အစ္စရေးလူမျိုးတို့အား စိန်ခေါ်သဖြင့် ဒါဝိဒ်မင်းကြီး၏အစ်ကို ရှိမာ၏သားယောနသန်သည် သူ့ကို သတ်လိုက်လေ၏။
၁ ရာ 17:3 - မြန်မာ့စံမီသမ္မာကျမ်း ဖိလိတ္တိလူမျိုးတို့သည် တောင်တစ်ဖက်တွင် တပ်ချ၍ အစ္စရေးလူမျိုးတို့သည် အခြားတောင်တစ်ဖက်တွင် တပ်ချကြ၏။ သူတို့ကြားတွင် ချိုင့်ဝှမ်းရှိ၏။ Common Language Bible ဖိလိတ္တိအမျိုးသားတို့ကတောင်ကုန်းတစ်ခု ပေါ်တွင်လည်းကောင်း၊ ဣသရေလအမျိုးသား တို့ကအခြားတောင်ကုန်းတစ်ခုပေါ်တွင် လည်းကောင်းနေရာယူထားကြ၏။ သူတို့၏ စပ်ကြားတွင်ကားချိုင့်ဝှမ်းခံလျက်နေသတည်း။ Garrad Bible ဖိ လိ တ္တိ တပ် သည် ချိုင့် တစ် ဖက် တောင် ပေါ် တွင်လည်း ကောင်း၊ ဣ သ ရေ လ တပ် သည် ချိုင့် တစ် ဘက် တောင် ပေါ် တွင် လည်း ကောင်း၊ ရပ် တန့် ကြ သ တည်း။ Judson Bible ဖိလိတ္တိလူအချို့တို့သည် ချိုင့်တစ်ဖက်၌ တောင်ပေါ်မှာရပ်လျက်၊ ဣသရေလလူအချို့တို့သည် ချိုင့်တစ်ဖက်၌ တောင်ပေါ်မှာ ရပ်လျက်ရှိကြ၏။ |
အစ္စရေးလူမျိုးတို့အား စိန်ခေါ်သဖြင့် ဒါဝိဒ်မင်းကြီး၏အစ်ကို ရှိမာ၏သားယောနသန်သည် သူ့ကို သတ်လိုက်လေ၏။
ရှောလုမင်းကြီးနှင့် အစ္စရေးအမျိုးသားတို့မူကား ဧလာချိုင့်တွင် စုဝေးစခန်းချကြပြီး ဖိလိတ္တိလူမျိုးတို့ကို ရင်ဆိုင်တိုက်ခိုက်ရန် စစ်ရေးပြင်ဆင်ကြ၏။
ဖိလိတ္တိတပ်စခန်းဘက်မှ ဂေါလျတ်ဟုအမည်ရှိ၍ အရပ်ခြောက်တောင်တစ်ထွာရှိသော ဂါသမြို့သား လူစွမ်းကောင်းတစ်ဦး ထွက်လာ၏။