ဖခင်ကလည်း “ယခု သွား၍ သင့်အစ်ကိုတို့၏အခြေအနေ၊ သိုးဆိတ်တို့၏အခြေအနေကို ကြည့်ရှုပြီးလျှင် ငါ့ကိုပြန်လာပြောပြလော့”ဟု ဆိုပြီး သူ့ကိုဟေဗြုန်ချိုင့်ဝှမ်းမှစေလွှတ်လိုက်၏။ ယောသပ်သည် ရှေခင်မြို့သို့ရောက်ပြီး
၁ ရာ 17:22 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်သည် သူနှင့်အတူပါလာသောပစ္စည်းများကို ပစ္စည်းထိန်းလက်၌ အပ်ထားခဲ့ပြီး စစ်မြေပြင်သို့ပြေးသွားကာ အစ်ကိုတို့ကို သွား၍တွေ့ဆုံနှုတ်ဆက်၏။ Common Language Bible ဒါဝိဒ်သည်မိမိယူဆောင်လာသည့်အစားအစာ များကို ရိက္ခာတာဝန်ခံထံတွင်အပ်ထား၍စစ် မြေပြင်သို့ပြေးသွား၏။ ထိုနောက်မိမိ၏ အစ်ကိုများထံသွားရောက်နှုတ်ဆက်၏။- Garrad Bible ဒါ ဝိဒ် သည် ပါ သော ရိ က္ခာ ကို စ ခန်း စောင့် ထံ အပ် ပြီး မှ၊ ဗိုလ် ထု ရှိ ရာ သို့ လိုက် ပြေး၍ အစ် ကို တို့ ကို နှုတ် ဆက် စ ကား ပြော စဉ် အ ခါ Judson Bible ဒါဝိဒ်သည် မိမိ၌ပါသောအရာတို့ကို ရိက္ခာစောင့်လက်၌ အပ်ထားပြီးလျှင်၊ တပ်သားစုထဲသို့ပြေး၍ မိမိအစ်ကိုတို့ကို နှုတ်ဆက်၏။ |
ဖခင်ကလည်း “ယခု သွား၍ သင့်အစ်ကိုတို့၏အခြေအနေ၊ သိုးဆိတ်တို့၏အခြေအနေကို ကြည့်ရှုပြီးလျှင် ငါ့ကိုပြန်လာပြောပြလော့”ဟု ဆိုပြီး သူ့ကိုဟေဗြုန်ချိုင့်ဝှမ်းမှစေလွှတ်လိုက်၏။ ယောသပ်သည် ရှေခင်မြို့သို့ရောက်ပြီး
ဥရိယရောက်လာသောအခါ ဒါဝိဒ်မင်းကြီးသည် ယွာဘနှင့် စစ်သည်တို့၏အခြေအနေ၊ စစ်ပွဲအခြေအနေ တို့ကို မေးမြန်း၏။
ထို့ကြောင့် မောရှေသည် မိမိယောက္ခမကိုကြိုဆိုရန်ထွက်လာ၍ သူ့ရှေ့၌ပျပ်ဝပ်ပြီး သူ့အားနမ်းလေ၏။ သူတို့သည် တစ်ဦးနှင့်တစ်ဦး သာကြောင်းမာကြောင်းမေးမြန်းပြီးလျှင် တဲထဲသို့ဝင်ကြ၏။
သူသည် အာဣမြို့သို့ရောက်လေပြီ။ မိဂရုန်မြို့ကိုဖြတ်သွားပြီ။ မိတ်မတ်မြို့၌ သူ၏အထုပ်အပိုးများကို ချထားပြီ။
ထို့ကြောင့် သူတို့သည် လေဝိလူငယ်နေထိုင်ရာ မိက္ခာ၏အိမ်သို့ဝင်ပြီး သူ့အား သာကြောင်းမာကြောင်းနှုတ်ဆက်ကြ၏။
သူတို့သည် ကလေးများ၊ ဝန်စည်စလယ်တင်သောတိရစ္ဆာန်များကို ရှေ့ဆုံးမှသွားစေ၍ ခရီးဆက်ကြ၏။
အစ္စရေးလူမျိုးနှင့် ဖိလိတ္တိလူမျိုးတို့သည် မျက်နှာချင်းဆိုင် စစ်ခင်းကျင်းနေကြ၏။
ငယ်သားဆယ်ဦးကို လွှတ်၍ ဒါဝိဒ်က ထိုငယ်သားတို့အား “ကရမေလမြို့သို့ တက်သွားပြီး နာဗလထံသို့ သွားကြလော့။ ငါ့ကိုယ်စား သူ့ကို နှုတ်ဆက်ကြလော့။
မောပန်း၍ ဒါဝိဒ်နောက်သို့မလိုက်နိုင်တော့ဘဲ ဗေသော်ချောင်းနားတွင်နေခဲ့သော လူနှစ်ရာတို့ရှိရာသို့ ဒါဝိဒ်ပြန်ရောက်လာသောအခါ သူတို့သည် ဒါဝိဒ်နှင့် သူနှင့်အတူပြန်လာသောလူတို့ကို ကြိုဆိုရန် ထွက်လာကြ၏။ ဒါဝိဒ်သည် သူတို့အနီးသို့ရောက်လာ၍ သူတို့အား နှုတ်ဆက်စကားပြောဆိုလေ၏။