးတို့ကို လိုက်လံတိုက်ခိုက်ရာမှပြန်လာပြီး သူတို့၏တပ်စခန်းတို့ကိုလည်း ဝင်ရောက်လုယက်ကြ၏။
ဣသရေလအမျိုးသားတို့သည်လိုက်လံ တိုက်ခိုက်ရာမှပြန်လာကြပြီးနောက် ဖိလိတ္တိ တပ်စခန်းကိုဝင်ရောက်လုယက်ကြလေသည်။-
ဣ သ ရေ လ တပ် သည် ဖိ လိ တ္တိ တပ် ကို လိုက် လံ ရာ မှ ပြန် လာ ပြီး လျှင် သူ တို့ တပ် စ ခန်း ရှိ ရိ က္ခာ များ ကို သိမ်း ယူ ကြ၏။
ဣသရေလ အမျိုးသားတို့သည် ဖိလိတ္တိလူတို့ကို လိုက်ရာမှ ပြန်လာ၍ သူတို့တဲများကို လုယူကြ၏။
သူသည် မဆုတ်ဘဲ လက်ကိုဓားမှပြန်ခွာ၍မရအောင် လက်အန်သေသည်အထိ ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်ခဲ့၏။ ထိုနေ့တွင် ထာဝရဘုရားသည် ကြီးမားသောအောင်ပွဲကို ရစေတော်မူ၏။ စစ်သည်တို့သည်ပင် တိုက်ရာပါပစ္စည်းများကို သိမ်းယူဖို့ရန် ပြန်လှည့်လာကြရ၏။
သင့်ကို ဝါးမျိုသောသူအပေါင်းတို့သည် ဝါးမျိုခြင်းကိုခံရလိမ့်မည်။ သင်၏ရန်သူအပေါင်းတို့သည် တစ်ယောက်မကျန် ဖမ်းခေါ်သွားရာသို့ လိုက်ပါရလိမ့်မည်။ သင့်ကို တိုက်ခိုက်လုယက်သောသူတို့သည်လည်း တိုက်ခိုက်လုယက်ခြင်းခံရမည်။ သင့်ကို သိမ်းပိုက်သောသူအပေါင်းတို့သည် သိမ်းပိုက်ခြင်းခံရမည်”ဟု မိန့်တော်မူ၏။
ပျက်စီးခြင်းတစ်ခုပြီးတစ်ခု လိုက်လာပြီ။ တစ်ပြည်လုံး ဖျက်ဆီးခြင်းခံရပြီ။ ငါ့တဲတို့သည် ရုတ်တရက်ဖျက်ဆီးခြင်းခံရပြီ။ ငါ့ရွက်ထည်တို့သည် တစ်ခဏချင်းတွင် ဖျက်ဆီးခြင်းခံရပြီ။
ထိုအခါ အစ္စရေးအမျိုးသားနှင့်ယုဒအမျိုးသားတို့သည် ထ၍ကြွေးကြော်လျက် ဖိလိတ္တိလူမျိုးတို့ကို ချိုင့်ဝှမ်းတိုင်အောင်လည်းကောင်း၊ ဧကြုန်မြို့တံခါးတိုင်အောင်လည်းကောင်း လိုက်လံတိုက်ခိုက်ကြရာ အသတ်ခံရသောဖိလိတ္တိလူမျိုးတို့သည် ရှာရိမ်မြို့မှစ၍ ဂါသမြို့နှင့်ဧကြုန်မြို့တိုင်အောင် လမ်းတစ်လျှောက်တွင် လဲကျလျက်ရှိနေကြ၏။
ဒါဝိဒ်သည်လည်း ထိုဖိလိတ္တိပြည်သား၏ဦးခေါင်းကို ယူပြီး ဂျေရုဆလင်မြို့သို့ ယူလာ၏။ ထိုသူ၏လက်နက်တို့ကိုမူ မိမိတဲ၌ထားလေ၏။
သူသည် အသက်ကိုရင်းပြီး ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်ခဲ့၏။ ထာဝရဘုရားသည် အစ္စရေးလူမျိုးအပေါင်းတို့အတွက် အောင်ပွဲကြီးကို ဆောင်ကြဉ်းပေးခဲ့သည်ကိုလည်း အရှင်မင်းကြီးမြင်၍ ဝမ်းမြောက်ခဲ့ပါ၏။ သို့ဖြစ်လျက် ဒါဝိဒ်ကို အကြောင်းမရှိဘဲ သတ်ဖြတ်ပြီး အပြစ်မဲ့သောသူကို အဘယ်ကြောင့် ပြစ်မှားရမည်နည်း”ဟု ဆို၏။